ရီးရဲလ်ဆီမှာ အနားယူဆေးကုဖို့အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တာလား ဟာဇက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လန်ဒန်မြေကနေ မက်ဒရစ်ဆီရောက်လာခဲ့တာက ၁ ရာသီကျော် ကြာမြင့်ခဲ့ရပြီဖြစ်ပေမယ့် ဟာဇက်တစ်ယောက်ကတော့ ဒါဏ်ရာပြဿနာ ကံဆိုးခြင်းတွေရဲ့ကြားမှာ ရုန်းကန်နေရဆဲပဲ ဖြစ်တာပါ။ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဒါဏ်ရာပြဿနာတွေကြောင့် ပြိုင်ပွဲစုံ ၂၂ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့တဲ့ ဟာဇက်ဟာ ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း ဒါဏ်ရာပြဿနာကြောင့် ပွဲစဉ်တစ်ပွဲမျှ ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးတာပါ။

လက်ရှိအချိန်မှာလည်း ခြေချင်းဝတ်ဒါဏ်ရာပြဿနာက ပြန်ကောင်းလာချိန်မှာ ကြွက်သားဒါဏ်ရာ ကြုံခဲ့ရပြန်တာဖြစ်ပါတယ်။ ဒါဏ်ရာ အနေအထားတွေကနေ သူအစောဆုံး ပြန်လာနိုင်ဖို့က နိုဝင်ဘာလအနှောင်းပိုင်းမှ ဖြစ်နိုင်ဖို့ ရှိနေတာကြောင့် ဒီညမှာကစားရဖို့ရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ် ရှက်တာဒိုးနက်နဲ့ပွဲကို လွဲရတော့မှာဖြစ်တဲ့အပြင် ဒီတစ်ပတ်မှာ ကစားဖို့ရှိတဲ့ ဘာစီလိုနာနဲ့ El Clasico ပွဲကိုလည်း လွဲချော်သွားအုံးမှာပါ။

ဒီကစားသမားဟာ ရီးရဲလ်ဆီကို ယူရို သန်း ၁၀၀ ကျော်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီအတွင်းမှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာပါ။ ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ဟာဇက်ရဲ့ ဒါဏ်ရာအနေအထားဟာ သူတို့ထင်မှတ်ထားတာထက်ကို ရှည်ကြာနေတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

ဒါအပြင် ဒီကနေ့ညမှာ ကစားမယ့် ရှက်တာဒိုးနက်နဲ့ပွဲကို အသင်းခေါင်းဆောင်ရာမို့စ်ဟာလည်း ဒါဏ်ရာကြောင့် လွဲချော်သွားရမှာဖြစ်ပါတယ်။ ရှက်တာဒိုးနက်နဲ့ပွဲကို အိုဒီဂတ်၊ ကာဗာဂျယ်၊ မာရီယာနိုဒိုက်ဇ်တို့လည်း လွဲချော်သွားကြရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရီးရဲလ္ဆီမွာ အနားယူေဆးကုဖို႔အတြက္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာခဲ့တာလား ဟာဇက္

လန္ဒန္ေျမကေန မက္ဒရစ္ဆီေရာက္လာခဲ့တာက ၁ ရာသီေက်ာ္ ၾကာျမင့္ခဲ့ရၿပီျဖစ္ေပမယ့္ ဟာဇက္တစ္ေယာက္ကေတာ့ ဒါဏ္ရာျပႆနာ ကံဆိုးျခင္းေတြရဲ႕ၾကားမွာ ႐ုန္းကန္ေနရဆဲပဲ ျဖစ္တာပါ။ၿပီးခဲ့တဲ့ ရာသီတုန္းကလည္း ဒါဏ္ရာျပႆနာေတြေၾကာင့္ ၿပိဳင္ပြဲစုံ ၂၂ ပြဲသာ ပါဝင္ခြင့္ရရွိခဲ့တဲ့ ဟာဇက္ဟာ ဒီႏွစ္ေဘာလုံးရာသီမွာဆိုရင္လည္း ဒါဏ္ရာျပႆနာေၾကာင့္ ပြဲစဥ္တစ္ပြဲမွ် ပါဝင္ကစားေပးႏိုင္ျခင္းမရွိေသးတာပါ။

လက္ရွိအခ်ိန္မွာလည္း ေျခခ်င္းဝတ္ဒါဏ္ရာျပႆနာက ျပန္ေကာင္းလာခ်ိန္မွာ ႂကြက္သားဒါဏ္ရာ ႀကဳံခဲ့ရျပန္တာျဖစ္ပါတယ္။ ဒါဏ္ရာ အေနအထားေတြကေန သူအေစာဆုံး ျပန္လာႏိုင္ဖို႔က ႏိုဝင္ဘာလအေႏွာင္းပိုင္းမွ ျဖစ္ႏိုင္ဖို႔ ရွိေနတာေၾကာင့္ ဒီညမွာကစားရဖို႔ရွိတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ ရွက္တာဒိုးနက္နဲ႔ပြဲကို လြဲရေတာ့မွာျဖစ္တဲ့အျပင္ ဒီတစ္ပတ္မွာ ကစားဖို႔ရွိတဲ့ ဘာစီလိုနာနဲ႔ El Clasico ပြဲကိုလည္း လြဲေခ်ာ္သြားအံုးမွာပါ။

ဒီကစားသမားဟာ ရီးရဲလ္ဆီကို ယူ႐ို သန္း ၁၀၀ ေက်ာ္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီအတြင္းမွာ သြင္းဂိုး ၁ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာပါ။ ရီးရဲလ္နည္းျပ ဇီဒန္းကေတာ့ ဟာဇက္ရဲ႕ ဒါဏ္ရာအေနအထားဟာ သူတို႔ထင္မွတ္ထားတာထက္ကို ရွည္ၾကာေနတယ္လို႔လည္း ဝန္ခံခဲ့ပါတယ္။

ဒါအျပင္ ဒီကေန႔ညမွာ ကစားမယ့္ ရွက္တာဒိုးနက္နဲ႔ပြဲကို အသင္းေခါင္းေဆာင္ရာမို႔စ္ဟာလည္း ဒါဏ္ရာေၾကာင့္ လြဲေခ်ာ္သြားရမွာျဖစ္ပါတယ္။ ရွက္တာဒိုးနက္နဲ႔ပြဲကို အိုဒီဂတ္၊ ကာဗာဂ်ယ္၊ မာရီယာႏိုဒိုက္ဇ္တို႔လည္း လြဲေခ်ာ္သြားၾကရမွာပါ။