ရော်နယ်ဒိုကို ယူရို ၁၇သန်းတည်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလာမှုကို ပယ်ချခဲ့တယ်လို့ ဘာစီလိုနာဥက္ကဋ္ဌဟောင်း ထုတ်ဖော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဥက္ကဋ္ဌဟောင်း လာပေါ်တာက ယူနိုက်တက်ကို ရော်နယ်ဒို မပြောင်းရွှေ့ခင် မိမိတို့အသင်း သူ့ကို ခေါ်ယူဖို့ အခွင့်အရေးရခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာပေမယ့် အဆိုပါပေါ်တူဂီအသင်းခေါင်းဆောင်ကို မခေါ်ယူခဲ့တာနဲ့ပတ်သက်လို့ နောင်တမရဘူးလို့ အခိုင်အမာပြောပါတယ်။

မကြာခင် အသက် ၃၆ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် ရောက်တဲ့နေရာတိုင်းမှာ အောင်မြင်မှုတွေ ရယူထားနိုင်ပြီး လက်ရှိအချိန်မှာလည်း ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေမှာ ခြေစွမ်းပြဂိုးမြူးနေပါတယ်။

ရော်နယ်ဒိုဟာ ရွှေဘောလုံးဆုမှာလည်း မက်ဆီရဲ့အနောက် ၅ကြိမ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဘာစီလိုနာမှာ မက်ဆီနဲ့ တစ်သင်းတည်းတွဲကစားဖို့လည်း နီးစပ်ခဲ့ပါတယ်။

မကြာခင်ကျင်းပတော့မယ့် ဘာစီလိုနာဥက္ကဋ္ဌသစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လာပေါ်တာက ”ရော်နယ်ဒင်ဟိုနဲ့ ရာဖေးလ်မားကွက်ဇ်တို့ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တဲ့အချိန်တုန်းကပါ။ အဲဒီမှာ မားကွက်ဇ်ရဲ့လူတွေက ရော်နယ်ဒိုကိုရော ခေါ်မလားလို့ ကျွန်တော်တို့အသင်းဆီ တင်ပြလာပါတယ်”

”သူ့အေးဂျင့်တစ်ယောက်က လာပြောတယ်၊ ယူနိုက်တက်ကို ယူရို ၁၉သန်းနဲ့ ရောင်းမယ့် ကစားသမားတစ်ယောက်ရှိတယ်လို့ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကိုကျတော့ ယူရို ၁၇သန်းနဲ့ပဲ သူတို့ ရောင်းမှာ”

”ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ ရော်နယ်ဒင်ဟိုအတွက် ရင်းနှီးမြှုပ်နှံပြီးသားဖြစ်နေပါပြီ။ ရော်နယ်ဒိုက အလယ်ကနေ ကစားတာထက် တောင်ပံတွေကနေ ထိုးဖောက်ကစားတတ်သူပါ။ ကျွန်တော်တို့မှာ အဲဒီနေရာအတွက် ပြည့်စုံနေပြီလို့ တွေးမိခဲ့ပြီး သူ့ကိုမခေါ်ခဲ့လို့လည်း နောင်တရတာမျိုးမရှိပါဘူး”လို့ ပြောပါတယ်။


ဘာစီလိုနာဟာ ရော်နယ်ဒိုကို ခေါ်ယူခွင့် ငြင်းဆန်ခဲ့ပေမယ့် ဘရာဇီးကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟိုကလည်း နူးကမ့်မှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး အဲဒီအချိန်တုန်းက စီနီယာအသင်းမှာ ထွက်ပေါ်လာတဲ့ မက်ဆီကိုလည်း လက်တွဲကူညီခဲ့ပါတယ်။

ရော်နယ်ဒိုကလည်း စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ရောက်ရှိသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)နဲ့မပြောင်းရွှေ့ခင် အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဆုဖလား ၃ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပါတယ်။

စပိန်ရောက်တော့လည်း ရော်နယ်ဒိုဟာ ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် ထာဝရဂိုးသွင်းဘုရင်ဖြစ်လာသလို လာလီဂါဖလား ၂ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာ္နယ္ဒိုကို ယူ႐ို ၁၇သန္းတည္းနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းလာမႈကို ပယ္ခ်ခဲ့တယ္လုိ႔ ဘာစီလုိနာဥကၠ႒ေဟာင္း ထုတ္ေဖာ္

ဘာစီလုိနာအသင္းဥကၠ႒ေဟာင္း လာေပၚတာက ယူႏုိက္တက္ကို ေရာ္နယ္ဒို မေျပာင္းေရႊ႕ခင္ မိမိတို႔အသင္း သူ႔ကို ေခၚယူဖုိ႔ အခြင့္အေရးရခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလာေပမယ့္ အဆုိပါေပၚတူဂီအသင္းေခါင္းေဆာင္ကို မေခၚယူခဲ့တာနဲ႔ပတ္သက္လုိ႔ ေနာင္တမရဘူးလုိ႔ အခုိင္အမာေျပာပါတယ္။ မၾကာခင္ အသက္ ၃၆ ႏွစ္ျပည့္ေတာ့မယ့္ ေရာ္နယ္ဒိုဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ေရာက္တဲ့ေနရာတုိင္းမွာ ေအာင္ျမင္မႈေတြ ရယူထားႏိုင္ၿပီး လက္ရွိအခ်ိန္မွာလည္း ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ စီးရီးေအမွာ ေျခစြမ္းျပဂိုးျမဴးေနပါတယ္။ ေရာ္နယ္ဒိုဟာ ေရႊေဘာလုံးဆုမွာလည္း မက္ဆီရဲ႕အေနာက္ ၅ႀကိမ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး ဘာစီလုိနာမွာ မက္ဆီနဲ႔ တစ္သင္းတည္းတြဲကစားဖို႔လည္း နီးစပ္ခဲ့ပါတယ္။

မၾကာခင္က်င္းပေတာ့မယ့္ ဘာစီလုိနာဥကၠ႒သစ္ ေရြးေကာက္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မယ့္ လာေပၚတာက ”ေရာ္နယ္ဒင္ဟိုနဲ႔ ရာေဖးလ္မားကြက္ဇ္တို႔ကို ေခၚယူဖို႔ လုပ္ေဆာင္ခဲ့တဲ့အခ်ိန္တုန္းကပါ။ အဲဒီမွာ မားကြက္ဇ္ရဲ႕လူေတြက ေရာ္နယ္ဒိုကိုေရာ ေခၚမလားလုိ႔ ကၽြန္ေတာ္တုိ႔အသင္းဆီ တင္ျပလာပါတယ္။ သူ႕ေအးဂ်င့္တစ္ေယာက္က လာေျပာတယ္၊ ယူႏုိက္တက္ကို ယူရို ၁၉သန္းနဲ႔ ေရာင္းမယ့္ ကစားသမားတစ္ေယာက္ရွိတယ္လုိ႔ေပါ့။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔အသင္းကိုက်ေတာ့ ယူ႐ို ၁၇သန္းနဲ႔ပဲ သူတို႔ ေရာင္းမွာ”

”ဒါေပမဲ့ အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ္တုိ႔ဟာ ေရာ္နယ္ဒင္ဟိုအတြက္ ရင္းႏွီးျမႇဳပ္ႏွံၿပီးသားျဖစ္ေနပါၿပီ။ ေရာ္နယ္ဒိုက အလယ္ကေန ကစားတာထက္ ေတာင္ပံေတြကေန ထိုးေဖာက္ကစားတတ္သူပါ။ ကၽြန္ေတာ္တုိ႔မွာ အဲဒီေနရာအတြက္ ျပည့္စုံေနၿပီလုိ႔ ေတြးမိခဲ့ၿပီး သူ႕ကိုမေခၚခဲ့လုိ႔လည္း ေနာင္တရတာမ်ိဳးမရွိပါဘူး”လုိ႔ ေျပာပါတယ္။ ဘာစီလုိနာဟာ ေရာ္နယ္ဒိုကို ေခၚယူခြင့္ ျငင္းဆန္ခဲ့ေပမယ့္ ဘရာဇီးၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒင္ဟိုကလည္း ႏူးကမ့္မွာ ေအာင္ျမင္မႈေတြရယူႏုိင္ခဲ့ၿပီး အဲဒီအခ်ိန္တုန္းက စီနီယာအသင္းမွာ ထြက္ေပၚလာတဲ့ မက္ဆီကိုလည္း လက္တြဲကူညီခဲ့ပါတယ္။

ေရာ္နယ္ဒိုကလည္း စပို႔တင္းလစၥဘြန္းကေန ယူႏုိက္တက္ကို ေရာက္ရွိသြားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထုိစဥ္က)နဲ႔မေျပာင္းေရႊ႕ခင္ အုိးထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္ဆုဖလား ၃ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ႀကိမ္အပါအ၀င္ ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။ စပိန္ေရာက္ေတာ့လည္း ေရာ္နယ္ဒိုဟာ ဆက္လက္ေျခစြမ္းျပနိုင္ခဲ့ၿပီး ရီးရဲလ္အသင္းသမုိင္းတစ္ေလွ်ာက္ ထာ၀ရဂုိးသြင္းဘုရင္ျဖစ္လာသလုိ လာလီဂါဖလား ၂ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္အပါအ၀င္ ဆုဖလားအမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။