
ချဲလ်ဆီးဟာရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူအီဒါမီလီတုန်းကိုခေါ်ယူရန်
ပြောင်းရွှေ့ကြေးပေါင်၃၄သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်လိုက်ကြောင်း
သိရပါတယ်။ ဒါ့အပြင်လန်ဒန်အခြေစိုက်ကလပ်ဟာဘရာဇီး
နောက်ခံလူကိုလည်းလုပ်ခများစွာတိုးမြှင့်ပေးရန်အသင့်ရှိနေကြောင်း သိရပါတယ်။
ချဲလ်ဆီးဟာအင်ဒရေခရစ်တင်ဆင်နှင့်အန်တိုနီယိုရူဒီဂါတို့အား
စာချုပ်သစ်ချုပ်ဆိုရန်အဆင်မပြေဖြစ်ပြီးနောက်နောက်ခံလူသစ်ရှာဖွေနေပါတယ်။
ဒါ့အပြင်အသက်၃၇နှစ်ရှိပြီဖြစ်တဲ့တီယာဂိုဆေးလ်ဗားမှာလည်းရာသီအကုန်တွင်
ထွက်ခွာဖို့ရှိနေပါတယ်။ခရစ်တင်ဆင်နှင့်ရူဒီဂါတို့မှာယခုရာသီအကုန်တွင်
စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူများဖြစ်ပါတယ်။El National ရဲ့ဖော်ပြချက်အရ
ချဲလ်ဆီးဟာရာမို့စ်နှင့်ဗာရိန်းတို့ထွက်ခွာသွားပြီးနောက်ရီးရဲလ်မက်ဒရစ်တွင်
ပုံမှန်ပွဲထွက်ခွာရလာတဲ့မီလီတုန်းကိုခေါ်ယူရန်ဆန္ဒရှိနေကြောင်းသိရပါတယ်။
သူဟာယခုရာသီတွင်ရီးရဲလ်မက်ဒရစ်ရဲ့လာလီဂါပွဲ၁၂ပွဲလုံးပွဲထွက်ကစားခွင့်
ရထားသူဖြစ်ပါတယ်။အသက်၂၃နှစ်ရှိမီလီတုန်းဟာရီးရဲလ်မက်ဒရစ်နှင့်
၂၀၂၅ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပေမယ့်ချဲလ်ဆီးကသူ့ကိုစတမ်းဖို့ဒ်ဘရစ်ချ်သို့
လာရောက်အောင်ဆွဲဆောင်နိုင်မယ်လို့ယုံကြည်နေပါတယ်။
သောမတ်စ်တူချယ်ကမီလီတုန်းမှာအမြင့်ဘောရှင်းလင်းထုတ်မှုကောင်းမွန်ခြင်း၊
ဘောလုံးကျွမ်းကျင်မှုတို့ကြောင့်သူ့ရဲ့သုံးယောက်တန်း နောက်တန်းစနစ်တွင်
အံဝင်မယ်လို့ယုံကြည်နေပါတယ်။မီလီတုန်းဟာ၂၀၁၉ခုနှစ်တုန်းကပေါ်တိုမှ
ရီးရဲလ်မက်ဒရစ်သို့ပေါင်၄၃.၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။
သူဟာရီးရဲလ်မက်ဒရစ်တွင်နေရာအခိုင်အမာရယူလာမှုနဲ့အတူ
ဘရာဇီးအသင်းတွင်လည်းပုံမှန်ကစားခွင့်ရရှိနေပါတယ်။
zawgyi
ရီးရဲလ္မက္ဒရစ္စတားအီဒါမီလီတုန္းကို ေပါင္ ၃၄သန္းအျပင္ လုပ္ခမ်ားစြာတိုးျမႇင့္ၿပီး ခ်ဲလ္ဆီးကမ္းလွမ္း
ခ်ဲလ္ဆီးဟာရီးရဲလ္မက္ဒရစ္ဗဟိုေနာက္ခံလူအီဒါမီလီတုန္းကိုေခၚယူရန္
ေျပာင္းေ႐ႊ႕ေၾကးေပါင္၃၄သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္လိုက္ေၾကာင္း
သိရပါတယ္။ ဒါ့အျပင္လန္ဒန္အေျခစိုက္ကလပ္ဟာဘရာဇီး
ေနာက္ခံလူကိုလည္းလုပ္ခမ်ားစြာတိုးျမႇင့္ေပးရန္အသင့္ရွိေနေၾကာင္း သိရပါတယ္။
ခ်ဲလ္ဆီးဟာအင္ဒေရခရစ္တင္ဆင္ႏွင့္အန္တိုနီယို႐ူဒီဂါတို႔အား
စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အဆင္မေျပျဖစ္ၿပီးေနာက္ေနာက္ခံလူသစ္ရွာေဖြေနပါတယ္။
ဒါ့အျပင္အသက္၃၇ႏွစ္ရွိၿပီျဖစ္တဲ့တီယာဂိုေဆးလ္ဗားမွာလည္းရာသီအကုန္တြင္
ထြက္ခြာဖို႔ရွိေနပါတယ္။ခရစ္တင္ဆင္ႏွင့္႐ူဒီဂါတို႔မွာယခုရာသီအကုန္တြင္
စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူမ်ားျဖစ္ပါတယ္။El National ရဲ႕ေဖာ္ျပခ်က္အရ
ခ်ဲလ္ဆီးဟာရာမို႔စ္ႏွင့္ဗာရိန္းတို႔ထြက္ခြာသြားၿပီးေနာက္ရီးရဲလ္မက္ဒရစ္တြင္
ပုံမွန္ပြဲထြက္ခြာရလာတဲ့မီလီတုန္းကိုေခၚယူရန္ဆႏၵရွိေနေၾကာင္းသိရပါတယ္။
သူဟာယခုရာသီတြင္ရီးရဲလ္မက္ဒရစ္ရဲ႕လာလီဂါပြဲ၁၂ပြဲလုံးပြဲထြက္ကစားခြင့္
ရထားသူျဖစ္ပါတယ္။အသက္၂၃ႏွစ္ရွိမီလီတုန္းဟာရီးရဲလ္မက္ဒရစ္ႏွင့္
၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားေပမယ့္ခ်ဲလ္ဆီးကသူ႔ကိုစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔
လာေရာက္ေအာင္ဆြဲေဆာင္ႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။
ေသာမတ္စ္တူခ်ယ္ကမီလီတုန္းမွာအျမင့္ေဘာရွင္းလင္းထုတ္မႈေကာင္းမြန္ျခင္း၊
ေဘာလုံးကြၽမ္းက်င္မႈတို႔ေၾကာင့္သူ႔ရဲ႕သုံးေယာက္တန္း ေနာက္တန္းစနစ္တြင္
အံဝင္မယ္လို႔ယုံၾကည္ေနပါတယ္။မီလီတုန္းဟာ၂၀၁၉ခုႏွစ္တုန္းကေပၚတိုမွ
ရီးရဲလ္မက္ဒရစ္သို႔ေပါင္၄၃.၅သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။
သူဟာရီးရဲလ္မက္ဒရစ္တြင္ေနရာအခိုင္အမာရယူလာမႈနဲ႔အတူ
ဘရာဇီးအသင္းတြင္လည္းပုံမွန္ကစားခြင့္ရရွိေနပါတယ္။