ရီးရဲမက်ဒရစ်က အမ်ဘာပေအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်သွားဖို့ရှိ

ရီးရဲမက်ဒရစ် ဥက္ကဌ ဖရော်ရင်တီနို ပီရက်ဟာ ကိုင်လီယန် အမ်ဘာပေနဲ့ ပတ်သက်လို့ အင်္ဂါနေ့ညနေမှာ စတင်လှုပ်ရှားခဲ့ပါတယ်။

မက်ဒရစ်က တိုက်စစ်မှူးအတွက် ယူရို သန်း ၁၆၀ ( ပေါင် ၁၃၆.၉ သန်း ) နဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ယုံကြည်ရတဲ့ The Athletic သတင်းဌာနအရ ပီအက်စ်ဂျီက အင်္ဂါနေ့ ညနေထိ ရီးရဲမက်ဒရစ်အသင်းနဲ့ တိုက်ရိုက်ဆက်သွယ်ထားခြင်းမရှိသေးပေမယ့် အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချဖို့ရှိနေတယ်လို့ သိရပါတယ်။

ယခုနွေရာသီအတွင်း ကားလို့စ် အန်ဆလော့တီ ရီးရဲမက်ဒရစ်အသင်းနည်းပြချုပ်ဖြစ်လာချိန်မှာ ပီရက်စ်က သူ့အနေနဲ့ လာမယ့် ( ၁၂ )လ အပြောင်းအရေွ့ကာလတွေအတွင်း အမ်ဘာပေကို အဓိကပစ်မှတ်ထားခေါ်ယူပေးမယ်လို့ ကတိပေးထားပါတယ်။

မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက “ ဒါဟာ ဖလောရင်တီနိုရဲ့ လုံးဝ ရူးသွပ်စွဲလမ်းမှုတစ်ခုဖြစ်တယ်။”လို့ ဆိုထားပြီး ထပ်မံ ကမ်းလှမ်းမှုပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပီရက်စ်က အန်ဆလော့တီကို သူ့အနေနဲ့ ရီးရဲမက်ဒရစ်ရဲ့ ကာလရှည်ခံစစ်အတွဲဖြစ်တဲ့ ရာမို့စ် နှင့် ဗာရန်းတို့မပါပဲ နာချို ၊ မီလီတာအိုတို့နဲ့ ရာသီသစ်ကို စတင်ရမယ်လို့ နားချထားတာဖြစ်ပါတယ်။

မက်ဒရစ်က ရာမို့စ်တောင်းဆိုခဲ့တဲ့ စာချုပ်သက်တမ်းကြောင့် စပိန်လက်ရွေးစင်ကို အသင်းမှာဆက်ထိန်းထားနိုင်ခြင်းမရှိခဲ့ပဲ ဗာရန်းကိုလည်း အပိုဆုကြေးတွေအပါအဝင် ပေါင်သန်း ( ၄၀ ) ဝန်းကျင်ဖြင့် မန်ချက်စတာ ယူနိုက်တက်ထံရောင်းချခဲ့ပါတယ်။

zawgyi

ရီးရဲမက္ဒရစ္က အမ္ဘာေပအတြက္ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈျပဳလုပ္သြားဖို႔ရွိ။

ရီးရဲမက္ဒရစ္ ဥကၠဌ ဖေရာ္ရင္တီႏို ပီရက္ဟာ ကိုင္လီယန္ အမ္ဘာေပနဲ႔ ပတ္သက္လို႔ အဂၤါေန႔ညေနမွာ စတင္လႈပ္ရွားခဲ့ပါတယ္။ မက္ဒရစ္က တိုက္စစ္မႉးအတြက္ ယူ႐ို သန္း ၁၆၀ ( ေပါင္ ၁၃၆.၉ သန္း ) နဲ႔ ပထမဆုံးအႀကိမ္ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ယုံၾကည္ရတဲ့ The Athletic သတင္းဌာနအရ ပီအက္စ္ဂ်ီက အဂၤါေန႔ ညေနထိ ရီးရဲမက္ဒရစ္အသင္းနဲ႔ တိုက္႐ိုက္ဆက္သြယ္ထားျခင္းမရွိေသးေပမယ့္ အဆိုပါ ကမ္းလွမ္းမႈကို ပယ္ခ်ဖို႔ရွိေနတယ္လို႔ သိရပါတယ္။

ယခုေႏြရာသီအတြင္း ကားလို႔စ္ အန္ဆေလာ့တီ ရီးရဲမက္ဒရစ္အသင္းနည္းျပခ်ဳပ္ျဖစ္လာခ်ိန္မွာ ပီရက္စ္က သူ႔အေနနဲ႔ လာမယ့္ ( ၁၂ )လ အေျပာင္းအေရြ႕ကာလေတြအတြင္း အမ္ဘာေပကို အဓိကပစ္မွတ္ထားေခၚယူေပးမယ္လို႔ ကတိေပးထားပါတယ္။ မက္ဒရစ္နဲ႔ နီးစပ္တဲ့ သတင္းအရင္းအျမစ္တစ္ခုက “ ဒါဟာ ဖေလာရင္တီႏိုရဲ႕ လုံးဝ ႐ူးသြပ္စြဲလမ္းမႈတစ္ခုျဖစ္တယ္။”လို႔ ဆိုထားၿပီး ထပ္မံ ကမ္းလွမ္းမႈျပဳလုပ္ႏိုင္တယ္လို႔ သိရပါတယ္။ဒါေၾကာင့္ ပီရက္စ္က အန္ဆေလာ့တီကို သူ႔အေနနဲ႔ ရီးရဲမက္ဒရစ္ရဲ႕ ကာလရွည္ခံစစ္အတြဲျဖစ္တဲ့ ရာမို႔စ္ ႏွင့္ ဗာရန္းတို႔မပါပဲ နာခ်ိဳ ၊ မီလီတာအိုတို႔နဲ႔ ရာသီသစ္ကို စတင္ရမယ္လို႔ နားခ်ထားတာျဖစ္ပါတယ္။

မက္ဒရစ္က ရာမို႔စ္ေတာင္းဆိုခဲ့တဲ့ စာခ်ဳပ္သက္တမ္းေၾကာင့္ စပိန္လက္ေ႐ြးစင္ကို အသင္းမွာဆက္ထိန္းထားႏိုင္ျခင္းမရွိခဲ့ပဲ ဗာရန္းကိုလည္း အပိုဆုေၾကးေတြအပါအဝင္ ေပါင္သန္း ( ၄၀ ) ဝန္းက်င္ျဖင့္ မန္ခ်က္စတာ ယူႏိုက္တက္ထံေရာင္းခ်ခဲ့ပါတယ္။