ရုပ်သံစတီဒီယိုမှ ထွက်မယ်လို့ ဗန်ဒါဗတ် ခြိမ်းခြောက်

ရာဖေးလ်ဗန်ဒါဗတ်ဟာတီမိုဝါနာကို ယူနိုက်တက်တိုက်စစ်မှူးဟောင်း

ရော်ဘင်ဗန်ပါစီနှင့်နှိုင်းယှဉ်ပြောကြားလာမှုကြောင့် ဒတ်ချ်တီဗွီစတီဒီယိုက

ထွက်ခွာမယ်လို့ခြိမ်းခြောက်ပြောကြားမှုပြုလုပ်ခဲ့ပါတယ်။

ဝါနာဟာဗုဒ္ဓဟူးနေ့တုန်းကဇစ်နစ်နှင့်ချဲလ်ဆီးတို့သုံးဂိုးစီသရေကျတဲ့ပွဲစဉ်မှာ

နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဂျာမန်တိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်တွင်

ချဲလ်ဆီးသို့ရောက်လာပြီးတဲ့နောက် ခြေစွမ်းပြနိုင်ရန်

ရုန်းကန်နေရခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမယ့်လိုက်ဇစ်တိုက်စစ်မှူးဟောင်းဟာ

ရုရှားမှာကစားတဲ့ပွဲစဉ်မှာတော့ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ယင်းပွဲကိုဒတ်ချ်ရုပ်သံ Ziggo Sport ကထုတ်လွှင့်ပြသခဲ့ပါတယ်။

ယင်းရုပ်သံကဝါနာရဲ့ဂိုးသွင်းအဆုံးသတ်ပုံကအာဆင်နယ်နှင့်

ယူနိုက်တက်ဂန္ဌဝင်တိုက်စစ်မှူးဗန်ပါစီနှင့်တူညီကြောင်းနှိုင်းယှဉ်ခဲ့ပါတယ်။

ဒါပေမဲ့ဗန်ပါစီရဲ့နယ်သာလန်ကစားဖော်ဟောင်းဗန်ဒါဗတ်က

“ဝါနာကို ဗန်ပါစီနဲ့နောက်ထပ်တစ်ကြိမ်နှိုင်းယှဉ်လာဦးမယ်ဆိုရင်တော့

အခု ငါထွက်သွားတော့မယ်”လို့တုံ့ပြန်ခဲ့ပါတယ်။

ဗန်ဒါဗတ်ဟာ၂၀၁၈ခုနှစ်မှာကစားသမားဘဝမှအနားယူပြီးနောက်

ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်ပြီး

ဥရောပဘောလုံးလောကရဲ့နာမည်ကျော်ဘောလုံးဝေဖန်သုံးသပ်သူများထဲမှ

တစ်ဦးဖြစ်လာခဲ့ပါတယ်။

zawgyi

႐ုပ္သံစတီဒီယိုမွ ထြက္မယ္လို႔ ဗန္ဒါဗတ္ ၿခိမ္းေျခာက္

ရာေဖးလ္ဗန္ဒါဗတ္ဟာတီမိုဝါနာကို ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း

ေရာ္ဘင္ဗန္ပါစီႏွင့္ႏႈိင္းယွဥ္ေျပာၾကားလာမႈေၾကာင့္ ဒတ္ခ်္တီဗြီစတီဒီယိုက

ထြက္ခြာမယ္လို႔ၿခိမ္းေျခာက္ေျပာၾကားမႈျပဳလုပ္ခဲ့ပါတယ္။

ဝါနာဟာဗုဒၶဟူးေန႔တုန္းကဇစ္နစ္ႏွင့္ခ်ဲလ္ဆီးတို႔သုံးဂိုးစီသေရက်တဲ့ပြဲစဥ္မွာ

ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ဂ်ာမန္တိုက္စစ္မႉးဟာ၂၀၂၀ခုႏွစ္တြင္

ခ်ဲလ္ဆီးသို႔ေရာက္လာၿပီးတဲ့ေနာက္ ေျခစြမ္းျပႏိုင္ရန္

႐ုန္းကန္ေနရခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမယ့္လိုက္ဇစ္တိုက္စစ္မႉးေဟာင္းဟာ

႐ုရွားမွာကစားတဲ့ပြဲစဥ္မွာေတာ့ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ယင္းပြဲကိုဒတ္ခ်္႐ုပ္သံ Ziggo Sport ကထုတ္လႊင့္ျပသခဲ့ပါတယ္။

ယင္း႐ုပ္သံကဝါနာရဲ႕ဂိုးသြင္းအဆုံးသတ္ပုံကအာဆင္နယ္ႏွင့္

ယူႏိုက္တက္ဂႏၭဝင္တိုက္စစ္မႉးဗန္ပါစီႏွင့္တူညီေၾကာင္းႏႈိင္းယွဥ္ခဲ့ပါတယ္။

ဒါေပမဲ့ဗန္ပါစီရဲ႕နယ္သာလန္ကစားေဖာ္ေဟာင္းဗန္ဒါဗတ္က

“ဝါနာကို ဗန္ပါစီနဲ႔ေနာက္ထပ္တစ္ႀကိမ္ႏႈိင္းယွဥ္လာဦးမယ္ဆိုရင္ေတာ့

အခု ငါထြက္သြားေတာ့မယ္”လို႔တုံ႔ျပန္ခဲ့ပါတယ္။

ဗန္ဒါဗတ္ဟာ၂၀၁၈ခုႏွစ္မွာကစားသမားဘဝမွအနားယူၿပီးေနာက္

ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္တာဝန္ထမ္းေဆာင္ေနခဲ့သူျဖစ္ၿပီး

ဥေရာပေဘာလုံးေလာကရဲ႕နာမည္ေက်ာ္ေဘာလုံးေဝဖန္သုံးသပ္သူမ်ားထဲမွ

တစ္ဦးျဖစ္လာခဲ့ပါတယ္။