ရူဘင်နီးဗတ်စ်ကို ယူနိုက်တက်နဲ့ အပြိုင် ခေါ်ယူမယ့် ရီးယဲလ်

ဝုလ်ဗ်အသင်းရဲ့ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူရူဘင်နီးဗတ်စ်ကို ခေါ်ယူလိုနေတဲ့

အသင်းတွေထဲမှာ လာလီဂါထိပ်သီးရီးယဲလ်အသင်းလည်းပါဝင်လာပြီး မန်ချက်စတာ

ယူနိုက်တက်အသင်းနဲ့အပြိုင် ကြိုးပမ်းသွားဖို့ရှိနေတယ်လို့ The Hard Tackle

ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက

ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးခေါ်ယူဖို့ပြင်ဆင်ခဲ့ပြီး ရူဘင်နီးဗတ်စ်ကို

ချိတ်ဆက်ခဲ့တယ်လို့သတင်းထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့က တရားဝင်ဖြစ်မလာခဲ့ပါဘူး။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ရူဘင်နီးဗတ်စ်ဟာ

၂၀၁၇ ခုနှစ်မှာ ပေါ်တိုအသင်းကနေ ဝုလ်ဗ်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး

အသင်းရဲ့အဓိက,ကစားသမားအဖြစ်ပါဝင်ခွင့်ရနေသလို စုစုပေါင်း(၁၈၇)ပွဲကစား၊

(၂၁)ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ကွင်းလယ်ပိုင်းအားနည်းချက်ကြောင့် ရုန်းကန်နေရတဲ့အတွက်

ရူဘင်နီးဗတ်စ်ကိုပြန်လည်ကြိုးပမ်းမယ့်အနေအထားရှိနေပြီး ယူနိုက်တက်အပြင်

ရူဘင်နီးဗတ်စ်ကို လီဗာပူးလ်၊ ရီးယဲလ်အသင်းတို့ကလည်းစိတ်ဝင်စားနေတဲ့အတွက်

အပြိုင်ကြိုးပမ်းရဖို့ရှိနေပါပြီ။ ၂၀၂၃ ခုနှစ်အထိစာချုပ်သက်တမ်းကျန်နေတဲ့

ရူဘင်နီးဗတ်စ်အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးရမှ ဝုလ်ဗ်အသင်းက

အပြောင်းအရွှေ့ကို လက်ခံစဉ်းစားသွားမယ့်အနေအထားပါပဲ။

zawgyi

႐ူဘင္နီးဗတ္စ္ကို ယူႏိုက္တက္နဲ႔ အၿပိဳင္ ေခၚယူမယ့္ ရီးယဲလ္

ဝုလ္ဗ္အသင္းရဲ႕ေပၚတူဂီလက္ေ႐ြးစင္ကြင္းလယ္လူ႐ူဘင္နီးဗတ္စ္ကို ေခၚယူလိုေနတဲ့

အသင္းေတြထဲမွာ လာလီဂါထိပ္သီးရီးယဲလ္အသင္းလည္းပါဝင္လာၿပီး မန္ခ်က္စတာ

ယူႏိုက္တက္အသင္းနဲ႔အၿပိဳင္ ႀကိဳးပမ္းသြားဖို႔ရွိေနတယ္လို႔ The Hard Tackle

ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက

ကြင္းလယ္ခံစစ္ကစားသမားတစ္ဦးေခၚယူဖို႔ျပင္ဆင္ခဲ့ၿပီး ႐ူဘင္နီးဗတ္စ္ကို

ခ်ိတ္ဆက္ခဲ့တယ္လို႔သတင္းထြက္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕က တရားဝင္

ျဖစ္မလာခဲ့ပါဘူး။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ႐ူဘင္နီးဗတ္စ္ဟာ

၂၀၁၇ ခုႏွစ္မွာ ေပၚတိုအသင္းကေန ဝုလ္ဗ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး

အသင္းရဲ႕အဓိက,ကစားသမားအျဖစ္ပါဝင္ခြင့္ရေနသလို စုစုေပါင္း(၁၈၇)ပြဲကစား၊

(၂၁)ဂိုးသြင္းယူထားသူျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ

ကြင္းလယ္ပိုင္းအားနည္းခ်က္ေၾကာင့္ ႐ုန္းကန္ေနရတဲ့အတြက္

႐ူဘင္နီးဗတ္စ္ကိုျပန္လည္ႀကိဳးပမ္းမယ့္အေနအထားရွိေနၿပီး ယူႏိုက္တက္အျပင္

႐ူဘင္နီးဗတ္စ္ကို လီဗာပူးလ္၊ ရီးယဲလ္အသင္းတို႔ကလည္းစိတ္ဝင္စားေနတဲ့အတြက္

အၿပိဳင္ႀကိဳးပမ္းရဖို႔ရွိေနပါၿပီ။ ၂၀၂၃ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းက်န္ေနတဲ့

႐ူဘင္နီးဗတ္စ္အတြက္ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးရမွ ဝုလ္ဗ္အသင္းက

အေျပာင္းအေ႐ႊ႕ကို လက္ခံစဥ္းစားသြားမယ့္အေနအထားပါပဲ။