
လီဂူး၁တွင်ပရိသတ်ဆိုးသွမ်းမှုကဆိုးရွားသထက်ဆိုးရွားလို့လာနေပါတယ်။
မနေ့ညတုန်းကလိုင်ယွန်နှင့်မာဆေးလ်ပွဲစဉ်တွင်မှာလည်းဒီမီထရီပါယက်
ပွဲကြည့်စင်မှပရိသတ်တစ်ဦးရဲ့ရေသန့်ဗူးဖြင့်ခေါင်းကိုအပစ်ခံရပြီးပွဲကိုရပ်ဆိုင်းခဲ့ရပါတယ်။
အသက်၃၄နှစ်ရှိပါယက်ဟာပွဲအစ၄မိနစ်တွင်မာဆေးလ်အတွက်
ထောင့်ကန်ရန်ပြင်နေစဉ်ရေသန့်ဗူးဖြင့်ခေါင်းကိုအပစ်ခံခဲ့ရပါတယ်။
ပါယက်ဟာထောင့်ကန်ဘောကန်ရာဘောလုံးတည်စဉ် ဆိုးသွမ်းပရိသတ်တစ်ဦးရဲ့
ရေသန့်ဗူးဖြင့်အပစ်ခံခဲ့ရတာဖြစ်ပြီးခေါင်းကိုထိကာ ကွင်းထဲတွင်လဲသွားခဲ့ပါတယ်။
မာဆေးလ်ကစားသမားများဟာသူ့ကစားသမားကိုအကာအကွယ်ပေးရန်
ချက်ချင်းရောက်လာခဲ့ကြပြီးလိုင်ယွန်ကစားသမားများကလည်း
ပရိသတ်များကိုမပြုလုပ်ရန်တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။
ဒိုင်လူကြီးရူဒီဘက်ကေးကပွဲကိုရပ်လိုက်ပြီးနှစ်ဖက်ကစားသမားများကို
ဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်ညွှန်ကြားခဲ့ပါတယ်။ပြင်သစ်အတွက်
၃၈ပွဲကစားထားတဲ့ပါယက်ဟာဆေးအဖွဲ့ရဲ့ကုသမှုခံယူခဲ့ရပြီး
လေးမိနစ်ခန့်အနားယူနေခဲ့ရပါတယ်။လိုင်ယွန်ကစားသမားများဟာ
နောက်ထပ်ပါယက်တိုက်ခိုက်မှုမခံရအောင်ကာကွယ်မှုပေးခဲ့တာတွေ့ရပါတယ်။
ကံကောင်းတာကတော့ပါယက်ဟာပြင်းထန်စွာဒဏ်ရာမရရှိဘဲ
ထမ်းစဉ်ဖြင့်ကွင်းအပြင်သို့မထွက်ခဲ့ရတာဖြစ်ပါတယ်။
အထက်ပါအဖြစ်အပျက်ဖြစ်ပြီး၂နာရီအကြာတွင်ပွဲကိုပြန်ကစားတော့မှာ
မဟုတ်ကြောင်းကြေညာလာခဲ့ပါတယ်။ပြင်သစ်ဘောလုံးလောကတွင်
ပရိသတ်များရဲ့ထိန်းသိမ်းရခက်အပြုအမူများပြုလုပ်လာတာ
ဆက်တိုက်ဖြစ်ပွားနေပြီးမာဆေးလ်ကလည်းအဖြစ်အပျက်အများစုတွင်ပါဝင်နေပါတယ်။
မာဆေးလ်နှင့်ပီအက်စ်ဂျီပွဲတွင်နေမာကိုမာဆေးလ်ပရိသတ်များက
ပစ္စည်းများဖြင့်ပွဲကိုရပ်နားခဲ့ရသလိုကွင်းအတွင်း
ပရိသတ်ဝင်ရောက်မှုကြောင့်ရပ်တန့်ခဲ့ရပါတယ်။
ဒါ့အပြင်မာဆေးလ်နှင့်အင်ဂါးတို့ဂိုးမရှိသရေကျတဲ့ပွဲတွင်လည်း
နှစ်ဖက်ပရိသတ်များကွင်းအတွင်းဝင်ရောက်မှုဖြစ်ပွားခဲ့ပါတယ်။
ဩဂုတ်လတုန်းကနိုက်စ်နှင့်မာဆေးလ်ပွဲတွင်ပါယက်တိုက်ခိုက်ခံခဲ့ရပြီး
နှစ်ဖက်ပရိသတ်များ၊ကစားသမားများ၊နည်းပြအဖွဲ့ဝင်များ
တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။မာဆေးလ်ကြံ့ခိုင်ရေးနည်းပြပါဘလိုဖာနန်ဒက်စ်ဟာ
ကွင်းအတွင်းဝင်ရောက်တဲ့ပရိသတ်ကိုတိုက်ခိုက်မှုကြောင့်၉လပွဲပယ်ခံခဲ့ရပါတယ်။
zawgyi
ေရဗူးျဖင့္အပစ္ခံရအေကြၽးခံလိုက္ရတဲ့ ပါယက္
လီဂူး၁တြင္ပရိသတ္ဆိုးသြမ္းမႈကဆိုး႐ြားသထက္ဆိုး႐ြားလို႔လာေနပါတယ္။
မေန႔ညတုန္းကလိုင္ယြန္ႏွင့္မာေဆးလ္ပြဲစဥ္တြင္မွာလည္းဒီမီထရီပါယက္
ပြဲၾကည့္စင္မွပရိသတ္တစ္ဦးရဲ႕ေရသန႔္ဗူးျဖင့္ေခါင္းကိုအပစ္ခံရၿပီးပြဲကိုရပ္ဆိုင္းခဲ့ရပါတယ္။
အသက္၃၄ႏွစ္ရွိပါယက္ဟာပြဲအစ၄မိနစ္တြင္မာေဆးလ္အတြက္
ေထာင့္ကန္ရန္ျပင္ေနစဥ္ေရသန႔္ဗူးျဖင့္ေခါင္းကိုအပစ္ခံခဲ့ရပါတယ္။
ပါယက္ဟာေထာင့္ကန္ေဘာကန္ရာေဘာလုံးတည္စဥ္ ဆိုးသြမ္းပရိသတ္တစ္ဦးရဲ႕
ေရသန႔္ဗူးျဖင့္အပစ္ခံခဲ့ရတာျဖစ္ၿပီးေခါင္းကိုထိကာ ကြင္းထဲတြင္လဲသြားခဲ့ပါတယ္။
မာေဆးလ္ကစားသမားမ်ားဟာသူ႔ကစားသမားကိုအကာအကြယ္ေပးရန္
ခ်က္ခ်င္းေရာက္လာခဲ့ၾကၿပီးလိုင္ယြန္ကစားသမားမ်ားကလည္း
ပရိသတ္မ်ားကိုမျပဳလုပ္ရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။
ဒိုင္လူႀကီး႐ူဒီဘက္ေကးကပြဲကိုရပ္လိုက္ၿပီးႏွစ္ဖက္ကစားသမားမ်ားကို
ဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဝင္ေရာက္ၫႊန္ၾကားခဲ့ပါတယ္။ျပင္သစ္အတြက္
၃၈ပြဲကစားထားတဲ့ပါယက္ဟာေဆးအဖြဲ႕ရဲ႕ကုသမႈခံယူခဲ့ရၿပီး
ေလးမိနစ္ခန႔္အနားယူေနခဲ့ရပါတယ္။လိုင္ယြန္ကစားသမားမ်ားဟာ
ေနာက္ထပ္ပါယက္တိုက္ခိုက္မႈမခံရေအာင္ကာကြယ္မႈေပးခဲ့တာေတြ႕ရပါတယ္။
ကံေကာင္းတာကေတာ့ပါယက္ဟာျပင္းထန္စြာဒဏ္ရာမရရွိဘဲ
ထမ္းစဥ္ျဖင့္ကြင္းအျပင္သို႔မထြက္ခဲ့ရတာျဖစ္ပါတယ္။
အထက္ပါအျဖစ္အပ်က္ျဖစ္ၿပီး၂နာရီအၾကာတြင္ပြဲကိုျပန္ကစားေတာ့မွာ
မဟုတ္ေၾကာင္းေၾကညာလာခဲ့ပါတယ္။ျပင္သစ္ေဘာလုံးေလာကတြင္
ပရိသတ္မ်ားရဲ႕ထိန္းသိမ္းရခက္အျပဳအမူမ်ားျပဳလုပ္လာတာ
ဆက္တိုက္ျဖစ္ပြားေနၿပီးမာေဆးလ္ကလည္းအျဖစ္အပ်က္အမ်ားစုတြင္ပါဝင္ေနပါတယ္။
မာေဆးလ္ႏွင့္ပီအက္စ္ဂ်ီပြဲတြင္ေနမာကိုမာေဆးလ္ပရိသတ္မ်ားက
ပစၥည္းမ်ားျဖင့္ပြဲကိုရပ္နားခဲ့ရသလိုကြင္းအတြင္း
ပရိသတ္ဝင္ေရာက္မႈေၾကာင့္ရပ္တန႔္ခဲ့ရပါတယ္။
ဒါ့အျပင္မာေဆးလ္ႏွင့္အင္ဂါးတို႔ဂိုးမရွိသေရက်တဲ့ပြဲတြင္လည္း
ႏွစ္ဖက္ပရိသတ္မ်ားကြင္းအတြင္းဝင္ေရာက္မႈျဖစ္ပြားခဲ့ပါတယ္။
ဩဂုတ္လတုန္းကႏိုက္စ္ႏွင့္မာေဆးလ္ပြဲတြင္ပါယက္တိုက္ခိုက္ခံခဲ့ရၿပီး
ႏွစ္ဖက္ပရိသတ္မ်ား၊ကစားသမားမ်ား၊နည္းျပအဖြဲ႕ဝင္မ်ား
တိုက္ခိုက္မႈျဖစ္ပြားခဲ့ပါတယ္။မာေဆးလ္ႀကံ့ခိုင္ေရးနည္းျပပါဘလိုဖာနန္ဒက္စ္ဟာ
ကြင္းအတြင္းဝင္ေရာက္တဲ့ပရိသတ္ကိုတိုက္ခိုက္မႈေၾကာင့္၉လပြဲပယ္ခံခဲ့ရပါတယ္။