ရော်နယ်ဒိုက မက်ဆီနဲ့ ပြိုင်ဆိုင်နေရလို့ ပိုကောင်းလာတာဖြစ်ကြောင်း ကာဆီးလက်စ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မက်ဆီနဲ့ ပြိုင်ဆိုင်မှုနည်းနည်း ပြုလုပ်နေရတာကြောင့် ခြေစွမ်းတိုးတက်လာခဲ့ပြီး ထိပ်တန်း ကစားသမားအဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ကြောင်း အီကာ ကာဆီးလက်စ်က ပြောခဲ့ပါတယ်။

ပေါ်တူဂီသားဟာ ဖီဖာအကောင်းဆုံး ကစားသမားဆုကို ဘိုင်ယန်မြုးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးထံ လက်လွှတ်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့ ၂နှစ်ကတော့ အဆိုပါ ဆုကို ဆွတ်ခူးထားခဲ့ကာ ဘော်လွန်းဒီအော်ဆု ၅ကြိမ် ဆွတ်ခူးထားခဲ့ပါတယ်။


ရော်နယ်ဒိုထက် သာတာဆိုလို့ မက်ဆီတစ်ဦးသာ ရှိပြီး အာဂျင်တိုင်းသားကတော့ ကြီးကျယ်တဲ့ ကစားသမားဘဝကို ပေါ်တူဂီသားနဲ့ ပြိုင်တူ ရရှိထားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ဂန္တဝင် ကာဆီးလက်စ်က ရော်နယ်ဒိုအနေနဲ့ မက်ဆီနဲ့ ကာလရှည်ကြာစွာ ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ယခုလို ထိပ်တန်း ကစားသမား ဖြစ်လာတာ ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

“သူက ပရိုကစားသမားကောင်း ဖြစ်ပြီး အစားမှန်၊ အအိပ်မှန်ပြီး လိုအပ်သလို အနားယူတတ်ပါတယ်။ ဒါကြောင့် ဒါက ဘောလုံးသမားတစ်ယောက်အနေနဲ့ ရလဒ်ကောင်းတစ်ခုပါပဲ”
“အဲ့ဒါထက် သူက တကယ့် အားကစားကောင်းတစ်ယောက်ပါ။ သူ အမြဲတမ်း ဆာလောင်နေပြီး အမြဲတမ်း တိုးတက်အောင် ကြိုးစားချင်နေပါတယ်။

မက်ဆီနဲ့ ပြိုင်ဆိုင်လေး ရှိနေတာက သူ့ကို ပိုကောင်းလာစေတာပါ။ ဒါပေမဲ့ သူ့ရဲ့ ပရိုဆန်မှုနဲ့ ရည်မှန်းချက်တွေက ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမား ဖြစ်လာစေတာပါ”လို့ ပြောခဲ့ပါတယ်။ရော်နယ်ဒိုဟာ ဂျူဗီအတွက် ၁၀၁ပွဲကစားကာ ၇၉ဂိုး သွင်းပြီး အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးဆိုတာ ပြသထားခဲ့ပါတယ်။
ကာဆီးလက်စ်ကတော့ ပေါ်တူဂီသားဟာ အရမ်းအစောကြီး ကစားသမားဘဝကနေ အနားယူမှာ မဟုတ်ဘူးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာ္နယ္ဒိုက မက္ဆီနဲ႔ ျပိဳင္ဆိုင္ေနရလို႔ ပိုေကာင္းလာတာျဖစ္ေၾကာင္း ကာဆီးလက္စ္ဆုိ
================
ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ မက္ဆီနဲ႔ ျပိဳင္ဆုိင္မႈနည္းနည္း ျပဳလုပ္ေနရတာေၾကာင့္ ေျခစြမ္းတုိးတက္လာခဲ့ျပီး ထိပ္တန္း ကစားသမားအျဖစ္ အခ်ိန္ၾကာျမင့္စြာ ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ေၾကာင္း အီကာ ကာဆီးလက္္စ္က ေျပာခဲ့ပါတယ္။

ေပၚတူဂီသားဟာ ဖီဖာအေကာင္းဆံုး ကစားသမားဆုကို ဘုိင္ယန္ျမဳးနစ္တုိက္စစ္မွဴး လီ၀န္ေဒါစကီးထံ လက္လႊတ္ခဲ့ရေပမဲ့ ျပီးခဲ့တဲ့ ၂ႏွစ္ကေတာ့ အဆုိပါ ဆုကို ဆြတ္ခူးထားခဲ့ကာ ေဘာ္လြန္းဒီေအာ္ဆု ၅ၾကိမ္ ဆြတ္ခူးထားခဲ့ပါတယ္။

ေရာ္နယ္ဒိုထက္ သာတာဆုိလို႔ မက္ဆီတစ္ဦးသာ ရွိျပီး အာဂ်င္တိုင္းသားကေတာ့ ၾကီးက်ယ္တဲ့ ကစားသမားဘ၀ကို ေပၚတူဂီသားနဲ႔ ျပိဳင္တူ ရရွိထားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ ဂႏၱ၀င္ ကာဆီးလက္စ္က ေရာ္နယ္ဒိုအေနနဲ႔ မက္ဆီနဲ႔ ကာလရွည္ၾကာစြာ ယွဥ္ျပိဳင္ခဲ့ျခင္းေၾကာင့္ ယခုလို ထိပ္တန္း ကစားသမား ျဖစ္လာတာ ျဖစ္ေၾကာင္း သံုးသပ္ခဲ့ပါတယ္။

“သူက ပရိုကစားသမားေကာင္း ျဖစ္ျပီး အစားမွန္၊ အအိပ္မွန္ျပီး လိုအပ္သလို အနားယူတတ္ပါတယ္။ ဒါေၾကာင့္ ဒါက ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ ရလဒ္ေကာင္းတစ္ခုပါပဲ။ အဲ့ဒါထက္ သူက တကယ့္ အားကစားေကာင္းတစ္ေယာက္ပါ။ သူ အျမဲတမ္း ဆာေလာင္ေနျပီး အျမဲတမ္း တုိးတက္ေအာင္ ၾကိဳးစားခ်င္ေနပါတယ္။ မက္ဆီနဲ႔ ျပိဳင္ဆုိင္ေလး ရွိေနတာက သူ႕ကို ပုိေကာင္းလာေစတာပါ။ ဒါေပမဲ့ သူ႕ရဲ႕ ပရိုဆန္မႈနဲ႔ ရည္မွန္းခ်က္ေတြက ေဘာလံုးေလာကရဲ႕ ထိပ္တန္းကစားသမား ျဖစ္လာေစတာပါ”လို႔ ေျပာခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗီအတြက္ ၁၀၁ပြဲကစားကာ ၇၉ဂုိး သြင္းျပီး အသက္ၾကီးေပမဲ့ မပ်က္စီးေသးဘူးဆုိတာ ျပသထားခဲ့ပါတယ္။ ကာဆီးလက္စ္ကေတာ့ ေပၚတူဂီသားဟာ အရမ္းအေစာၾကီး ကစားသမားဘ၀ကေန အနားယူမွာ မဟုတ္ဘူးလို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။