ရီးရဲလ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရာမို့စ်အသင့်ရှိနေပြီဟုဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်မှာထွက်ပေါ်နေတဲ့သတင်းတွေအရ ရီးရဲလ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၁ နွေရာသီမှာ မက်ဒရစ်အခြေစိုက်အသင်းကနေ ထွက်ခွာဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။


အသက် ၃၄နှစ်အရွယ်ရှိ စပိန်အသင်းခေါင်းဆောင် ရာမို့စ်ဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာ တခြားအသင်းတစ်သင်းနဲ့ ဆွေးနွေးခွင့်ရရှိထားပြီး သူ့ကို ခေါ်ယူလိုတဲ့အသင်း အများအပြားရှိနေသလို အဲဒီထဲမှာမှ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းက ရာမို့စ်ကို ခေါ်ယူဖို့အားကုန်ကြိုးစားနေပါတယ်။


ဒါကို စပိန်ရေဒီယိုသတင်းဌာနဖြစ်တဲ့ Onda Cero က ဖော်ပြခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းတာဝန်ရှိသူတွေနဲ့ ရာမို့စ်တို့ဟာ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေဆဲဖြစ်ပေမယ့် အခုဆိုရင် ရာမို့စ်က အသင်းကနေ ထွက်ခွာဖို့အကြောင်း စတင်စဉ်းစားနေပြီဖြစ်ကာ အီတလီ၊ အင်္ဂလန်ကလပ်တွေက သူ့ကိုကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက ရာမို့စ်ကို အသင်းမှာ ဆက်ထိန်းထားလိုပေမယ့် စာချုပ်သက်တမ်းကုန်ဆုံးဖို့က တစ်ဖြည်းဖြည်းနီးလာပြီး ရာမို့စ်အနေနဲ့ နောက်၃ပတ်ဆိုရင် တခြားကလပ်အသင်းနဲ့ ဆွေးနွေးခွင့်ရရှိတော့မှာဖြစ်ပါတယ်။


ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်က ဆီဗီလာကနေ ရောက်လာပြီးနောက် ရီးရဲလ်မှာ ၁၆ ရာသီကြာကစားနေတာဖြစ်ပြီး ပွဲပေါင်း ၆၅၀ ကျော်ကစားပေးထားရာမှာ အသင်းနဲ့အတူ လာလီဂါဖလား ၅ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ရာမို့စ်အနေနဲ့ ၂၀၂၁ အတွင်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ နိုဝင်ဘာလအတွင်းက အရိပ်အမြွက်ဖွင့်ဟခဲ့ဖူးပါတယ်။
ရာမို့စ်က ၂၀၂၃ နွေရာသီအထိ ၂နှစ်စာချုပ်သစ်ချုုပ်ဆိုလိုပေမယ့် ရီးရဲလ်ကတော့ အသက် ၃၀ ကျော်အသင်းသားတွေကို ၁နှစ်သက်တမ်းတိုးစာချုပ်ပဲ ချုပ်ဆိုလေ့ရှိတဲ့ အသင်းရဲ့မူဝါဒအတိုင်း ရာမို့စ်ကို ၁နှစ်စာချုပ်သစ်ပဲ ချုပ်ဆိုချင်နေပါတယ်။


ပြင်သစ်အမှတ်ပေးချန်ပီယံ ပီအက်စ်ဂျီအသင်းက ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ရာမို့စ်ကို တစ်နှစ်လုပ်ခ ပေါင် ၁၈သန်းနဲ့ ၃နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရပါတယ်။

ရာမို့စ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းအများအပြားကလည်း အပြိုင်စိတ်ဝင်စားနေပြီး ရာမို့စ်က မတ်လအတွင်း အသက် ၃၅နှစ်ပြည့်တော့မှာဖြစ်ပေမယ့် ဆုဖလားအများအပြားရယူထားတဲ့အတွေ့အကြုံ၊ အမြင့်ဆုံးအဆင့်မှာ အကောင်းဆုံးကစားနိုင်စွမ်းရှိမှုတွေက ရာမို့စ်ရဲ့အဓိကစွမ်းအင်တွေဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရီးရဲလ္ကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔ ရာမို႔စ္အသင့္ရွိေနၿပီဟုဆုိ
စပိန္မွာထြက္ေပၚေနတဲ့သတင္းေတြအရ ရီးရဲလ္အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမို႔စ္ဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ၂၀၂၁ ေႏြရာသီမွာ မက္ဒရစ္အေျခစိုက္အသင္းကေန ထြက္ခြာဖုိ႔ အသင့္ရွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ စပိန္အသင္းေခါင္းေဆာင္ ရာမို႔စ္ဟာ ဇန္န၀ါရီလ ၁ ရက္ေန႔မွာ တျခားအသင္းတစ္သင္းနဲ႔ ေဆြးေႏြးခြင့္ရရွိထားၿပီး သူ႕ကို ေခၚယူလုိတ့ဲအသင္း အမ်ားအျပားရွိေနသလုိ အဲဒီထဲမွာမွ ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းက ရာမုိ႔စ္ကို ေခၚယူဖို႔အားကုန္ႀကိဳးစားေနပါတယ္။
ဒါကို စပိန္ေရဒီယိုသတင္းဌာနျဖစ္တဲ့ Onda Cero က ေဖာ္ျပခဲ့တာျဖစ္ၿပီး ရီးရဲလ္အသင္းတာ၀န္ရွိသူေတြနဲ႔ ရာမို႔စ္တုိ႔ဟာ စာခ်ဳပ္သစ္ကိစၥအတြက္ ေဆြးေႏြးေနဆဲျဖစ္ေပမယ့္ အခုဆုိရင္ ရာမို႔စ္က အသင္းကေန ထြက္ခြာဖို႔အေၾကာင္း စတင္စဥ္းစားေနၿပီျဖစ္ကာ အီတလီ၊ အဂၤလန္ကလပ္ေတြက သူ႕ကိုကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။
ရီးရဲလ္အသင္းနည္းျပ ဇီဒန္းက ရာမို႔စ္ကို အသင္းမွာ ဆက္ထိန္းထားလုိေပမယ့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖုိ႔က တစ္ျဖည္းျဖည္းနီးလာၿပီး ရာမို႔စ္အေနနဲ႔ ေနာက္၃ပတ္ဆုိရင္ တျခားကလပ္အသင္းနဲ႔ ေဆြးေႏြးခြင့္ရရွိေတာ့မွာျဖစ္ပါတယ္။

ရာမုိ႔စ္ဟာ ၂၀၀၅ ခုႏွစ္က ဆီဗီလာကေန ေရာက္လာၿပီးေနာက္ ရီးရဲလ္မွာ ၁၆ ရာသီၾကာကစားေနတာျဖစ္ၿပီး ပြဲေပါင္း ၆၅၀ ေက်ာ္ကစားေပးထားရာမွာ အသင္းနဲ႔အတူ လာလီဂါဖလား ၅ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္အပါအ၀င္ ဆုဖလားအမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ အသင္းဥကၠ႒ ဖေလာ္ရင္တီႏိုပီရက္ဇ္က ရာမို႔စ္အေနနဲ႔ ၂၀၂၁ အတြင္း အသင္းကေန ထြက္ခြာဖြယ္ရွိေနတယ္လုိ႔ ႏို၀င္ဘာလအတြင္းက အရိပ္အျမြက္ဖြင့္ဟခဲ့ဖူးပါတယ္။
ရာမုိ႔စ္က ၂၀၂၃ ေႏြရာသီအထိ ၂ႏွစ္စာခ်ဳပ္သစ္ခ်ုဳပ္ဆုိလုိေပမယ့္ ရီးရဲလ္ကေတာ့ အသက္ ၃၀ ေက်ာ္အသင္းသားေတြကို ၁ႏွစ္သက္တမ္းတုိးစာခ်ဳပ္ပဲ ခ်ဳပ္ဆိုေလ့ရွိတဲ့ အသင္းရဲ႕မူ၀ါဒအတိုင္း ရာမုိ႔စ္ကို ၁ႏွစ္စာခ်ဳပ္သစ္ပဲ ခ်ဳပ္ဆိုခ်င္ေနပါတယ္။
ျပင္သစ္အမွတ္ေပးခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းက ရာမို႔စ္ကို ေခၚယူဖုိ႔ စိတ္၀င္စားေနၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရာမို႔စ္ကို တစ္ႏွစ္လုပ္ခ ေပါင္ ၁၈သန္းနဲ႔ ၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ ကမ္းလွမ္းဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ရာမုိ႔စ္ကို ေခၚယူဖုိ႔ ပရီးမီးယားလိဂ္အသင္းအမ်ားအျပားကလည္း အၿပိဳင္စိတ္၀င္စားေနၿပီး ရာမို႔စ္က မတ္လအတြင္း အသက္ ၃၅ႏွစ္ျပည့္ေတာ့မွာျဖစ္ေပမယ့္ ဆုဖလားအမ်ားအျပားရယူထားတဲ့အေတြ႕အႀကံဳ၊ အျမင့္ဆုံးအဆင့္မွာ အေကာင္းဆုံးကစားႏိုင္စြမ္းရွိမႈေတြက ရာမုိ႔စ္ရဲ႕အဓိကစြမ္းအင္ေတြျဖစ္ပါတယ္။