
နာမည်ကျော်နည်းပြကြီးမော်ရင်ဟို စီးရီးအေကလပ်ရိုးမားအသင်းနည်းပြအဖြစ်
ဆောင်ရွက်တာ (၆)လသာရှိပေမယ့် အခု နိုက်ဂျီးရီးယားအသင်းနည်းပြရာထူး
အတွက်ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။
နိုက်ဂျီးရီးယားအသင်းဟာ လာမယ့်နှစ်၊ ဇန်နဝါရီမှာကျင်းပမယ့် အာဖရိက
နိုင်ငံများဖလားပြိုင်ပွဲမတိုင်ခင် နည်းပြဂါနော့တ်ရိုအာနဲ့လမ်းခွဲခဲ့ပြီး နိုက်ဂျီးရီးယား
ဘောလုံးအဖွဲ့ချုပ်ဥက္ကဌအမာဂျူပင်နစ်ခ်ဟာ အာဖရိကနိုင်ငံများဖလား
ချန်ပီယံဆုကို မိခင်နိုင်ငံဆီ သယ်ဆောင်နိုင်အောင်စွမ်းဆောင်နိုင်မယ့် ထိပ်တန်း
နည်းပြတစ်ဦးခန့်အပ်ဖို့ပစ်မှတ်ထားနေတာပါ။ ပင်နစ်ခ်က ရည်မှန်းချက်ကြီးတဲ့
လူတစ်ယောက်ဖြစ်တာကြောင့် အခု ရီးယဲလ်၊ ချယ်လ်ဆီး၊ စပါးနည်းပြဟောင်း
မော်ရင်ဟိုကို လက်ရွေးစင်အသင်းနည်းပြသစ်ခန့်ဖို့ဆွေးနွေးနေပြီဆိုပြီးတော့
နိုက်ဂျီးရီးယားပြည်တွင်းသတင်းစာ Daily Trust နဲ့ အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။
ပင်နစ်ခ်က “နည်းပြသစ်အတွက် အရေးပါတဲ့အရည်အချင်းက စည်းကမ်းပိုင်း
တင်းကျပ်တဲ့သူမျိုးဖြစ်ဖို့လိုပါတယ်။ နောက်ပြီး နည်းပြသစ်က ဆုဖလား
အောင်မြင်မှုဆာလောင်ပြင်းထန်တဲ့သူဖြစ်ဖို့ လိုအပ်သလို အဲဒါမှလည်း
တစ်သင်းလုံးကို အကောင်းဆုံးဖြစ်အောင် ဦးဆောင်နိုင်မှာပါ။ အသင်းနည်းပြသစ်
ရာထူးအတွက် ကျွန်တော် မော်ရင်ဟိုနဲ့တွေ့ဆုံခဲ့ပြီး အားကစားဝန်ကြီးကလည်း
မော်ရင်ဟိုနဲ့တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။
ဒါက ဘာမှ,မှားယွင်းတဲ့လုပ်ရပ်လို့ ကျွန်တော်မထင်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့မေလကမှ ရိုးမားအသင်းနဲ့(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး
လာမယ့်နှစ်တွေအတွင်း အသင်းကို ဆုဖလားအောင်မြင်မှုရအောင် တည်ဆောက်
သွားဖို့ပြင်ဆင်နေတဲ့အတွက် နိုက်ဂျီးရီးယားအသင်းနည်းပြသစ်ဖြစ်လာဖို့က
ရာခိုင်နှုန်းအတော်နည်းတယ်လို့ပြောရမှာပါ။
Zawgyi
႐ိုးမားကို စြန္႔ခြာေတာ့မွာလား .. ေမာ္ရင္ဟို
နာမည္ေက်ာ္နည္းျပႀကီးေမာ္ရင္ဟို စီးရီးေအကလပ္႐ိုးမားအသင္းနည္းျပအျဖစ္
ေဆာင္႐ြက္တာ (၆)လသာရွိေပမယ့္ အခု ႏိုက္ဂ်ီးရီးယားအသင္းနည္းျပရာထူး
အတြက္ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေနပါတယ္။
ႏိုက္ဂ်ီးရီးယားအသင္းဟာ လာမယ့္ႏွစ္၊ ဇန္နဝါရီမွာက်င္းပမယ့္ အာဖရိက
ႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမတိုင္ခင္ နည္းျပဂါေနာ့တ္႐ိုအာနဲ႔လမ္းခြဲခဲ့ၿပီး ႏိုက္ဂ်ီးရီးယား
ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌအမာဂ်ဴပင္နစ္ခ္ဟာ အာဖရိကႏိုင္ငံမ်ားဖလား
ခ်န္ပီယံဆုကို မိခင္ႏိုင္ငံဆီ သယ္ေဆာင္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္မယ့္ ထိပ္တန္း
နည္းျပတစ္ဦးခန႔္အပ္ဖို႔ပစ္မွတ္ထားေနတာပါ။ ပင္နစ္ခ္က ရည္မွန္းခ်က္ႀကီးတဲ့
လူတစ္ေယာက္ျဖစ္တာေၾကာင့္ အခု ရီးယဲလ္၊ ခ်ယ္လ္ဆီး၊ စပါးနည္းျပေဟာင္း
ေမာ္ရင္ဟိုကို လက္ေ႐ြးစင္အသင္းနည္းျပသစ္ခန႔္ဖို႔ေဆြးေႏြးေနၿပီဆိုၿပီးေတာ့
ႏိုက္ဂ်ီးရီးယားျပည္တြင္းသတင္းစာ Daily Trust နဲ႔ အင္တာဗ်ဴးမွာေျဖၾကားခဲ့ပါတယ္။
ပင္နစ္ခ္က “နည္းျပသစ္အတြက္ အေရးပါတဲ့အရည္အခ်င္းက စည္းကမ္းပိုင္
းတင္းက်ပ္တဲ့သူမ်ိဳးျဖစ္ဖို႔လိုပါတယ္။ ေနာက္ၿပီး နည္းျပသစ္က ဆုဖလား
ေအာင္ျမင္မႈဆာေလာင္ျပင္းထန္တဲ့သူျဖစ္ဖို႔ လိုအပ္သလို အဲဒါမွလည္း
တစ္သင္းလုံးကို အေကာင္းဆုံးျဖစ္ေအာင္ ဦးေဆာင္ႏိုင္မွာပါ။ အသင္းနည္းျပသစ္
ရာထူးအတြက္ ကြၽန္ေတာ္ ေမာ္ရင္ဟိုနဲ႔ေတြ႕ဆုံခဲ့ၿပီး အားကစားဝန္ႀကီးကလည္း
ေမာ္ရင္ဟိုနဲ႔ေတြ႕ဆုံစကားေျပာဆိုခဲ့ပါတယ္။
ဒါက ဘာမွ,မွားယြင္းတဲ့လုပ္ရပ္လို႔ ကြၽန္ေတာ္မထင္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။
ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ေမလကမွ ႐ိုးမားအသင္းနဲ႔(၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး
လာမယ့္ႏွစ္ေတြအတြင္း အသင္းကို ဆုဖလားေအာင္ျမင္မႈရေအာင္ တည္ေဆာက္
သြားဖို႔ျပင္ဆင္ေနတဲ့အတြက္ ႏိုက္ဂ်ီးရီးယားအသင္းနည္းျပသစ္ျဖစ္လာဖို႔က
ရာခိုင္ႏႈန္းအေတာ္နည္းတယ္လို႔ေျပာရမွာပါ။