ရီးရဲလ်ကြယ်ပွင့်ကို တစ်နှစ်လုပ်ခ ပေါင် ၁၀.၃ သန်းနဲ့ ကမ်းလှမ်းဖို့ ယူနိုက်တက် ပြင်ဆင်နေပြီတဲ့

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း ရီးရဲလ်နောက်ခံလူ ဗာရန်းကို ခေါ်ယူနိုင်ရေးအတွက် တစ်နှစ်လုပ်ခပေါင် ၁၀.၃ သန်းနဲ့ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဗာရန်းရဲ့လက်ရှိစာချုပ်က ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ယခုအချိန်အထိ သူ့ရဲ့ကာလရှည်အနာဂတ်က မသေမချာဖြစ်နေပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဗဟိုခံစစ်မှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့တွဲကစားဖို့ ယခုနွေရာသီအတွင်း နောက်ခံလူတစ်ဦးခေါ်ယူဖွယ်ရှိနေပါတယ်။
ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုက ပိုကောင်းတယ်လို့ သတင်းတွေထွက်ပေါ်နေချိန် ပြီးခဲ့တဲ့ရက်သတ္တပတ်က ဗာရန်းအနေနဲ့ စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ ABC သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။


ယခုအခါ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုက ဗာရန်း လက်ရှိရနေတဲ့လစာထက် ၂ဆကျော်အထိ ပိုများနေပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ဗာရန်းဟာ ရီးရဲလ်မှာ တစ်နှစ်လုပ်ခ ပေါင် ၄.၃ သန်းသာရရှိနေပြီး ရီးရဲလ်က စာချုပ်သစ်ထဲမှာ တစ်နှစ်လုပ်ခ ပေါင် ၇.၇ သန်းအထိ တိုးမြှင့်ကမ်းလှမ်းထားပါတယ်။


ဒါပေမဲ့ သတင်းတွေရဲ့ဖော်ပြချက်အရ ဗာရန်းဟ ရီးရဲလ်က ကမ်းလှမ်းတာထက် ပိုလိုချင်နေပြီး ဘိုင်ယန်ကနေ အလွတ်နဲ့ ရောက်လာတဲ့ နောက်ခံလူ အလာဘာ ရရှိတဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၀.၇သန်းအထိ အလိုရှိနေတယ်လို့ သိရပါတယ်။


ယူနိုက်တက်ဟာ ရာသီသစ်ပရီးမီးယားလိဂ်မှာ မန်စီးတီးကို စိန်ခေါ်နိုင်ရေးအတွက် ဈေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားဖွယ်ရှိနေပြီး ဗာရန်းအပြင် သူ့ရဲ့တွဲဘက် ရာမို့စ်ကိုပါ ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်နေပါတယ်။
ဗာရန်းဟာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်ကျော်လေးပဲ ကျန်တော့ပေမယ့် ယူနိုက်တက်အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ သုံးရဖွယ်ရှိနေပါတယ်။

ဒါပေမဲ့ ရီးရဲလ်ကို ဝါရင့်နည်းပြကြီး အန်ဆလော့တီ တစ်ကျော့ပြန်ရောက်လာတာက ဗာရန်း အသင်းပြောင်းရွှေ့ဖို့ ပိုမိုဖြစ်နိုင်သွားပြီး သူတို့နှစ်ယောက်ဟာ အရင်တုန်းက အဆင်မပြေဖြစ်ခဲ့ဖူးပါတယ်။

Zawgyi

ရီးရဲလ္ၾကယ္ပြင့္ကို တစ္ႏွစ္လုပ္ခ ေပါင္ ၁၀.၃ သန္းနဲ႔ ကမ္းလွမ္းဖို႔ ယူႏိုက္တက္ ျပင္ဆင္ေနၿပီတဲ့
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္ဟာ ယခုေႏြရာသီအတြင္း ရီးရဲလ္ေနာက္ခံလူ ဗာရန္းကို ေခၚယူႏိုင္ေရးအတြက္ တစ္ႏွစ္လုပ္ခေပါင္ ၁၀.၃ သန္းနဲ႔ကမ္းလွမ္းဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
ဗာရန္းရဲ႕လက္ရွိစာခ်ဳပ္က ၂၀၂၂ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ယခုအခ်ိန္အထိ သူ႕ရဲ႕ကာလရွည္အနာဂတ္က မေသမခ်ာျဖစ္ေနပါတယ္။
ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ဗဟိုခံစစ္မွာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားနဲ႔တြဲကစားဖို႔ ယခုေႏြရာသီအတြင္း ေနာက္ခံလူတစ္ဦးေခၚယူဖြယ္ရွိေနပါတယ္။
ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈက ပိုေကာင္းတယ္လို႔ သတင္းေတြထြက္ေပၚေနခ်ိန္ ၿပီးခဲ့တဲ့ရက္သတၱပတ္က ဗာရန္းအေနနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမွာမဟုတ္ဘူးလို႔ ABC သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။

ယခုအခါ ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈက ဗာရန္း လက္ရွိရေနတဲ့လစာထက္ ၂ဆေက်ာ္အထိ ပိုမ်ားေနပါတယ္။
အသက္ ၂၈ ႏွစ္အရြယ္ရွိ ဗာရန္းဟာ ရီးရဲလ္မွာ တစ္ႏွစ္လုပ္ခ ေပါင္ ၄.၃ သန္းသာရရွိေနၿပီး ရီးရဲလ္က စာခ်ဳပ္သစ္ထဲမွာ တစ္ႏွစ္လုပ္ခ ေပါင္ ၇.၇ သန္းအထိ တိုးျမႇင့္ကမ္းလွမ္းထားပါတယ္။
ဒါေပမဲ့ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဗာရန္းဟ ရီးရဲလ္က ကမ္းလွမ္းတာထက္ ပိုလိုခ်င္ေနၿပီး ဘိုင္ယန္ကေန အလြတ္နဲ႔ ေရာက္လာတ့ဲ ေနာက္ခံလူ အလာဘာ ရရွိတဲ့ တစ္ႏွစ္လုပ္ခ ေပါင္ ၁၀.၇သန္းအထိ အလိုရွိေနတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ရာသီသစ္ပရီးမီးယားလိဂ္မွာ မန္စီးတီးကို စိန္ေခၚႏိုင္ေရးအတြက္ ေစ်းကြက္အတြင္း ၀င္ေရာက္လႈပ္ရွားဖြယ္ရွိေနၿပီး ဗာရန္းအျပင္ သူ႕ရဲ႕တြဲဘက္ ရာမို႔စ္ကိုပါ ေခၚယူဖို႔ ဆက္သြယ္ခ်ဥ္းကပ္ေနပါတယ္။
ဗာရန္းဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ တစ္ႏွစ္ေက်ာ္ေလးပဲ က်န္ေတာ့ေပမယ့္ ယူႏိုက္တက္အေနနဲ႔ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၆၀ အထိ သုံးရဖြယ္ရွိေနပါတယ္။

ဒါေပမဲ့ ရီးရဲလ္ကို ဝါရင့္နည္းျပႀကီး အန္ဆေလာ့တီ တစ္ေက်ာ့ျပန္ေရာက္လာတာက ဗာရန္း အသင္းေျပာင္းေရႊ႕ဖို႔ ပိုမိုျဖစ္ႏိုင္သြားၿပီး သူတို႔ႏွစ္ေယာက္ဟာ အရင္တုန္းက အဆင္မေျပျဖစ္ခဲ့ဖူးပါတယ္။