
ဒီရက်သတ္တပတ်ကုန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မရှိဘဲ
အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေကို ကစားသွားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင်က
အက်ဖ်အေဖလား တတိယအဆင့် မှာ ယူနိုက်တက်ပွဲအတွက်
သူ့ရဲ့ ခန့်မှန်းချက်ကို အခုလို ပြောဆိုထားပါတယ်။
ယူနိုက်တက် နဲ့ အက်စတွန်ဗီလာပွဲကတော့
အင်္ဂါနေ့နံနက် (2)နာရီ(25)မိနစ်မှာ ကစားမှာ ဖြစ်ပါတယ်။
“ရန်းနစ်ဟာ ယူနိုက်တက်ကို ရောက်လာတာ သိပ်ပြီး မကြာသေးပေမယ့်လည်း
အခုကတည်းက ဖိအားတွေ များပြားနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ကစားပုံဟာ ကောင်းမွန်ခြင်း မရှိခဲ့တဲ့ အပြင်
ကလပ်ဟာ ဆုဖလား တစ်ခုခုကို ရယူဖို့ အတွက် အသည်းအသန် ဖြစ်နေပါတယ်။
ဗီလာကလည်း ပြိုင်ပွဲကနေ စောစော မထွက်ရဖို့ အတွက် အားခဲနေမှာ ဖြစ်ပြီး
စတီဗင်ဂျာရတ် အနေနဲ့ အားနည်းတဲ့ အသင်းကို
ထုတ်သုံးသွားစရာ အကြောင်း လုံး၀ မရှိပါဘူး။
ယူနိုက်တက် ကတော့ ကပ်ပြီး အသာရသွားမယ်လို့ ထင်ပါတယ်။”
ဆိုပြီး အိုဝင်က ပြောဆိုထားပါတယ်။
အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့
ယူနိုက်တက် ၂-၁အက်စတွန်ဗီလာ ဖြစ်ပါတယ်။
zawgyi
႐ုန္းကန္ေနရတဲ့ ယူႏိုက္တက္အတြက္ အိုဝင္ရဲ႕ ခန႔္မွန္းခ်က္
ဒီရက္သတၱပတ္ကုန္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ မရွိဘဲ
အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္ေတြကို ကစားသြားရမွာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ ၾကယ္ပြင့္ေဟာင္း မိုက္ကယ္အိုဝင္က
အက္ဖ္ေအဖလား တတိယအဆင့္ မွာ ယူႏိုက္တက္ပြဲအတြက္
သူ႔ရဲ႕ ခန႔္မွန္းခ်က္ကို အခုလို ေျပာဆိုထားပါတယ္။
ယူႏိုက္တက္ နဲ႔ အက္စတြန္ဗီလာပြဲကေတာ့
အဂၤါေန႔နံနက္ (2)နာရီ(25)မိနစ္မွာ ကစားမွာ ျဖစ္ပါတယ္။
“ရန္းနစ္ဟာ ယူႏိုက္တက္ကို ေရာက္လာတာ သိပ္ၿပီး မၾကာေသးေပမယ့္လည္း
အခုကတည္းက ဖိအားေတြ မ်ားျပားေနၿပီ ျဖစ္ပါတယ္။
ယူႏိုက္တက္ရဲ႕ ကစားပုံဟာ ေကာင္းမြန္ျခင္း မရွိခဲ့တဲ့ အျပင္
ကလပ္ဟာ ဆုဖလား တစ္ခုခုကို ရယူဖို႔ အတြက္ အသည္းအသန္ ျဖစ္ေနပါတယ္။
ဗီလာကလည္း ၿပိဳင္ပြဲကေန ေစာေစာ မထြက္ရဖို႔ အတြက္ အားခဲေနမွာ ျဖစ္ၿပီး
စတီဗင္ဂ်ာရတ္ အေနနဲ႔ အားနည္းတဲ့ အသင္းကို
ထုတ္သုံးသြားစရာ အေၾကာင္း လုံး၀ မရွိပါဘူး။
ယူႏိုက္တက္ ကေတာ့ ကပ္ၿပီး အသာရသြားမယ္လို႔ ထင္ပါတယ္။”
ဆိုၿပီး အိုဝင္က ေျပာဆိုထားပါတယ္။
အိုဝင္ရဲ႕ ခန႔္မွန္းခ်က္ ကေတာ့
ယူႏိုက္တက္ ၂-၁အက္စတြန္ဗီလာ ျဖစ္ပါတယ္။