ရီးရဲလ်ကို ရွေးချယ်ထားရမယ့် ဗုဒ္ဓဟူးည လာလီဂါ ပစ်မှတ် (ကိုရွှေမောင်း)
ဒိကနေ့ ဗုဒ္ဓဟူးည၊ စပိန်ဘက်မှာတော့ ရီးရဲလ်-ဘီလ်ဘာအိုတို့ရဲ့
လာလီဂါ လက်ကျန်ပွဲ ၁ ပွဲတည်းကစားမှာပါ။ ဘီလ်ဘာအိုဟာ
ဒီရာသီ လာလီဂါမှာ အဝေးကွင်း ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော
အသင်းဖြစ်နေပေမယ့် ဘာနေဗျူးမှာတော့ လတ်တလော ​ခြေမှန်နေတဲ့
ဇယားထိပ်ဆုံးက ရီးရဲလ်ကို မယှဥ္နိုင်လောက်ပါဘူး။
ရီးရဲလ် ဘီလ်ဘာအို
ဗီလာရီးရဲလ်၊ အိုဆာဆူနာတို့နဲ့ ဂိုးမရှိသရေကျတဲ့ ၂ ပွဲမှ အပ
ဒီရာသီ ရီးရဲလ်ရဲ့ ကျန် လာလီဂါအိမ်ကွင်း ၄ ပွဲမှာ ဂိုးရခဲ့သလို
ဂိုးလည်း ပြန်ပေးခဲ့ရပါတယ်။ ရီးရဲလ်ဟာ ဘီလ်ဘာအိုကိုတော့
အတော်လေးအသားရထားပြီး ပြိုင်ပွဲစုံ အိမ်/အဝေး နောက်ဆုံး ၁၃ ပွဲမှာ
၁ ပွဲပဲ ရှုံးခဲ့တာပါ။ သူတို့ရဲ့ အိမ်ကွင်းမှာ လာလီဂါပွဲ မရှုံးတာကလည်း ၁၆ ပွဲအထိ
ရှိနေပါပြီ။ ဘီလ်ဘာအိုက ဒီရာသီလာလီဂါ အဝေးကွင်းမှာ ရှုံးပွဲမရှိသေးတဲ့
တစ်ခုတည်းသောအသင်းပါ။ ဒါကလည်း အဝေးကွင်းဆိုရင် ပိတ်ကစားလွန်းလို့ပါ။
ဘီလ်ဘာအိုဟာ နောက်ဆုံး ၅ ပွဲဆက်သရေကျခဲ့မှုအပါအဝင်
လာလီဂါအဝေးကွင်း ၇ ပွွဲမှာ ၆ ပွဲအထိ သရေကစားထားတာပါ။
လာလီဂါမှာ တိုက်စစ်အကောင်းဆုံးဖြစ်နေတဲ့ရီးရဲလ်ကိုတော့
မိနစ် ၉၀ ပြည့် တောင့်ခံနိုင်မယ် မထင်ပါဘူး။
ရီးရဲလ်
zawgyi
ဇယားထိပ်ဆုံးက ရီးရဲလ်ကို မယှဉ္နိုင်လောက်ပါဘူး။
ရီးရဲလ် ဘီလ်ဘာအို
လာလီဂါအဝေးကွင်း ၇ ပွဲမှာ ၆ ပွဲအထိ သရေကစားထားတာပါ။
ရီးရဲလ်