ရီးရဲလ်နဲ့ပွဲမှာ လက်သီးနဲ့ထိုးလို့ အနီကတ်ရသွားတဲ့ နီကိုလိုဘာရယ်လာ

နီကိုလိုဘာရယ်လာဟာမနေ့ညတုန်းကရီးရဲလ်မက်ဒရစ်ကို

အင်တာမီလန်က၂-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာရီးရဲလ်မက်ဒရစ်ရဲ့

အက်ဒါမီလီတာအိုရဲ့ခြေထောက်ကိုလက်သီးဖြင့်ထိုးခဲ့မှုအတွက်

အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အင်တာမီလန်စတားဟာဘာနေဗျူးပွဲစဉ်မှာဘောလုံးယှဉ်လုခဲ့ကြပါတယ်။

အီတလီလက်ရွေးစင်ဟာအတွန်းခံရမှုကြောင့်လွှင့်စင်ပြီးနောက်

မီလီတာအိုရဲ့အနားသို့လဲကျစဉ်ခြေထောက်ကိုလက်သီးဖြင့်ထိုးခဲ့ကာ

တုံ့ပြန်ခဲ့ပါတယ်။ဘရာဇီးလက်ရွေးစင်ကလည်းဘာရယ်လာကို

ချက်ချင်းပင်ရင်ဘတ်နဲ့တွန်းပြီးပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ယင်းနောက်

ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနှစ်ဖက်ကစားသမားများထိန်းသိမ်းမှုပြုလုပ်ခဲ့ရပါတယ်။

ဒိုင်လူကြီးဖီးလစ်ကအီတလီလက်ရွေးစင်ကိုအနီကတ်ပြထုတ်ပယ်ပြီး

မီလီတာအိုကိုအဝါကတ်ပြခဲ့ပါတယ်။မနေ့ညကပွဲစဉ်တွင်ရီးရဲလ်မက်ဒရစ်ဟာ

ပွဲအစ၁၇မိနစ်မှာတိုနီခရူးစ်သွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီး

တစ်ယောက်အသာဖြင့်ကစားရပြီးနောက်ပွဲချိန်၇၉မိနစ်မှ

ာအဆန်စီယိုကဒုတိယဂိုးသွင်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယင်းနိုင်ပွဲကြောင့်အုပ်စုဗိုလ်အဖြစ်ဖြင့်၁၆သင်း

ရှုံးထွက်အဆင့်သို့တက်သွားပြီးအင်တာမီလန်ကဒုတိယအဖြစ်ဖြင့်တက်ခဲ့ပါတယ်။

zawgyi

ရီးရဲလ္နဲ႔ပြဲမွာ လက္သီးနဲ႔ထိုးလို႔ အနီကတ္ရသြားတဲ့ နီကိုလိုဘာရယ္လာ

နီကိုလိုဘာရယ္လာဟာမေန႔ညတုန္းကရီးရဲလ္မက္ဒရစ္ကို

အင္တာမီလန္က၂-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာရီးရဲလ္မက္ဒရစ္ရဲ႕

အက္ဒါမီလီတာအိုရဲ႕ေျခေထာက္ကိုလက္သီးျဖင့္ထိုးခဲ့မႈအတြက္

အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အင္တာမီလန္စတားဟာဘာေနဗ်ဴးပြဲစဥ္မွာေဘာလုံးယွဥ္လုခဲ့ၾကပါတယ္။

အီတလီလက္ေ႐ြးစင္ဟာအတြန္းခံရမႈေၾကာင့္လႊင့္စင္ၿပီးေနာက္

မီလီတာအိုရဲ႕အနားသို႔လဲက်စဥ္ေျခေထာက္ကိုလက္သီးျဖင့္ထိုးခဲ့ကာ

တုံ႔ျပန္ခဲ့ပါတယ္။ဘရာဇီးလက္ေ႐ြးစင္ကလည္းဘာရယ္လာကို

ခ်က္ခ်င္းပင္ရင္ဘတ္နဲ႔တြန္းၿပီးျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ယင္းေနာက္

႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၿပီးႏွစ္ဖက္ကစားသမားမ်ားထိန္းသိမ္းမႈျပဳလုပ္ခဲ့ရပါတယ္။

ဒိုင္လူႀကီးဖီးလစ္ကအီတလီလက္ေ႐ြးစင္ကိုအနီကတ္ျပထုတ္ပယ္ၿပီး

မီလီတာအိုကိုအဝါကတ္ျပခဲ့ပါတယ္။မေန႔ညကပြဲစဥ္တြင္ရီးရဲလ္မက္ဒရစ္ဟာ

ပြဲအစ၁၇မိနစ္မွာတိုနီခ႐ူးစ္သြင္းယူတဲ့ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီး

တစ္ေယာက္အသာျဖင့္ကစားရၿပီးေနာက္ပြဲခ်ိန္၇၉မိနစ္မွ

ာအဆန္စီယိုကဒုတိယဂိုးသြင္းခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာယင္းႏိုင္ပြဲေၾကာင့္အုပ္စုဗိုလ္အျဖစ္ျဖင့္၁၆သင္း

ရႈံးထြက္အဆင့္သို႔တက္သြားၿပီးအင္တာမီလန္ကဒုတိယအျဖစ္ျဖင့္တက္ခဲ့ပါတယ္။