ရူဒီဂါကို အသင်းမှာ ဆက်ရှိစေချင်တဲ့ တူချယ်

သောမတ်စ်တူချယ်ကအန်တိုနီယိုရူဒီဂါကိုတစ်သင်းလုံးက

ချဲလ်ဆီးတွင်ဆက်ရှိနေစေလိုကြောင်းပြောကြားလာပါတယ်။

အသက်၂၈နှစ်ရှိဂျာမနီလက်ရွေးစင်နောက်ခံလူဟာယခုရာသီအကုန်တွင်

စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးလာမယ့်ဇန်နဝါရီလမှစတင်ကာ

နိုင်ငံခြားကလပ်တစ်ခုနှင့်အကြိုစာချုပ်ချုပ်ဆိုထားနိုင်သူဖြစ်ပါတယ်။

သူ့ကိုရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်နှင့်ဂျူဗင်တပ်တို့ကခေါ်ယူလိုနေပြီး

လက်ရှိချဲလ်ဆီးတွင်ရရှိနေတဲ့တစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀ရဲ့နှစ်ဆအဖြစ်

ပေါင်၂၀၀၀၀၀အထိပေးရန်အသင့်ရှိနေပါတယ်။

သောမတ်စ်တူချယ်က“သူဟာဒီကိုရောက်တဲ့ပထမဆုံးနေ့ကတည်းက

အကောင်းဆုံးလုပ်ပြလာသူဖြစ်ပါတယ်။သူ့လိုကစားသမားမျိုးကို

ဆက်ရှိစေချင်ပါတယ်။ခံစစ်ကပုံမှန်တောင့်တင်းပါတယ်။

သူတို့ချီးကျူးခံရဖို့ထိုက်တန်ပါတယ်။သူတို့ကတစ်ယောက်နဲ့တစ်ယောက်

အကာအကွယ်ပေးပြီးထောက်ပံ့သလို တိုက်စစ်ပိုင်းမှာလည်း

ရဲရင့်ကြပါတယ်။ကျွန်တော်တို့ကထောင့်ကန်ဘောကနေအန္တရာယ်ရှိတဲ့

အသင်းဖြစ်ချင်ပါတယ်။လူတိုင်းကသူ့ကိုရှိစေချင်ပါတယ်။

ဒါကရှင်းရှင်းလေးပါ။သူလည်းသိပါတယ်။တစ်ခါတစ်လေ

ရွှေ့ဆိုင်းရတာလေးတွေရှိပါတယ်။ဒါပေမယ့်ဒါကသူ့စိတ်ဓာတ်အပေါ်

မထိခိုက်သလိုစွမ်းဆောင်ရည်နဲ့အပြုအမူအပေါ်မှာလည်းမရိုက်ခတ်ပါဘူး။

သူကအခုအချိန်အထိချဲလ်ဆီးအတွက်အစွမ်းကုန်ပေးဆပ်လာပါတယ်။

သူကကလပ်နဲ့ပရိသတ်တွေရဲ့ယုံကြည်မှု၊လေးစားမှုနဲ့ချစ်ခြင်းမေတ္တာကို

ခံစားရမှာပါ။သူဟာအရမ်းကောင်းတဲ့ကလပ်နဲ့လိဂ်နဲ့မှာရှိနေတာသိပါတယ်။

သူကလည်းပြိုင်ဆိုင်လိုစိတ်ကြီးသူပါ။ကျွန်တော်တို့အနည်းငယ်စိတ်ရှည်ရပါမယ်။

ပျော်ရွှင်စရအဆုံးသတ်လာဖို့မျှော်လင့်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ရူဒီဂါဟာ၂၀၁၇ခုနှစ်တွင်ရိုးမားမှပြောင်းရွှေ့ကြေး

ပေါင်၃၁သန်းဖြင့်ရောက်လာပြီးနောက်ပထမရာသီတွင်အက်ဖ်အေဖလားနှင့်

ယူရိုပါလိဂ်ဖလားတို့ရခဲ့ပြီးနွေရာသီတုန်းကချန်ပီယံလိဂ်ဖလားနှင့်

ဥရောပစူပါဖလားတို့ရယူနိုင်ခဲ့ပါတယ်။

zawgyi

႐ူဒီဂါကို အသင္းမွာ ဆက္ရွိေစခ်င္တဲ့ တူခ်ယ္

ေသာမတ္စ္တူခ်ယ္ကအန္တိုနီယို႐ူဒီဂါကိုတစ္သင္းလုံးက

ခ်ဲလ္ဆီးတြင္ဆက္ရွိေနေစလိုေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၈ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ေနာက္ခံလူဟာယခုရာသီအကုန္တြင္

စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးလာမယ့္ဇန္နဝါရီလမွစတင္ကာ

ႏိုင္ငံျခားကလပ္တစ္ခုႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္သူျဖစ္ပါတယ္။

သူ႔ကိုရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္ႏွင့္ဂ်ဴဗင္တပ္တို႔ကေခၚယူလိုေနၿပီး

လက္ရွိခ်ဲလ္ဆီးတြင္ရရွိေနတဲ့တစ္ပတ္လုပ္ခေပါင္၁၀၀၀၀၀ရဲ႕ႏွစ္ဆအျဖစ္

ေပါင္၂၀၀၀၀၀အထိေပးရန္အသင့္ရွိေနပါတယ္။

ေသာမတ္စ္တူခ်ယ္က“သူဟာဒီကိုေရာက္တဲ့ပထမဆုံးေန႔ကတည္းက

အေကာင္းဆုံးလုပ္ျပလာသူျဖစ္ပါတယ္။သူ႔လိုကစားသမားမ်ိဳးကို

ဆက္ရွိေစခ်င္ပါတယ္။ခံစစ္ကပုံမွန္ေတာင့္တင္းပါတယ္။

သူတို႔ခ်ီးက်ဴးခံရဖို႔ထိုက္တန္ပါတယ္။သူတို႔ကတစ္ေယာက္နဲ႔တစ္ေယာက္

အကာအကြယ္ေပးၿပီးေထာက္ပံ့သလို တိုက္စစ္ပိုင္းမွာလည္း

ရဲရင့္ၾကပါတယ္။ကြၽန္ေတာ္တို႔ကေထာင့္ကန္ေဘာကေနအႏၲရာယ္ရွိတဲ့

အသင္းျဖစ္ခ်င္ပါတယ္။လူတိုင္းကသူ႔ကိုရွိေစခ်င္ပါတယ္။

ဒါကရွင္းရွင္းေလးပါ။သူလည္းသိပါတယ္။တစ္ခါတစ္ေလ

ေ႐ႊ႕ဆိုင္းရတာေလးေတြရွိပါတယ္။ဒါေပမယ့္ဒါကသူ႔စိတ္ဓာတ္အေပၚ

မထိခိုက္သလိုစြမ္းေဆာင္ရည္နဲ႔အျပဳအမူအေပၚမွာလည္းမ႐ိုက္ခတ္ပါဘူး။

သူကအခုအခ်ိန္အထိခ်ဲလ္ဆီးအတြက္အစြမ္းကုန္ေပးဆပ္လာပါတယ္။

သူကကလပ္နဲ႔ပရိသတ္ေတြရဲ႕ယုံၾကည္မႈ၊ေလးစားမႈနဲ႔ခ်စ္ျခင္းေမတၱာကို

ခံစားရမွာပါ။သူဟာအရမ္းေကာင္းတဲ့ကလပ္နဲ႔လိဂ္နဲ႔မွာရွိေနတာသိပါတယ္။

သူကလည္းၿပိဳင္ဆိုင္လိုစိတ္ႀကီးသူပါ။ကြၽန္ေတာ္တို႔အနည္းငယ္စိတ္ရွည္ရပါမယ္။

ေပ်ာ္႐ႊင္စရအဆုံးသတ္လာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔

ေျပာၾကားသြားပါတယ္။႐ူဒီဂါဟာ၂၀၁၇ခုႏွစ္တြင္႐ိုးမားမွေျပာင္းေ႐ႊ႕ေၾကး

ေပါင္၃၁သန္းျဖင့္ေရာက္လာၿပီးေနာက္ပထမရာသီတြင္အက္ဖ္ေအဖလားႏွင့္

ယူ႐ိုပါလိဂ္ဖလားတို႔ရခဲ့ၿပီးေႏြရာသီတုန္းကခ်န္ပီယံလိဂ္ဖလားႏွင့္

ဥေရာပစူပါဖလားတို႔ရယူႏိုင္ခဲ့ပါတယ္။