
မနေ့ညတုန်းက အယ်ကလက်စီကိုပွဲတွင်မဟာပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို
၂-၁ဂိုးဖြင့်ရှုံးနိမ့်မှုကြောင့်အကြီးအကျယ်ဒေါသထွက်နေတဲ့ဘာစီလိုနာ
ပရိသတ်များဟာဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းရဲ့ကားကိုတိုက်ခိုက်မှု
ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
နူးကမ့်တွင်ပရိသတ်၈၆၀၀၀ရှေ့မှောက်မှာကစားရတဲ့ယင်းပွဲစဉ်တွင်
ရီးရဲလ်မက်ဒရစ်ဟာဒေးဗစ်အလာဘာရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးလူးကပ်စ်
ဗက်ဇ်ကွက်ဇ်ကနာကျင်အချိန်ပိုသုံးမိနစ်မှာဒုတိယဂိုးသွင်းခဲ့ပါတယ်။
နာကျင်အချိန်ပို၉၇မိနစ်မှာဆာဂျီယိုအဂွဲရိုးကဘာစီလိုနာအတွက်ချေပဂိုး
သွင်းခဲ့ပါတယ်။ဘာစီလိုနာဟာလာလီဂါပွဲ၉ပွဲကစားချိန်မှာအမှတ်ပေးဇယား
အဆင့်၉နေရာအထိရောက်နေပါတယ်။
ပွဲအပြီးမှာကွင်းအတွင်းမှထွက်ခွာဖို့လုပ်နေတဲ့ဒတ်ချ်လူမျိုးနည်းပြရော်နယ်
ကိုးမန်းဟာဒေါသထွက်နေတဲ့ဘာစီလိုနာပရိသတ်အုပ်နှင့်ထိပ်တိုက်တွေ့ခဲ့ပါတယ်။
သူဟာကွင်းမှ သူ့ရဲ့ Audi ကားဖြင့်မောင်းပြေးဖို့ကြိုးပမ်းခဲ့ပေမယ့်ဘာစီလိုနာ
ပရိသတ်များကဘေးမှဝိုင်းရံကကား Bonnet ကိုထုခြင်း။ဆဲဆိုခြင်း၊ကားမှန်ကို
ထုခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။ ဘာစီလိုနာကကွင်းမှထွက်ခွာရန်ပြင်နေတဲ့
နည်းပြကိုးမန်းအားတိုက်ခိုက်မှုကိုရှုံ့ချကြောင်းနှင့်နောက်တွင်ယင်းသို့
မဖြစ်လာစေရန်လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
ဘာစီလိုနာဟာဗလင်စီယာ၊ဒိုင်နမိုဇာဂရက်တို့အားအနိုင်ရရှိကာအနိုင်လမ်း
ကြောင်းပေါ်သို့ရောက်လာခဲ့ပြီးမှရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ကိုးမန်းက “ဒီရလဒ်အပေါ်အရမ်စိတ်ပျက်ရ
ပါတယ်။အသင်းကလည်းနောက်ဆုံးစက္ကန့်အထိကြိုးစားခဲ့ပါတယ်။အခွင့်အရေး
အများကြီးမဖန်တီးနိုင်ခဲ့ဘူး။နောက်ဆုံးမှာတော့အသေးစိတ်အချက်အလက်
ကလေးတွေကပွဲရဲ့အဖြေဖြစ်သွားပါတယ်။မက်ဒရစ်ကိုအိမ်ကွင်းမှာရှုံးမှုကနေ
ဘာအပြုသဘောမှရှာလို့မရပါဘူး။ဒါပေမယ့်ပရိသတ်နဲ့ကစားသမားတွေရဲ့
စိတ်ဓာတ်နဲ့အပြုအမူကိုကြိုက်ပါတယ်။ဗုဒ္ဓဟူးနေ့မှာနောက်တစ်ပွဲကစားရပါမယ်။
ရာသီကရှည်ကြာပါတယ်။ကျွန်တော်တို့ဆက်ပြီးတော့တိုက်ပွဲဝင်သွားပါမယ်”လို့
ပြောကြားသွားပါတယ်။
ဘာစီလိုနာဟာကြားရက်တွင်ဗယ်လီကာနိုနှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီး လာမယ့်
စနေနေ့မှာအလာဗက်စ်နှင့်ရင်ဆိုင်ရပါမယ်။
Zawgyi
ရီးရဲလ္ကိုရႈံးနိမ့္ၿပီးေနာက္ ေရာ္နယ္ကိုးမန္း တိုက္ခိုက္ခံရ
မေန႔ညတုန္းကအယ္ကလက္စီကိုပြဲတြင္မဟာၿပိဳင္ဘက္ရီးရဲလ္မက္ဒရစ္ကို
၂-၁ဂိုးျဖင့္ရႈံးနိမ့္မႈေၾကာင့္အႀကီးအက်ယ္ေဒါသထြက္ေနတဲ့ဘာစီလိုနာ
ပရိသတ္မ်ားဟာဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းရဲ႕ကားကိုတိုက္ခိုက္မႈ
ျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။
ႏူးကမ့္တြင္ပရိသတ္၈၆၀၀၀ေရွ႕ေမွာက္မွာကစားရတဲ့ယင္းပြဲစဥ္တြင္
ရီးရဲလ္မက္ဒရစ္ဟာေဒးဗစ္အလာဘာရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးလူးကပ္စ္
ဗက္ဇ္ကြက္ဇ္ကနာက်င္အခ်ိန္ပိုသုံးမိနစ္မွာဒုတိယဂိုးသြင္းခဲ့ပါတယ္။
နာက်င္အခ်ိန္ပို၉၇မိနစ္မွာဆာဂ်ီယိုအဂြဲ႐ိုးကဘာစီလိုနာအတြက္ေခ်ပဂိုး
သြင္းခဲ့ပါတယ္။ဘာစီလိုနာဟာလာလီဂါပြဲ၉ပြဲကစားခ်ိန္မွာအမွတ္ေပးဇယား
အဆင့္၉ေနရာအထိေရာက္ေနပါတယ္။
ပြဲအၿပီးမွာကြင္းအတြင္းမွထြက္ခြာဖို႔လုပ္ေနတဲ့ဒတ္ခ်္လူမ်ိဳးနည္းျပေရာ္နယ္
ကိုးမန္းဟာေဒါသထြက္ေနတဲ့ဘာစီလိုနာပရိသတ္အုပ္ႏွင့္ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။
သူဟာကြင္းမွ သူ႔ရဲ႕ Audi ကားျဖင့္ေမာင္းေျပးဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ဘာစီလိုနာ
ပရိသတ္မ်ားကေဘးမွဝိုင္းရံကကား Bonnet ကိုထုျခင္း။ဆဲဆိုျခင္း၊ကားမွန္ကို
ထုျခင္းတို႔ျပဳလုပ္ခဲ့ၾကပါတယ္။
ဘာစီလိုနာကကြင္းမွထြက္ခြာရန္ျပင္ေနတဲ့နည္းျပကိုးမန္းအားတိုက္ခိုက္မႈကို
ရႈံ႕ခ်ေၾကာင္းႏွင့္ေနာက္တြင္ယင္းသို႔မျဖစ္လာေစရန္လုပ္ေဆာင္သြားမယ္လို႔
ေၾကညာထားပါတယ္။
ဘာစီလိုနာဟာဗလင္စီယာ၊ဒိုင္နမိုဇာဂရက္တို႔အားအႏိုင္ရရွိကာအႏိုင္လမ္း
ေၾကာင္းေပၚသို႔ေရာက္လာခဲ့ၿပီးမွရီးရဲလ္မက္ဒရစ္ကိုရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ကိုးမန္းက “ဒီရလဒ္အေပၚအရမ္စိတ္ပ်က္ရ
ပါတယ္။အသင္းကလည္းေနာက္ဆုံးစကၠန႔္အထိႀကိဳးစားခဲ့ပါတယ္။အခြင့္အေရး
အမ်ားႀကီးမဖန္တီးႏိုင္ခဲ့ဘူး။ေနာက္ဆုံးမွာေတာ့အေသးစိတ္အခ်က္အလက္
ကေလးေတြကပြဲရဲ႕အေျဖျဖစ္သြားပါတယ္။မက္ဒရစ္ကိုအိမ္ကြင္းမွာရႈံးမႈကေန
ဘာအျပဳသေဘာမွရွာလို႔မရပါဘူး။ဒါေပမယ့္ပရိသတ္နဲ႔ကစားသမားေတြရဲ႕
စိတ္ဓာတ္နဲ႔အျပဳအမူကိုႀကိဳက္ပါတယ္။ဗုဒၶဟူးေန႔မွာေနာက္တစ္ပြဲကစားရပါမယ္။
ရာသီကရွည္ၾကာပါတယ္။ကြၽန္ေတာ္တို႔ဆက္ၿပီးေတာ့တိုက္ပြဲဝင္သြားပါမယ္”လို႔
ေျပာၾကားသြားပါတယ္။
ဘာစီလိုနာဟာၾကားရက္တြင္ဗယ္လီကာႏိုႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ၿပီး လာမယ့္
စေနေန႔မွာအလာဗက္စ္ႏွင့္ရင္ဆိုင္ရပါမယ္။