
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းရီယိုဖာဒီနန်ကတစ်ခါတုန်းက
အင်္ဂလန်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲကစားပြီးပြန်လာစဉ်တစ်သင်းလုံး
အသက်သေဆုံးရမယ့်အရေးနှင့်ကြုံတွေ့ခဲ့ရကြောင်းဆိုသွားပါတယ်။
အင်္ဂလန်အသင်းဟာ၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ထွက်ခွာခဲ့ရပြီးနောက်
အထက်ပါအဖြစ်အပျက်ကြုံခဲ့ရတာပါ။ရီယိုဖာဒီနန်ဟာ
အထက်ပါအဖြစ်အပျက်ဆိုးကိုတစ်ခါမှမဖွင့်ဟခဲ့ဖူးပါဘူး။
အသက်၄၃နှစ်ရှိမန်ယူကစားသမားဟောင်းကဝိန်းရွန်းနီ၊စတီဗင်ဂျရတ်
အပါအဝင်အင်္ဂလန်ကစားသမားများဟာအသက်သေဆုံးရမယ့်အရေးကြောင့်
လေယာဉ်ပေါ်တွင်ငိုယိုခြင်း၊ဆုတောင်းခြင်းတို့ပြုလုပ်ခဲ့ကြကြောင်းဖွင့်ချလာပါတယ်။
ဖာဒီနန်က “ကျွန်တော်တို့ အဲဒီတုန်းက ကွာတားဖိုင်နယ်မှာ ပေါ်တူဂီကို ရှုံးပြီး
ကမ္ဘာ့ဖလားက ထွက်ခဲ့ရပါတယ်။ အပြန်လမ်းမှာလည်း ကျွန်တော်တို့အတွက်
အဆိုးရွားဆုံး လေကြောင်းလမ်းဖြစ်ခဲ့တာပေါ့။ ကျွန်တော်တို့က
တော်တော်လေးကို ဆိုးရွားတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ခဲ့ရပြီး လေယာဉ်ပေါ်
ပါလာတဲ့လူတိုင်းက လေယာဉ်ပျက်ကျတော့မယ်လို့ပဲ ထင်ခဲ့တာပါ။
အကုန်လုံးလည်း ငိုနေကြပါတယ်”
“ကျွန်တော်က ရွန်းနီတို့လင်မယား၊ ဂျရတ်တို့လင်မယားနဲ့
အနီးကပ်ထိုင်ပြီး လူတိုင်းက ထိတ်လန့်ခဲ့ကြပါတယ်။
ဘယ်လိုကြောက်လို့ကြောက်မှန်းတောင် မသိခဲ့ပါဘူး။ လူတွေ၊
ခရီးဆောင်အိတ်တွေ အားလုံးက နေရာအနှံ့ကို ရောက်နေပြီး
ဘာဆက်ဖြစ်မလဲ ဘယ်သူမှလည်း မသိတော့ပါဘူး။
ကျွန်တော်ကတော့ စစချင်းအဲ့ဒါပဲ တွေးခဲ့တာပါ”
“လေယာဉ်ဝန်ထမ်းတွေကိုလည်း ကြည့်လိုက်ရော သူတို့ရဲ့မျက်နှာတွေက
ဘယ်လောက်ကြောက်ဖို့ကောင်းနေလဲဆိုတာကို ခင်ဗျား သိသွားမှာပါ။
မျက်နှာသေကြီးနဲ့ သူတို့ ထိုင်ခုံမှာပဲ သူတို့ ထိုင်နေကြပြီး
ကျွန်တော်လည်း သွားပြီလို့ပဲထင်ခဲ့တာပေါ့ဗျာ”
“ကျွန်တော်က တော်တော်လေး အေးဆေးတည်ငြိမ်တဲ့လူမျိုးပါ။
ဒါပေမယ့် သူတို့ကိုမြင်လိုက်ချိန်မှာတော့ ကျွန်တော်ပါ
ကြောက်လန့်လာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့်
နောက်ဆုံးမှာတော့ဖာဒီနန်တို့ရဲ့ လေယာဉ်က ဘေးကင်းခဲ့ပါတယ်။
zawgyi
ရီယိုဖာဒီနန္က တစ္ခါတုန္းက အဂၤလန္အသင္း ကမာၻ႔ဖလားၿပိဳင္ပြဲၿပီး ျပန္လာစဥ္ တစ္သင္းလုံး အသက္ေသဆုံးရမယ့္အေရးႏွင့္ႀကဳံေတြ႕ခဲ့ရေၾကာင္း ဆို
အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းရီယိုဖာဒီနန္ကတစ္ခါတုန္းက
အဂၤလန္အသင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲကစားၿပီးျပန္လာစဥ္တစ္သင္းလုံး
အသက္ေသဆုံးရမယ့္အေရးႏွင့္ႀကဳံေတြ႕ခဲ့ရေၾကာင္းဆိုသြားပါတယ္။
အဂၤလန္အသင္းဟာ၂၀၀၆ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ထြက္ခြာခဲ့ရၿပီးေနာက္
အထက္ပါအျဖစ္အပ်က္ႀကဳံခဲ့ရတာပါ။ရီယိုဖာဒီနန္ဟာ
အထက္ပါအျဖစ္အပ်က္ဆိုးကိုတစ္ခါမွမဖြင့္ဟခဲ့ဖူးပါဘူး။
အသက္၄၃ႏွစ္ရွိမန္ယူကစားသမားေဟာင္းကဝိန္း႐ြန္းနီ၊စတီဗင္ဂ်ရတ္
အပါအဝင္အဂၤလန္ကစားသမားမ်ားဟာအသက္ေသဆုံးရမယ့္အေရးေၾကာင့္
ေလယာဥ္ေပၚတြင္ငိုယိုျခင္း၊ဆုေတာင္းျခင္းတို႔ျပဳလုပ္ခဲ့ၾကေၾကာင္းဖြင့္ခ်လာပါတယ္။
ဖာဒီနန္က “ကြၽန္ေတာ္တို႔ အဲဒီတုန္းက ကြာတားဖိုင္နယ္မွာ ေပၚတူဂီကို ရႈံးၿပီး
ကမာၻ႔ဖလားက ထြက္ခဲ့ရပါတယ္။ အျပန္လမ္းမွာလည္း ကြၽန္ေတာ္တို႔အတြက္
အဆိုး႐ြားဆုံး ေလေၾကာင္းလမ္းျဖစ္ခဲ့တာေပါ့။ ကြၽန္ေတာ္တို႔က
ေတာ္ေတာ္ေလးကို ဆိုး႐ြားတဲ့ ရာသီဥတုနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ေလယာဥ္ေပၚ
ပါလာတဲ့လူတိုင္းက ေလယာဥ္ပ်က္က်ေတာ့မယ္လို႔ပဲ ထင္ခဲ့တာပါ။
အကုန္လုံးလည္း ငိုေနၾကပါတယ္”
“ကြၽန္ေတာ္က ႐ြန္းနီတို႔လင္မယား၊ ဂ်ရတ္တို႔လင္မယားနဲ႔
အနီးကပ္ထိုင္ၿပီး လူတိုင္းက ထိတ္လန႔္ခဲ့ၾကပါတယ္။
ဘယ္လိုေၾကာက္လို႔ေၾကာက္မွန္းေတာင္ မသိခဲ့ပါဘူး။ လူေတြ၊
ခရီးေဆာင္အိတ္ေတြ အားလုံးက ေနရာအႏွံ႔ကို ေရာက္ေနၿပီး
ဘာဆက္ျဖစ္မလဲ ဘယ္သူမွလည္း မသိေတာ့ပါဘူး။
ကြၽန္ေတာ္ကေတာ့ စစခ်င္းအဲ့ဒါပဲ ေတြးခဲ့တာပါ”
“ေလယာဥ္ဝန္ထမ္းေတြကိုလည္း ၾကည့္လိုက္ေရာ သူတို႔ရဲ႕မ်က္ႏွာေတြက
ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းေနလဲဆိုတာကို ခင္ဗ်ား သိသြားမွာပါ။
မ်က္ႏွာေသႀကီးနဲ႔ သူတို႔ ထိုင္ခုံမွာပဲ သူတို႔ ထိုင္ေနၾကၿပီး
ကြၽန္ေတာ္လည္း သြားၿပီလို႔ပဲထင္ခဲ့တာေပါ့ဗ်ာ”
“ကြၽန္ေတာ္က ေတာ္ေတာ္ေလး ေအးေဆးတည္ၿငိမ္တဲ့လူမ်ိဳးပါ။
ဒါေပမယ့္ သူတို႔ကိုျမင္လိုက္ခ်ိန္မွာေတာ့ ကြၽန္ေတာ္ပါ
ေၾကာက္လန႔္လာခဲ့ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ဒါေပမယ့္
ေနာက္ဆုံးမွာေတာ့ဖာဒီနန္တို႔ရဲ႕ ေလယာဥ္က ေဘးကင္းခဲ့ပါတယ္။