ရီးရဲလ်အတွက်ဆို ဒဏ်ရာရနေမယ့် ဘေးလ်အတွက် အဆဲဆု

ရီးရဲလ်မက်ဒရစ်ပရိသတ်အုပ်စုငယ်တစ်ခုဟာသောကြာနေ့တုန်းက

ရီးရဲလ်မက်ဒရစ်လေ့ကျင့်ရေးကွင်းတွင်ဂါရတ်ဘေးလ်အား

အော်ဟစ်ဆဲဆိုမှုပြုလုပ်ခဲ့ကြပါတယ်။ဒေါသထွက်နေတဲ့ပရိသတ်တစ်ဦးဟာ

ဂါရတ်ဘေးလ်ရဲ့ကားမှန်ကိုဆော့ပင်ဖြင့်ပင်ပစ်ပေါက်ခဲ့ပြီး

အော်ဟစ်ဆဲဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဂါရတ်ဘေးလ်ဟာဗယ်ဒီဘီဘက်စ်လေ့ကျင့်ရေးကွင်းမှ

ကားဖြင့်ထွက်လာစဉ်ပရိသတ်အုပ်စုငယ်နှင့်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်

ရီးရဲလ်မက်ဒရစ်အတွက်တစ်ပွဲမျှမကစားရသေးမီဝေးလ်အတွက်

ကမ္ဘာ့ဖလားခြေစစ်ပွဲသွားရောက်ကစားစဉ်ဒဏ်ရာဖြင့်

ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်ပရိသတ်များဟာ

ဂါရတ်ဘေးလ်ကိုပစ်မှတ်ထားလာကြတာဖြစ်ပါတယ်။

အသက်၃၂နှစ်ရှိဝေးလ်အသင်းခေါင်းဆောင်ဟာစနေနေ့တုန်းက

ဘီလာရုစ်နှင့်ပွဲတွင်သူ့ရဲ့နိုင်ငံတကာပွဲ၁၀၀မြောက်ပွဲအားကစားစဉ်

ခြေသလုံးဒဏ်ရာရရှိခဲ့တာဖြစ်ပြီးအနည်းဆုံးသုံးပတ်ကြာအနားယူရပါမယ်။

သူဟာဘယ်လ်ဂျီယံနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲကိုလွဲချော်ခဲ့ပါတယ်။

ဝေးလ်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်အဆင့်သို့

တက်လှမ်းနိုင်ခဲ့ပြီးမတ်လမှာကစားရပါမယ်။

စပါးစ်စတားဟောင်းဟာဩဂုတ်လနှောင်းပိုင်းတုန်းကလေ့ကျင့်ခန်း

အစီအစဉ်တွင်တံကောက်ကြောဒဏ်ရာရရှိပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက်

တစ်ပွဲမျှမကစားနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်ပရိသတ်များဟာ အသင်းထက်နိုင်ငံအတွက်

ဦးစားပေးပြီးကစားဖို့ကြိုးစားတဲ့ဘေးလ်ကိုပစ်မှတ်ထားလာတာပါ။

zawgyi

ရီးရဲလ္အတြက္ဆို ဒဏ္ရာရေနမယ့္ ေဘးလ္အတြက္ အဆဲဆု

ရီးရဲလ္မက္ဒရစ္ပရိသတ္အုပ္စုငယ္တစ္ခုဟာေသာၾကာေန႔တုန္းက

ရီးရဲလ္မက္ဒရစ္ေလ့က်င့္ေရးကြင္းတြင္ဂါရတ္ေဘးလ္အား

ေအာ္ဟစ္ဆဲဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။ေဒါသထြက္ေနတဲ့ပရိသတ္တစ္ဦးဟာ

ဂါရတ္ေဘးလ္ရဲ႕ကားမွန္ကိုေဆာ့ပင္ျဖင့္ပင္ပစ္ေပါက္ခဲ့ၿပီး

ေအာ္ဟစ္ဆဲဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ဂါရတ္ေဘးလ္ဟာဗယ္ဒီဘီဘက္စ္ေလ့က်င့္ေရးကြင္းမွ

ကားျဖင့္ထြက္လာစဥ္ပရိသတ္အုပ္စုငယ္ႏွင့္ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဂါရတ္ေဘးလ္ဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီးေနာက္

ရီးရဲလ္မက္ဒရစ္အတြက္တစ္ပြဲမွ်မကစားရေသးမီေဝးလ္အတြက္

ကမာၻ႔ဖလားေျခစစ္ပြဲသြားေရာက္ကစားစဥ္ဒဏ္ရာျဖင့္

ျပန္လာခဲ့တာလည္းျဖစ္ပါတယ္။ဒါေၾကာင့္လည္းရီးရဲလ္မက္ဒရစ္ပရိသတ္မ်ားဟာ

ဂါရတ္ေဘးလ္ကိုပစ္မွတ္ထားလာၾကတာျဖစ္ပါတယ္။

အသက္၃၂ႏွစ္ရွိေဝးလ္အသင္းေခါင္းေဆာင္ဟာစေနေန႔တုန္းက

ဘီလာ႐ုစ္ႏွင့္ပြဲတြင္သူ႔ရဲ႕ႏိုင္ငံတကာပြဲ၁၀၀ေျမာက္ပြဲအားကစားစဥ္

ေျခသလုံးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးအနည္းဆုံးသုံးပတ္ၾကာအနားယူရပါမယ္။

သူဟာဘယ္လ္ဂ်ီယံႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲကိုလြဲေခ်ာ္ခဲ့ပါတယ္။

ေဝးလ္ဟာကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္အဆင့္သို႔

တက္လွမ္းႏိုင္ခဲ့ၿပီးမတ္လမွာကစားရပါမယ္။

စပါးစ္စတားေဟာင္းဟာဩဂုတ္လေႏွာင္းပိုင္းတုန္းကေလ့က်င့္ခန္း

အစီအစဥ္တြင္တံေကာက္ေၾကာဒဏ္ရာရရွိၿပီးေနာက္ ရီးရဲလ္မက္ဒရစ္အတြက္

တစ္ပြဲမွ်မကစားႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေၾကာင့္လည္းရီးရဲလ္မက္ဒရစ္ပရိသတ္မ်ားဟာ အသင္းထက္ႏိုင္ငံအတြက္

ဦးစားေပးၿပီးကစားဖို႔ႀကိဳးစားတဲ့ေဘးလ္ကိုပစ္မွတ္ထားလာတာပါ။