ရောနယ်ဒင်ဟိုဟာ သူ့ရဲ့ idolပါလို့ ဆိုလာတဲ့ ယူနိုက်တက်အသင်းရဲ့အနာဂတ်ကြယ်ပွင့် ရှိုးတိုင်ယာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရှိုးတိုင်ယာဆိုတဲ့ ချာတိတ်ကို သရဲနီ ပရိတ်သတ်တချို့ကတော့ ရင်းနှီးပြီးလောက်ပေမယ့် မရင်းနှီးသေးတဲ့ ပရိတ်သတ်တွေလည်း ရှိမှာပါ။ မန်ယူ လူငယ်အသင်းက ကစားသမားလေးဖြစ်တဲ့ ဒီချာတိတ်က အသက် ၁၆ နှစ်သာရှိသေးပေမယ့် ယူနိုက်တက်အသင်းရဲ့ U-23 အသင်းမှာပါ နေရာရပြီး ခြေစွမ်းပြနေသူတစ်ယောက်ပါ။

နိုက်ဂျီးရီးယား နဲ့ အင်္ဂလန် နိုင်ငံ နှစ်နိုင်ငံသား ခံယူထားတဲ့ ဒီချာတိတ်ဟာ ယူနိုက်တက် စီနီယာအသင်းကြီးနဲ့လည်း တွဲဖက်ပြီး လေ့ကျင့်ခန်းဆင်းခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှား နဲ့ နည်းပြအဖွဲ့ဝင် ကာရစ်အပြင် ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်တို့ ၃ ယောက်အတူ ဒီချာတိတ်ရဲ့ ကစားဟန်ကို သွားရောက်လေ့လာဖူးပြီး နည်းပြကြီးတွေရဲ့ မျက်စိကျခြင်းကို ခံနေရတဲ့သူတစ်ယောက်ပါ။

အနာဂါတ်မှာထွန်းတောက်လာမယ့် ကစားသမားအဖြစ် သက်မှတ်ခံထားရတဲ့ ရှိုးတိုင်ယာဟာ လက်ရှိ ယူနိုက်တက် စီနီယာအသင်းကြီးမှာ ပွဲထွက်ခွင့်ရနေတဲ့ သူ့ရဲ့ စီနီယာ လူငယ်ကစားသမား ဂရင်းဝုဒ်နဲ့ ကစားဟန်ဆင်ပြီး ဘယ်တောင်ပံ၊ ညာတောင်ပံ နှစ်နေရာလုံးကို ကစားနိုင်သူလေးဖြစ်ပါတယ်။

စီနီယာဖြစ်တဲ့ ဂရင်းဝုဒ်ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ ၃ နှစ်က သူ့အပေါ်မှာ အကြံဉာဏ်ကောင်းတွေပေးဖူးခဲ့တာနဲ့ ပတ်သက်ပြီး ရှိုးတိုင်ယာက အခုလိုဖွင့်ဟပါတယ်။ “ဂိုးပေါက်ရှေ့ရောက်လို့မှ ဘောလုံးကို မကန်သွင်းတာ က ၁၀၀ % လွဲချော်တာမျိုးပဲ လို့ သူ အမြဲ ပြောခဲ့တယ်။ မင်း အမြဲ ဂိုးပေါက်ထဲကို ကန်သွင်းကြည့်ဖို့ ကြိုးစားရမယ်။ မင်းအဲ့ဒီလို မကန်သရွေ့တော့ မင်း ဘယ်တော့မှ ဂိုးသွင်းနိုင်မှာ မဟုတ်ဘူး လို့ အကြံပေးခဲ့တယ် ” လို့ဆိုပါတယ်။

ဂရင်းဝုဒ် ကျောနံပါတ် နဲ့ ကစားတဲ့နေရာချင်း ဆင်တူတဲ့အပြင် အရင်က ဂရင်းဝုဒ် ရဲ့ ဆံပင်စတိုင်နဲ့ပါ ဆင်တူနေတဲ့ ဒီကစားသမားလေးကတော့ သူ့ဘဝရဲ့ အားကျရတဲ့ idol ကတော့ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေထဲက တစ်ဦးမှ မဟုတ်ဘဲ ဘရာဇီးသား ရိုနယ်ဒင်ဟို လို့ဆိုခဲ့ပါတယ်။

ရှိုးတိုင်ယာ သူ့ရဲ့ idol နဲ့ပတ်သက်ပြီး ” ရိုနယ်ဒင်ဟိုက သူ့ကိုယ့်သူ ယုံကြည်မှု အပြည့်ရှိတဲ့ ကစားသမားမျိုးပါ။ စကေး ပိုင်းလည်းပြည့်စုံ ကျွမ်းကျင်ပြီး သူ့မှာ ဘောလုံးနဲ့ ပတ်သက်ပြီး အရာအားလုံး ရှိနေတယ် လို့ ကျွန်တော်ထင်ပါတယ်။ ကွင်းထဲမှသူကစားနေတဲ့ပုံစံက လွတ်လပ်ပေါ့ပါးပြီး ဘောလုံးကစားနေရတာ ပျော်ရွှင်နေတဲ့ ပုံပေါ်လွင်နေပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကွင်းထဲမှာ ကစားရတာ မပျော်ဘူး ဆိုရင် ဘာမှ ဖြစ်လာမှာလည်း မဟုတ်ဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာနယ္ဒင္ဟိုဟာ သူ႕ရဲ႕ idolပါလို႔ ဆိုလာတဲ့ ယူႏိုက္တက္အသင္းရဲ႕အနာဂတ္ၾကယ္ပြင့္ ရႈိးတိုင္ယာ

ရႈိးတိုင္ယာဆိုတဲ့ ခ်ာတိတ္ကို သရဲနီ ပရိတ္သတ္တခ်ိဳ႕ကေတာ့ ရင္းႏွီးၿပီးေလာက္ေပမယ့္ မရင္းႏွီးေသးတဲ့ ပရိတ္သတ္ေတြလည္း ရွိမွာပါ။ မန္ယူ လူငယ္အသင္းက ကစားသမားေလးျဖစ္တဲ့ ဒီခ်ာတိတ္က အသက္ ၁၆ ႏွစ္သာရွိေသးေပမယ့္ ယူႏိုက္တက္အသင္းရဲ႕ U-23 အသင္းမွာပါ ေနရာရၿပီး ေျခစြမ္းျပေနသူတစ္ေယာက္ပါ။ ႏိုက္ဂ်ီးရီးယား နဲ႔ အဂၤလန္ ႏိုင္ငံ ႏွစ္ႏိုင္ငံသား ခံယူထားတဲ့ ဒီခ်ာတိတ္ဟာ ယူႏိုက္တက္ စီနီယာအသင္းႀကီးနဲ႔လည္း တြဲဖက္ၿပီး ေလ့က်င့္ခန္းဆင္းခြင့္ရရွိထားသူလည္းျဖစ္ပါတယ္။

မန္ယူနည္းျပ ဆိုးလ္ရွား နဲ႔ နည္းျပအဖြဲ႕ဝင္ ကာရစ္အျပင္ ဂႏၲဝင္နည္းျပေဟာင္းႀကီး ဖာဂူဆန္တို႔ ၃ ေယာက္အတူ ဒီခ်ာတိတ္ရဲ႕ ကစားဟန္ကို သြားေရာက္ေလ့လာဖူးၿပီး နည္းျပႀကီးေတြရဲ႕ မ်က္စိက်ျခင္းကို ခံေနရတဲ့သူတစ္ေယာက္ပါ။ အနာဂါတ္မွာထြန္းေတာက္လာမယ့္ ကစားသမားအျဖစ္ သက္မွတ္ခံထားရတဲ့ ရႈိးတိုင္ယာဟာ လက္ရွိ ယူႏိုက္တက္ စီနီယာအသင္းႀကီးမွာ ပြဲထြက္ခြင့္ရေနတဲ့ သူ႔ရဲ႕ စီနီယာ လူငယ္ကစားသမား ဂရင္းဝုဒ္နဲ႔ ကစားဟန္ဆင္ၿပီး ဘယ္ေတာင္ပံ၊ ညာေတာင္ပံ ႏွစ္ေနရာလုံးကို ကစားႏိုင္သူေလးျဖစ္ပါတယ္။

စီနီယာျဖစ္တဲ့ ဂရင္းဝုဒ္ကိုယ္တိုင္ကလည္း လြန္ခဲ့တဲ့ ၃ ႏွစ္က သူ႔အေပၚမွာ အႀကံဥာဏ္ေကာင္းေတြေပးဖူးခဲ့တာနဲ႔ ပတ္သက္ၿပီး ရႈိးတိုင္ယာက အခုလိုဖြင့္ဟပါတယ္။ “ဂိုးေပါက္ေရွ႕ေရာက္လို႕မွ ေဘာလုံးကို မကန္သြင္းတာ က ၁၀၀ % လြဲေခ်ာ္တာမ်ိဳးပဲ လို႔ သူ အၿမဲ ေျပာခဲ့တယ္။ မင္း အၿမဲ ဂိုးေပါက္ထဲကို ကန္သြင္းၾကည့္ဖို႔ ႀကိဳးစားရမယ္။ မင္းအဲ့ဒီလို မကန္သေ႐ြ႕ေတာ့ မင္း ဘယ္ေတာ့မွ ဂိုးသြင္းႏိုင္မွာ မဟုတ္ဘူး လို႔ အႀကံေပးခဲ့တယ္ ” လို႔ဆိုပါတယ္။ ဂရင္းဝုဒ္ ေက်ာနံပါတ္ နဲ႔ ကစားတဲ့ေနရာခ်င္း ဆင္တူတဲ့အျပင္ အရင္က ဂရင္းဝုဒ္ ရဲ႕ ဆံပင္စတိုင္နဲ႔ပါ ဆင္တူေနတဲ့ ဒီကစားသမားေလးကေတာ့ သူ႔ဘဝရဲ႕ အားက်ရတဲ့ idol ကေတာ့ ယူႏိုက္တက္ အသင္းရဲ႕ ကစားသမားေတြထဲက တစ္ဦးမွ မဟုတ္ဘဲ ဘရာဇီးသား ႐ိုနယ္ဒင္ဟို လို႔ဆိုခဲ့ပါတယ္။

ရႈိးတိုင္ယာ သူ႕ရဲ႕ idol နဲ႔ပတ္သက္ၿပီး ” ႐ိုနယ္ဒင္ဟိုက သူ႔ကိုယ့္သူ ယုံၾကည္မႈ အျပည့္ရွိတဲ့ ကစားသမားမ်ိဳးပါ။ စေကး ပိုင္းလည္းျပည့္စုံ ကြၽမ္းက်င္ၿပီး သူ႔မွာ ေဘာလံုးနဲ႔ ပတ္သက္ၿပီး အရာအားလုံး ရွိေနတယ္ လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြင္းထဲမွသူကစားေနတဲ့ပံုစံက လြတ္လပ္ေပါ့ပါးၿပီး ေဘာလံုးကစားေနရတာ ေပ်ာ္ရႊင္ေနတဲ့ ပံုေပၚလြင္ေနပါတယ္။ ကစားသမားတစ္ေယာက္အေနနဲ႕ ကြင္းထဲမွာ ကစားရတာ မေပ်ာ္ဘူး ဆိုရင္ ဘာမွ ျဖစ္လာမွာလည္း မဟုတ္ဘူး” လို႔ သူက ေျပာၾကားခဲ့ပါတယ္။