ရီးယဲလ်အသင်းဟာ ဟာဇက်အတွက်  မန်ချက်စတာယူနိုက်တက်အသင်းကို ကမ်းလှမ်းမှုပြုလုပ်ဖို့တိုက်တွန်းခဲ့

ရီးယဲလ်အသင်းဟာ သူတို့ရဲ့တောင်ပံတိုက်စစ်ကစားသမားဟာဇက်အတွက်

ကမ်းလှမ်းမှုပြုလုပ်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းကို တိုက်တွန်းခဲ့တယ်လို့

သတင်းထွက်နေပါတယ်။ အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်သူဟာဇက်ဟာ

ချယ်လ်ဆီးအသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉နှစ်အထိကစားခဲ့ပြီး

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်

ဖြစ်ခဲ့သလို အသင်းနဲ့အတူပရီးမီးယားလိဂ်ဖလား(၂)ကြိမ်၊ FA ဖလား(၁)ကြိမ်၊

လိဂ်ဖလား(၁)ကြိမ်၊ ယူရိုပါလိဂ်ဖလား(၂)ကြိမ်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်အသင်းဆီ ပေါင်(၈၉)သန်းနဲ့

ပြောင်းရွှေ့ခဲ့ချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့သာရုန်းကန်ခဲ့ရတာကြောင့် အခုလက်ရှိ

အချိန်အတွင်း အသင်းအတွက်ပြိုင်ပွဲစုံ(၅၃)ပွဲကစား၊ (၅)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ရီးယဲလ်အသင်းအနေနဲ့ ဟာဇက်ကို လာမယ့်ဇန်နဝါရီကာလအတွင်း

ရောင်းချသွားဖို့ပြင်ဆင်နေပြီး ယူနိုက်တက်အပါအဝင်ကလပ်(၄)သင်းဆီ

ဟာဇက်ကိုခေါ်ယူဖို့ကမ်းလှမ်းခဲ့တယ်လို့ နာမည်ကျော် ESPN သတင်းဌာနက

ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်၊ PSG အသင်းတို့ဟာ

ဟာဇက်ကိုခေါ်ယူဖို့ဆန္ဒမရှိသလို နယူးကာဆယ်လိုအသင်းတောင် ဟာဇက်ကို

ကမ်းလှမ်းဖို့အစီစဉ်မရှိဖြစ်နေပါတယ်။

zawgyi

ရီးယဲလ္အသင္းဟာ ဟာဇက္အတြက္  မန္ခ်က္စတာယူႏိုက္တက္အသင္းကို ကမ္းလွမ္းမႈျပဳလုပ္ဖို႔တိုက္တြန္းခဲ့

ရီးယဲလ္အသင္းဟာ သူတို႔ရဲ႕ေတာင္ပံတိုက္စစ္ကစားသမားဟာဇက္အတြက္

ကမ္းလွမ္းမႈျပဳလုပ္ဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကို တိုက္တြန္းခဲ့တယ္လို႔

သတင္းထြက္ေနပါတယ္။ အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူဟာဇက္ဟာ

ခ်ယ္လ္ဆီးအသင္းမွာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၉ႏွစ္အထိကစားခဲ့ၿပီး

ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးတိုက္စစ္ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္

ျဖစ္ခဲ့သလို အသင္းနဲ႔အတူပရီးမီးယားလိဂ္ဖလား(၂)ႀကိမ္၊ FA ဖလား(၁)ႀကိမ္၊

လိဂ္ဖလား(၁)ႀကိမ္၊ ယူ႐ိုပါလိဂ္ဖလား(၂)ႀကိမ္ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက ခ်ယ္လ္ဆီးအသင္းကေန ရီးယဲလ္အသင္းဆီ ေပါင္(၈၉)သန္းနဲ႔

ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာ ဒဏ္ရာျပႆနာေတြနဲ႔သာ႐ုန္းကန္ခဲ့ရတာေၾကာင့္ အခုလက္ရွိ

အခ်ိန္အတြင္း အသင္းအတြက္ၿပိဳင္ပြဲစုံ(၅၃)ပြဲကစား၊ (၅)ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။

ရီးယဲလ္အသင္းအေနနဲ႔ ဟာဇက္ကို လာမယ့္ဇန္နဝါရီကာလအတြင္း

ေရာင္းခ်သြားဖို႔ျပင္ဆင္ေနၿပီး ယူႏိုက္တက္အပါအဝင္ကလပ္(၄)သင္းဆီ

ဟာဇက္ကိုေခၚယူဖို႔ကမ္းလွမ္းခဲ့တယ္လို႔ နာမည္ေက်ာ္ ESPN သတင္းဌာနက

ေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့လည္း ယူႏိုက္တက္၊ ဘိုင္ယန္ျမဴးနစ္၊ PSG အသင္းတို႔ဟာ

ဟာဇက္ကိုေခၚယူဖို႔ဆႏၵမရွိသလို နယူးကာဆယ္လိုအသင္းေတာင္ ဟာဇက္ကို

ကမ္းလွမ္းဖို႔အစီစဥ္မရွိျဖစ္ေနပါတယ္။