ရူဒီဂါရဲ့ ဟာဗက်ဇ်ကို ကာကွယ်ပေးလိုမှု
မနေ့ညတုန်းကလိဒ်ကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင်နှစ်ဖက်ကစားသမား
ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင်ကစားဖော်ကိုလိဒ်ကစားသမားများက
အနိုင်ကျင့်မှုအပေါ် အကာအကွယ်ပေးခဲ့တဲ့အန်တိုနီယိုရူဒီဂါက
ချဲလ်ဆီးနည်းပြတူချယ်ကချီးကျူးလာပါတယ်။
ချဲလ်ဆီးနှင့်လိဒ်စတားတို့ဟာမနေ့ညတုန်းကပွဲစဉ်တွင်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။
မနေ့ညကလိဒ်ကိုချဲလ်ဆီးက၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်နှစ်ဖက်ကစားသမားတို့
ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးချဲလ်ဆီးနောက်ခံလူရူဒီဂါဟာဟာဗတ်ဇ်ကို
အကာအကွယ်ပေးပြီးလိဒ်စတားများနှင့်အချင်းများခဲ့ကြပါတယ်။
အထက်ပါအဖြစ်အပျက်တွင်မည်သည့်ကစားသမားမျှအဝါကတ်ပြ
အရေးယူခြင်းမခံခဲ့ရပေမယ့်သက်ဆိုင်ရာကလပ်နှစ်ခုကတော့
ကစားသမားများကိုမထိန်းသိမ်းနိုင်မှုအတွက်အက်ဖ်အေရဲ့
ဒဏ်ရိုက်ခြင်းခံရဖို့သေချာနေပြီဖြစ်ပါတယ်။
ချဲလ်ဆီးကလိဒ်ကိုအနိုင်ရရှိတဲ့ပွဲမှာချဲလ်ဆီးဟာနာကျင်အချိန်ပိုမှာ
ပင်နယ်တီရရှိပြီး၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ယင်းပွဲတွင်
လိဒ်ဟာလည်းပင်နယ်တီကနေဦးဆောင်ဂိုးရရှိခဲ့ပြီးချဲလ်ဆီးက
ဒုတိယပိုင်းအစမှာပင်နယ်တီတစ်ကြိမ်ရရှိခဲ့ပါသေးတယ်။
ချဲလ်ဆီးနည်းပြတူချယ်က “တိုနီ(ရူဒီဂါ)ကစိတ်ခံစားချက်ပြင်းတဲ့
ခေါင်းဆောင်တစ်ဦးပါ။ကွင်းထဲမှာစိတ်လိုက်မာန်ပါလုပ်တတ်တဲ့ခေါင်းဆောင်တစ်ဦးပါ။
ကစားဖော်တွေကိုအကာအကွယ်ပေးဖို့မလိုဘူး၊အချင်းများမှုမရှိဘူးဆိုရင်
သူပါဝင်မှာမဟုတ်ပါဘူး။ဒါကရာခိုင်နှုန်းရူဒီဂါပါ။တစ်မှတ်ရထားတဲ့အနေအထားကနေ
အမှတ်ဆုံးရှုံးရမယ့်အခြေအနေသို့ရောက်သွားချိန်မှာဘယ်လိုခံစားရမယ်ဆိုတာ
နားလည်ပါတယ်။ဒီလိုအချိန်မှာဒေါသထွက်မယ်။
ပြီးတော့စိတ်ပျက်မယ်”လို့ပြောကြားသွားပါတယ်။
zawgyi