ရောမမြေမှာ ပြန်လည်ရှင်သန်လာတဲ့ သရဲနီနဲ့ ဂန်းနားတို့ရဲ့အပယ်ခံတပ်သားဟောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရိုးမားအသင်းကွင်းလယ်လူ ခီတာရန်ဟာ ဒီရာသီစီးရီးအေမှာ ခြေစွမ်းပြပြီး ဥရောပရဲထိပ်တန်းလိဂ် ၅ ရပ်ထဲ မှာ မန်ယူက ဖာနန်ဒက်စ်ပြီးရင် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုအကောင်းဆုံးသူအဖြစ်ရပ်တည်လျက်ရှိပါတယ်။ သူဟာ ဒေါ့မန်မှာ ခြေစွမ်းပြနေချိန်ဖြစ်တဲ့ ၂၀၁၆ မှာ မန်ယူကိုပြောင်းလာတဲ့သူပါ။

မန်ယူမှာ ၂ နှစ်ကြာပြီးနောက် အ ဆင်မပြေခဲ့လို့ ၂၀၁၈ မှာ အာဆင်နယ်ကိုပြောင်းသွားပါတယ်။သူပြောင်းတာဟာ ရင်နာဖို့ကောင်းပြီး မန်ယူက အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူမှုမှာ အသုံးချခံဘဝနဲ့ပြောင်းခဲ့ရရှာတာပါ။

အာဆင်နယ်မှာလည်း အဆင်မပြေလို့ ရိုးမားကို တစ်ရာသီအငှားသွားကစားရာကနေ အပြီးသတ်ပြောင်းရွှေ့သွားတာဖြစ်ပါတယ်။ ဒါ ပေမယ့် အသက် ၃၁ နှစ်ရှိတဲ့ ခီတာရန်ဟာ ရိုးမားအတွက်မထင်မှတ်အောင်ခြေစွမ်းပြပြီး ဒေါ့မန်မှာရှိနေတုန်း က ခြေစွမ်းမျိုးပြန်ရခဲ့တာကြောင့် ရောမမြေမှာ ပြန်လည်မွေးဖွားလာတဲ့ အာမေးနီးယား သားအဖြစ် ချီးကျူး ခံနေရပါတယ်။ သူဟာ မန်ယူနဲ့ အာဆင်နယ်တို့မှာ စိတ်ဓါတ်ကခြေဖဝါးအထိရောက်အောင် ကျဆင်းခဲ့ရပြီးမှ ရိုးမားမှာ သူ့ကိုယ်သူပြန်လည် တည်ဆောက်ယူခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီစီးရီးအေ ၁၆ ပွဲမှာ သူဟာ ၈ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီး ပေးထားလို့ ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ဒုတိယအကောင်းဆုံးကွင်းလယ်လူ ဖြစ်လာခဲ့ပါတယ်။ သူ့ခြေစွမ်းဟာလိုအပ်ချက်တွေရှိနေတယ်ဆိုပေမယ့် statistical point of view ကကြည့်ရင် အကောင်းဆုံးဖြစ် လာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဖာနန်ဒက်စ်က ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးကာ ဂိုးရရှိရေးတိုက်ရိုက်ပတ်သက်မှုမှာ ၁၈ ကြိမ်ရှိခဲ့ပြီး ခီတာရန်က ၁၅ ကြိမ်ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအတွက် ၉ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးပေးထားလို့ ဂိုးရရှိရေးတိုက်ရိုက်ပတ်သက်မှုက ၁၄ ကြိမ်သာရှိထားလို့ လက်ရှိမှတ်တမ်းဟာ မနှစ်ကတစ်ရာသီလုံးထက်တောင် သာလွန်နေပြီဖြစ်ပါတယ်။

ဒါကြောင့်လည်း ရိုးမားရဲ့ပေါ်တူဂီနည်းပြ ဖွန်ဆီကာက”ကျွန်တော်လက်တွဲခဲ့တဲ့သူတွေထဲမှာ ခီတာရန်က စမတ် အကျဆုံးသူဗျ။ အရမ်းလည်းပါးနပ်ပါတယ်။ ကွင်းလယ်ပိုင်း အခြားနေရာတွေမှာလည်း သူဖြည့်ကစားနိုင်သလို အာရုံစူးစိုက်မှုကလည်း ကောင်းပါတယ်။ နောက်ပြီး နေရာလွတ်အမျိုးမျိုးကနေ ဘောလုံးပေးပို့မှုတွေကိုလည်း လက်ခံရယူနိုင်စွမ်းရှိတာကြောင့် အခုလိုသူခြေစွမ်းပြနေတာ အံအားသင့်စရာမရှိပါဘူး” လို့ပြောခဲ့ပါတယ်။ ဘာ ဘဲဖြစ်ဖြစ် ဒီရာသီ လိုအပ်ချက်ကြီးမားနေတဲ့ အာဆင်နယ်အတွက် ခီတာရန်က လွတ်တဲ့ကြီးသွား တယ်ဆိုတာ ငြင်းလို့ရမှာ မဟုတ်ဘူးလို့ဘဲယုံကြည်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

႐ိုးမားအသင္းကြင္းလယ္လူ ခီတာရန္ ဟာဒီရာသီစီးရီးေအမွာ ေျခစြမ္းျပၿပီး ဥေရာပရဲထိပ္တန္းလိဂ္ ၅ ရပ္ထဲ မွာ မန္ယူက ဖာနန္ဒက္စ္ၿပီးရင္ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈအေကာင္းဆုံးသူအျဖစ္ရပ္တည္လ်က္ရွိပါတယ္။ သူဟာ ေဒါ့မန္မွာ ေျခစြမ္းျပေနခ်ိန္ျဖစ္တဲ့ ၂၀၁၆ မွာ မန္ယူကိုေျပာင္းလာတဲ့သူပါ။ မန္ယူမွာ ၂ ႏွစ္ၾကာၿပီးေနာက္ အ ဆင္မေျပခဲ့လို႔ ၂၀၁၈ မွာ အာဆင္နယ္ကိုေျပာင္းသြားပါတယ္။သူေျပာင္းတာဟာ ရင္နာဖို႔ေကာင္းၿပီး မန္ယူက အာဆင္နယ္တိုက္စစ္မႉး ဆန္းခ်က္ဇ္ကို ေခၚယူမႈမွာ အသုံးခ်ခံဘဝနဲ႔ေျပာင္းခဲ့ရရွာတာပါ။

အာဆင္နယ္မွာလည္း အဆင္မေျပလို႔ ႐ိုးမားကို တစ္ရာသီအငွားသြားကစားရာကေန အၿပီးသတ္ေျပာင္းေ႐ႊ႕သြားတာျဖစ္ပါတယ္။ ဒါ ေပမယ့္ အသက္ ၃၁ ႏွစ္ရွိတဲ့ ခီတာရန္ဟာ ႐ိုးမားအတြက္မထင္မွတ္ေအာင္ေျခစြမ္းျပၿပီး ေဒါ့မန္မွာရွိေနတုန္း က ေျခစြမ္းမ်ိဳးျပန္ရခဲ့တာေၾကာင့္ ေရာမေျမမွာ ျပန္လည္ေမြးဖြားလာတဲ့ အာေမးနီးယား သားအျဖစ္ ခ်ီးက်ဴး ခံေနရပါတယ္။ သူဟာ မန္ယူနဲ႔ အာဆင္နယ္တို႔မွာ စိတ္ဓါတ္ကေျခဖဝါးအထိေရာက္ေအာင္ က်ဆင္းခဲ့ရၿပီးမွ ႐ိုးမားမွာ သူ႔ကိုယ္ သူျပန္လည္ တည္ေဆာက္ယူခဲ့ရတာျဖစ္ပါတယ္။

ဒီရာသီစီးရီးေအ ၁၆ ပြဲမွာ သူဟာ ၈ ဂိုးသြင္းၿပီး ၇ ဂိုးဖန္တီး ေပးထားလို႔ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ ဒုတိယအေကာင္းဆုံးကြင္းလယ္လူ ျဖစ္လာခဲ့ပါတယ္။ သူ႔ေျခစြမ္းဟာလိုအပ္ခ်က္ေတြရွိေနတယ္ဆိုေပမယ့္ statistical point of view ကၾကည့္ရင္ အေကာင္းဆုံးျဖစ္ လာတယ္ဆိုတာ ျငင္းလို႔မရပါဘူး။ ဖာနန္ဒက္စ္က ပရီးမီးယားလိဂ္ ၁၆ ပြဲမွာ ၁၁ ဂိုးသြင္းၿပီး ၇ ဂိုးဖန္တီးကာ ဂိုးရရွိေရးတိုက္႐ိုက္ပတ္သက္မႈမွာ ၁၈ ႀကိမ္ရွိခဲ့ၿပီး ခီတာရန္က ၁၅ ႀကိမ္ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ရာသီက ႐ိုးမားအတြက္ ၉ ဂိုးသြင္းၿပီး ၅ ဂိုးဖန္တီးေပးထားလို႔ ဂိုးရရွိေရးတိုက္႐ိုက္ပတ္သက္မႈက ၁၄ ႀကိမ္သာရွိထားလို႔ လက္ရွိမွတ္တမ္းဟာ မႏွစ္ကတစ္ရာသီလုံးထက္ေတာင္ သာလြန္ေနၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ႐ိုးမားရဲ႕ေပၚတူဂီနည္းျပ ဖြန္ဆီကာက”ကြၽန္ေတာ္လက္တြဲခဲ့တဲ့သူေတြထဲမွာ ခီတာရန္က စမတ္ အက်ဆုံးသူဗ်။ အရမ္းလည္းပါးနပ္ပါတယ္။ ကြင္းလယ္ပိုင္း အျခားေနရာေတြမွာလည္း သူျဖည့္ကစားႏိုင္သလို အာ႐ုံစူးစိုက္မႈကလည္း ေကာင္းပါတယ္။ ေနာက္ၿပီး ေနရာလြတ္အမ်ိဳးမ်ိဳးကေန ေဘာလုံးေပးပို႔မႈေတြကိုလည္း လက္ခံရယူႏိုင္စြမ္းရွိတာေၾကာင့္ အခုလိုသူေျခစြမ္းျပေနတာ အံအားသင့္စရာမရွိပါဘူး” လို႔ေျပာခဲ့ပါတယ္။ ဘာ ဘဲျဖစ္ျဖစ္ ဒီရာသီ လိုအပ္ခ်က္ႀကီးမားေနတဲ့ အာဆင္နယ္အတြက္ ခီတာရန္က လြတ္တဲ့ႀကီးသြား တယ္ဆိုတာ ျငင္းလို႔ရမွာ မဟုတ္ဘူးလို႔ဘဲယုံၾကည္ပါတယ္။