ရီးရဲလ်မှာ ရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်း အယ်လ်ကလာစီကိုဒါဘီမှာ မက်ဆီ ဂိုးမသွင်းနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ၂၀၀၈ခုနှစ်နွေရာသီက ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်အသင်းကို ရော်နယ်ဒို ပြောင်းသွားပြီးနောက်ပိုင်း အယ်လ်ကလာစီကိုဒါဘီမှာ လုံး၀ ဂိုးမသွင်းနိုင်ခဲ့တော့ပါဘူး။

ရာသီအစက ဘာစီလိုနာကနေ ထွက်ဖို့ ကြိုးစားခဲ့တဲ့ မက်ဆီဟာ ဒီရာသီလာလီဂါမှာ ၁ဂိုးပဲသွင်းနိုင်ပါသေးတယ်။ စနေနေ့က ရီးရဲလ်မက်ဒရစ်ကို ၃ဂိုး၊ ၁ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ သေချာပေါက်ဂိုးရနိုင်မယ့်အခွင့်အရေးတွေရခဲ့သေးပေမယ့် ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ် ကာကွယ်သွားလို့ မက်ဆီ ဂိုးမရခဲ့တာပါ။

အယ်လ်ကလာစီကိုဒါဘီမှာ မက်ဆီ နောက်ဆုံးအကြိမ်ဂိုးသွင်းနိုင်ခဲ့တာကတော့ ၂၀၁၇-၁၈ရာသီက နူးကမ့်ကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ပွဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက အယ်လ်ကလာစီကိုဒါဘီမှာ မက်ဆီ ဂိုးမသွင်းနိုင်ခဲ့တာ အခုအထိပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၀၁၇-၁၈ ရာသီဟာ ရီးရဲလ်မက်ဒရစ်မှာ ခရစ္စတီယာနိုရော်နယ်ဒို နောက်ဆုံးကစားခဲ့တဲ့ ရာသီဖြစ်ပါတယ်။ အခုဆိုရင် မက်ဆီဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ပြီးနောက်ပိုင်း လာလီဂါနောက်ဆုံး ၄ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

နောက်ဆုံး ၄ပွဲမှာ သူ ဂိုးမသွင်းနိုင်ခဲ့သလို ဂိုးလည်းမဖန်တီးပေးနိုင်ခဲ့ပါဘူး။ မက်ဆီဟာ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲအလွန် ၂၀၁၄ခုနှစ်ကလည်း ရာသီအစကာလမှ အလားတူ ရုန်းကန်ခဲ့ရပါတယ်။

အယ်လ်ကလာစီကိုဒါဘီ နောက်ဆုံး ၇ပွဲဆက်တိုက် မက်ဆီ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒီနေ့အချိန်အထိ သူ့ရဲ့ဂိုးသွင်းစံချိန်ကိုတော့ ဘယ်သူမမီသေးပါဘူး။ မက်ဆီဟာ အယ်လ်ကလာစီကိုဒါဘီမှာ စုစုပေါင်း ၂၆ ဂိုးအထိသွင်းခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ၁၈ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ အယ်လ်ကလာစီကိုဒါဘီမှာ ဟက်ထရစ်ရခဲ့တဲ့ ရှားပါး ကစားသမား ၅ဦးထဲ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

zawgyi

ရီးရဲလ္မွာ ေရာ္နယ္ဒို မရွိေတာ့တဲ့ေနာက္ပိုင္း အယ္လ္ကလာစီကိုဒါဘီမွာ မက္ဆီ ဂိုးမသြင္းႏိုင္

ဘာစီလိုနာၾကယ္ပြင့္ လီယြန္နယ္မက္ဆီဟာ ၂၀၀၈ခုႏွစ္ေႏြရာသီက ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္စ္အသင္းကို ေရာ္နယ္ဒို ေျပာင္းသြားၿပီးေနာက္ပိုင္း အယ္လ္ကလာစီကိုဒါဘီမွာ လံုး၀ ဂိုးမသြင္းႏိုင္ခဲ့ေတာ့ပါဘူး။

ရာသီအစက ဘာစီလိုနာကေန ထြက္ဖို႔ ႀကိဳးစားခဲ့တဲ့ မက္ဆီဟာ ဒီရာသီလာလီဂါမွာ ၁ဂိုးပဲသြင္းႏိုင္ပါေသးတယ္။ စေနေန႔က ရီးရဲလ္မက္ဒရစ္ကို ၃ဂိုး၊ ၁ဂိုးနဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ေသခ်ာေပါက္ဂိုးရႏိုင္မယ့္အခြင့္အေရးေတြရခဲ့ေသးေပမယ့္ ရီးရဲလ္မက္ဒရစ္ဂိုးသမား ေကာ္တြိဳက္စ္ ကာကြယ္သြားလို႔ မက္ဆီ ဂိုးမရခဲ့တာပါ။

အယ္လ္ကလာစီကိုဒါဘီမွာ မက္ဆီ ေနာက္ဆံုးအႀကိမ္ဂိုးသြင္းႏိုင္ခဲ့တာကေတာ့ ၂၀၁၇-၁၈ရာသီက ႏူးကမ့္ကြင္းမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ၂ဂိုးစီသေရက်ခဲ့တဲ့ပဲြျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းကတည္းက အယ္လ္ကလာစီကိုဒါဘီမွာ မက္ဆီ ဂိုးမသြင္းႏိုင္ခဲ့တာ အခုအထိပါပဲ။

တိုက္တိုက္ဆိုင္ဆိုင္ပဲ ၂၀၁၇-၁၈ ရာသီဟာ ရီးရဲလ္မက္ဒရစ္မွာ ခရစၥတီယာႏိုေရာ္နယ္ဒို ေနာက္ဆံုးကစားခဲ့တဲ့ ရာသီျဖစ္ပါတယ္။ အခုဆိုရင္ မက္ဆီဟာ ဗီလာရီးရဲလ္နဲ႔ပြဲမွာ ဂိုးသြင္းႏိုင္ၿပီးေနာက္ပိုင္း လာလီဂါေနာက္ဆံုး ၄ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့ပါတယ္။

ေနာက္ဆံုး ၄ပြဲမွာ သူ ဂိုးမသြင္းႏိုင္ခဲ့သလို ဂိုးလည္းမဖန္တီးေပးႏိုင္ခဲ့ပါဘူး။ မက္ဆီဟာ ဘရာဇီးကမၻာ႔ဖလားၿပိဳင္ပြဲအလြန္ ၂၀၁၄ခုႏွစ္ကလည္း ရာသီအစကာလမွ အလားတူ ရုန္းကန္ခဲ့ရပါတယ္။

အယ္လ္ကလာစီကိုဒါဘီ ေနာက္ဆံုး ၇ပြဲဆက္တိုက္ မက္ဆီ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဒီေန႔အခ်ိန္အထိ သူ႔ရဲ႕ဂိုးသြင္းစံခ်ိန္ကိုေတာ့ ဘယ္သူမမီေသးပါဘူး။ မက္ဆီဟာ အယ္လ္ကလာစီကိုဒါဘီမွာ စုစုေပါင္း ၂၆ ဂိုးအထိသြင္းခဲ့ၿပီး ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့ ၁၈ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ မက္ဆီဟာ အယ္လ္ကလာစီကိုဒါဘီမွာ ဟက္ထရစ္ရခဲ့တဲ့ ရွားပါး ကစားသမား ၅ဦးထဲ တစ္ဦးအပါအ၀င္ျဖစ္ပါတယ္။