ရီးယဲလ်နဲ့ဆုံတွေ့ခဲ့တဲ့သမိုင်းတစ်လျှောက် တစ်ခါမှရှုံးပွဲမရှိခဲ့းသေးတဲ့မှတ်တမ်းကို ချယ်လ်ဆီးဆက်ထိန်းနိုင်မလား

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ဘရန့်ဖို့ဒ်အသင်းကို

အိမ်ကွင်းမှာအရှက်တကွဲရလဒ်နဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့်

ပရိသတ်တွေက ချန်ပီယံလိဂ်ပွဲမှာအခြေအနေမကောင်းဖြစ်မှာကို စိုးရိမ်နေကြပေမယ့်

ရီးယဲလ်နဲ့ဆုံတွေ့ခဲ့တဲ့ Head To Head မှတ်တမ်းတွေအရ

စိတ်အေးရမယ့်အနေအထားမှာရှိနေပါတယ်။

လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်

ပထမအကျော့အဖြစ် ရီးယဲလ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး

(၆)ရက်အကြာမှာ အဝေးကွင်းပွဲသွားကစားရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရီးယဲလ်အသင်းက လာလီဂါချန်ပီယံဆုဆွတ်ခူးနိုင်ဖို့

အခြေအနေကောင်းနေပေမယ့် ချယ်လ်ဆီးအသင်းကတော့

အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်နဲ့ပတ်သက်ဆက်နွယ်ပြီး

ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရသလို ကွင်းတွင်းမှာလည်း

မကြာသေးခင်ကမှ ဂိုးပြတ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ဒါပေမဲ့လည်း ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်နဲ့ဆုံတွေ့ခဲ့တဲ့သမိုင်းတစ်လျှောက်

တစ်ခါမှရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲကစားတာမှာ (၃)ပွဲနိုင်၊

(၂)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဒီနှစ်သင်းက ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဆုံတွေ့ခဲ့ပြီး

ရီးယဲလ်အိမ်ကွင်းမှာ(၁-၁)ဂိုးစီသရေ၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့

ချယ်လ်ဆီးက(၂-၀)ဂိုးနဲ့အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ရီးယဲလ်အသင်းရဲ့အကောင်းဆုံးကာလတွေမှာ

ချယ်လ်ဆီးနဲ့ဆုံတွေ့ခဲ့ချိန်ကလည်း ရီးယဲလ်တို့ အသာမရခဲ့ပါဘူး။

၁၉၉၈ ဥရောပစူပါဖလားပွဲအဖြစ် ရီးယဲလ်နဲ့ချယ်လ်ဆီးတို့ရင်ဆိုင်ခဲ့တဲ့ပွဲမှာ

ချယ်လ်ဆီးအသင်းက နာမည်ကျော်ကွင်းလယ်လူဟောင်းပိုယက်ရဲ့

(၈၃)မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။ ၁၉၇၀-၇၁ ရာသီ

European Cup Winners Cup ဗိုလ်လုပွဲအဖြစ်ဆုံတွေ့ခဲ့ချိန်မှာလည်း

ပထမပွဲက အချိန်ပိုအပြီးအထိ (၁-၁)ဂိုးစီသရေကျနေတာကြောင့်

ဒုတိယပွဲအဖြစ်နောက်တစ်ကျော့ထပ်ကစားခဲ့ရပြီး

(အဲဒီအချိန်က ပယ်နယ်တီအဆုံးအဖြတ်ခံယူတဲ့စနစ်မရှိသေး)

ချယ်လ်ဆီးအသင်းက(၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

အဲဒါကြောင့် မနက်ဖြန်ကျရင် စတမ်းဖို့ဒ်ဘရစ်ချ်မှာကစားမယ့်

ချယ်လ်ဆီး-ရီးယဲလ်ပွဲမှာ ချယ်လ်ဆီးကပဲ မှတ်တမ်းကောင်းကို

ဆက်ထိန်းနိုင်မလား ..ရီးယဲလ်အသင်းကပဲ ချယ်လ်ဆီးကို

ပထမဆုံးနိုင်ပွဲရယူနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ . .။

zawgyi

ရီးယဲလ္နဲ႔ဆုံေတြ႕ခဲ့တဲ့သမိုင္းတစ္ေလွ်ာက္ တစ္ခါမွရႈံးပြဲမရွိခဲ့းေသးတဲ့မွတ္တမ္းကို ခ်ယ္လ္ဆီးဆက္ထိန္းႏိုင္မလား

ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့စေနေန႔က ဘရန႔္ဖို႔ဒ္အသင္းကို

အိမ္ကြင္းမွာအရွက္တကြဲရလဒ္နဲ႔ဂိုးျပတ္ရႈံးနိမ့္ခဲ့တာေၾကာင့္

ပရိသတ္ေတြက ခ်န္ပီယံလိဂ္ပြဲမွာအေျခအေနမေကာင္းျဖစ္မွာကို စိုးရိမ္ေနၾကေပမယ့္

ရီးယဲလ္နဲ႔ဆုံေတြ႕ခဲ့တဲ့ Head To Head မွတ္တမ္းေတြအရ

စိတ္ေအးရမယ့္အေနအထားမွာရွိေနပါတယ္။

လက္ရွိခ်န္ပီယံခ်ယ္လ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္

ပထမအေက်ာ့အျဖစ္ ရီးယဲလ္အသင္းကို အိမ္ကြင္းမွာလက္ခံကစားရမွာျဖစ္ၿပီး

(၆)ရက္အၾကာမွာ အေဝးကြင္းပြဲသြားကစားရမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ရီးယဲလ္အသင္းက လာလီဂါခ်န္ပီယံဆုဆြတ္ခူးႏိုင္ဖို႔

အေျခအေနေကာင္းေနေပမယ့္ ခ်ယ္လ္ဆီးအသင္းကေတာ့

အသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္နဲ႔ပတ္သက္ဆက္ႏြယ္ၿပီး

ျပစ္ဒဏ္ေတြခ်မွတ္ခံခဲ့ရသလို ကြင္းတြင္းမွာလည္း

မၾကာေသးခင္ကမွ ဂိုးျပတ္ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတာပါ။

ဒါေပမဲ့လည္း ခ်ယ္လ္ဆီးအသင္းဟာ ရီးယဲလ္နဲ႔ဆုံေတြ႕ခဲ့တဲ့သမိုင္းတစ္ေလွ်ာက္

တစ္ခါမွရႈံးပြဲမရွိခဲ့ဘဲ (၅)ပြဲကစားတာမွာ (၃)ပြဲႏိုင္၊

(၂)ပြဲသေရရလဒ္ထြက္ေပၚခဲ့ပါတယ္။

ဒီႏွစ္သင္းက ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ဆုံေတြ႕ခဲ့ၿပီး

ရီးယဲလ္အိမ္ကြင္းမွာ(၁-၁)ဂိုးစီသေရ၊ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာေတာ့

ခ်ယ္လ္ဆီးက(၂-၀)ဂိုးနဲ႔အႏိုင္ယူေက်ာ္ျဖတ္ခဲ့တာျဖစ္ပါတယ္။

ဒ့ါအျပင္ ရီးယဲလ္အသင္းရဲ႕အေကာင္းဆုံးကာလေတြမွာ

ခ်ယ္လ္ဆီးနဲ႔ဆုံေတြ႕ခဲ့ခ်ိန္ကလည္း ရီးယဲလ္တို႔ အသာမရခဲ့ပါဘူး။

၁၉၉၈ ဥေရာပစူပါဖလားပြဲအျဖစ္ ရီးယဲလ္နဲ႔ခ်ယ္လ္ဆီးတို႔ရင္ဆိုင္ခဲ့တဲ့ပြဲမွာ

ခ်ယ္လ္ဆီးအသင္းက နာမည္ေက်ာ္ကြင္းလယ္လူေဟာင္းပိုယက္ရဲ႕

(၈၃)မိနစ္မွာ သြင္းယူခဲ့တဲ့ဂိုးနဲ႔အႏိုင္ယူခဲ့ပါတယ္။ ၁၉၇၀-၇၁ ရာသီ

European Cup Winners Cup ဗိုလ္လုပြဲအျဖစ္ဆုံေတြ႕ခဲ့ခ်ိန္မွာလည္း

ပထမပြဲက အခ်ိန္ပိုအၿပီးအထိ (၁-၁)ဂိုးစီသေရက်ေနတာေၾကာင့္

ဒုတိယပြဲအျဖစ္ေနာက္တစ္ေက်ာ့ထပ္ကစားခဲ့ရၿပီး

(အဲဒီအခ်ိန္က ပယ္နယ္တီအဆုံးအျဖတ္ခံယူတဲ့စနစ္မရွိေသး)

ခ်ယ္လ္ဆီးအသင္းက(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

အဲဒါေၾကာင့္ မနက္ျဖန္က်ရင္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာကစားမယ့္

ခ်ယ္လ္ဆီး-ရီးယဲလ္ပြဲမွာ ခ်ယ္လ္ဆီးကပဲ မွတ္တမ္းေကာင္းကို

ဆက္ထိန္းႏိုင္မလား ..ရီးယဲလ္အသင္းကပဲ ခ်ယ္လ္ဆီးကို

ပထမဆုံးႏိုင္ပြဲရယူႏိုင္မလားဆိုတာေစာင့္ၾကည့္ရမွာပါ . .။