ရော်နယ်ဒိုက သူ့ရဲ့ပြိုင်ဘက် မက်ဆီနဲ့ ပြန်လည် ရင်ဆိုင်ဖို့အတွက် တက်ကြွနေခဲ့ကြောင်း ပီယာလို ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလို ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ၃ ဂိုးပြတ်နဲ့အနိုင်ရရှိပြီးနော် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ခေတ်ပြိုင်ပြိုင်ဘက် မက်ဆီနဲ့ရင်ဆိုင်ဖို့ ပွဲမစခင်ကတည်းက တက်ကြွနေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသင်းနှစ်သင်းစလုံးဟာ နောက်တဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပေမယ့် မက်ဆီနဲ့ ရော်နယ်ဒိုတို့အတွက် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပထမဆုံးတွေ့ဆုံမှုဖြစ်လို့လည်း ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီတို့ဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည် တွေ့ဆုံခဲ့ကြတာလည်းဖြစ်ပါတယ်။ ရီးရဲလ်ကစားသမားဘဝမှာ ဘာစီလိုနာနဲ့ ၉ နှစ်တိုင်တိုင် ပြိုင်ဘက်တွေအဖြစ် ရော်နယ်ဒိုက တွေ့ဆုံခဲ့ဖူးပြီး မက်ဆီနဲ့လည်း အပြိုင်အဆိုင်ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်ကထွက်ခွာခဲ့ပြီး ၂၀၁၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နူးကမ့်ကွင်းမှာ ကစားခဲ့ရာ ရော်နယ်ဒိုက ပယ်နယ်တီဂိုး ၂ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဘာစီလိုနာနဲ့ပွဲမှာ ပင်နယ်တီကနေ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်း ၁၃၄ ဂိုးအထိ ရှိလာခဲ့ပြီး နောက်ထပ်စံချိန်တစ်ခုအဖြစ် ကလပ်အသင်း သွင်းဂိုး ၆၅၀ ပြည့်မြောက်ခဲ့တဲ့ မှတ်တမ်းလည်းရရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ (၁၃)ကြိမ်ကစားထားခဲ့ပြီး စုစုပေါင်း (၁၄) ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ သူ့ရဲ့ကစားသမားဘဝမှာ အဆိုပါကွင်းက အဝေးဂိုးအများဆုံးရရှိတဲ့ ကွင်းလည်းဖြစ်လာခဲ့ပါတယ်။

“ရော်နယ်ဒိုက သူ့ရဲ့ပြိုင်ဘက်မက်ဆီနဲ့ရင်ဆိုင်ကစားဖို့ ပွဲမစခင်ကတည်းက တက်ကြွနေခဲ့တာပါ။ ရာသီတစ်ခုမှာ ပွဲတွေအများကြီးကစားရပါတယ်။ ရော်နယ်ဒိုကတော့ ဒီနေ့ပွဲမှာ စီးရီးအေပွဲတွေကထက် ပိုတက်ကြွနေခဲ့ပါတယ်”လို့ ပီယာလိုက ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ ဘာစီလိုနာကိုအဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး ကိုးမန်းရဲ့အသင်းဟာ ၂၀၁၃ မေလနောက်ပိုင်း ပထမဆုံးအကြိမ်ချန်ပီယံလိဂ်မှာ ၃ ဂိုးခွင့်ပြုခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါရလဒ်ကြောင့် ဘာစီလိုနာဟာ ၂၀၀၆ – ၀၇ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်အုပ်စုပထမနေရာမှာ ရပ်တည်နိုင်မယ့်အရေးနဲ့လွဲချော်ခဲ့ရသလို ဂျူဗင်တပ်စ်ကလည်း ယူအီးအက်ဖ်အေပြိုင်ပွဲမှာ ဘာစီလိုနာကို အဝေးကွင်းမှာ ၃ ဂိုးအထိသွင်းယူနိုင်တဲ့ပထမဆုံးအီတလီကလပ်ဖြစ်လာခဲ့ပါတယ်။

“ကျွန်တော်တို့အတွက် အရေးပါတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲအစကတည်းက ကွှန်တော်တို့ အာရုံစူးစိုက်မှုအပြည့်နဲ စိတ်ပိုင်းဖြတ်ပြီး ကစားခဲ့ပါတယ်။ မက်ဂ်ကန်နီကလည်း ဒီနေ့ပွဲမှာ တကယ်ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့နည်းစနစ်ပိုင်းက အလုပ်ဖြစ်ခဲ့ပြီး ကစားသမားတွေကလည်း အကောင်းဆုံးကစားပေးခဲ့ကြပါတယ်”လု့ိ ပီယာလိုက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုက သူ႕ရဲ႕ျပိဳင္ဘက္ မက္ဆီနဲ႔ ျပန္လည္ ရင္ဆိုင္ဖို႔အတြက္ တက္ၾကြေနခဲ့ေၾကာင္း ပီယာလို ဖြင့္ဟ

ဂ်ဴဗင္တပ္စ္အသင္းနည္းျပ ပီယာလို ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရရွိျပီးေနာ္ တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ သူ႕ရဲ႕ေခတ္ျပိဳင္ျပိဳင္ဘက္ မက္ဆီနဲ႔ရင္ဆိုင္ဖို႔ ပြဲမစခင္ကတည္းက တက္ၾကြေနခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အသင္းႏွစ္သင္းစလံုးဟာ ေနာက္တဆင့္ကို တက္ေရာက္ခဲ့ၿပီျဖစ္ေပမယ့္ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔အတြက္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ပထမဆုံးေတြ႕ဆုံမႈျဖစ္လို႔လည္း ပရိသတ္ေတြ စိတ္ဝင္စားခဲ့ၾကပါတယ္။ ေရာ္နယ္ဒို နဲ႔ မက္ဆီတို႔ဟာ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ျပန္လည္ ေတြ႕ဆံုခဲ့ၾကတာလည္းျဖစ္ပါတယ္။ ရီးရဲလ္ကစားသမားဘဝမွာ ဘာစီလိုနာနဲ႔ ၉ ႏွစ္တိုင္တိုင္ ၿပိဳင္ဘက္ေတြအျဖစ္ ေရာ္နယ္ဒိုက ေတြ႕ဆုံခဲ့ဖူးၿပီး မက္ဆီနဲ႔လည္း အၿပိဳင္အဆိုင္ျဖစ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ရီးရဲလ္ကထြက္ခြာခဲ့ၿပီး ၂၀၁၈ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ႏူးကမ့္ကြင္းမွာ ကစားခဲ့ရာ ေရာ္နယ္ဒိုက ပယ္နယ္တီဂိုး ၂ဂိုးသြင္းယူခဲ့ၿပီး ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ဘာစီလိုနာနဲ႔ပြဲမွာ ပင္နယ္တီကေန ၂ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ပထမဆံုးကစားသမားျဖစ္လာခဲ့ပါတယ္။ ခ်န္ပီယံလိဂ္သြင္းဂိုးစုစုေပါင္း ၁၃၄ ဂိုးအထိ ရွိလာခဲ့ၿပီး ေနာက္ထပ္စံခ်ိန္တစ္ခုအျဖစ္ ကလပ္အသင္း သြင္းဂိုး ၆၅၀ ျပည့္ေျမာက္ခဲ့တဲ့ မွတ္တမ္းလည္းရရွိခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ဘာစီလုိနာရဲ႕ ႏူးကမ့္ကြင္းမွာ (၁၃)ၾကိမ္ကစားထားခဲ့ၿပီး စုစုေပါင္း (၁၄) ဂိုးအထိ သြင္းယူနိုင္ခဲ့ကာ သူ႔ရဲ့ကစားသမားဘဝမွာ အဆိုပါကြင္းက အေဝးဂိုးအမ်ားဆုံးရရွိတဲ့ ကြင္းလည္းျဖစ္လာခဲ့ပါတယ္။

“ေရာ္နယ္ဒိုက သူ႕ရဲ႕ျပိဳင္္ဘက္မက္ဆီနဲ႔ရင္ဆိုင္ကစားဖို႔ ပြဲမစခင္ကတည္းက တက္ၾကြေနခဲ့တာပါ။ ရာသီတစ္ခုမွာ ပြဲေတြအမ်ားၾကီးကစားရပါတယ္။ ေရာ္နယ္ဒိုကေတာ့ ဒီေန႔ပြဲမွာ စီးရီးေအပြဲေတြကထက္ ပိုတက္ၾကြေနခဲ့ပါတယ္”လို႔ ပီယာလိုက ေျပာၾကားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ဘာစီလိုနာကိုအေ၀းကြင္းမွာ ၃ ဂိုးျပတ္နဲ႔အႏိုင္ရရွိခဲ့ျပီး ကိုးမန္းရဲ႕အသင္းဟာ ၂၀၁၃ ေမလေနာက္ပိုင္း ပထမဆံုးအၾကိမ္ခ်န္ပီယံလိဂ္မွာ ၃ ဂိုးခြင့္ျပဳခံခဲ့ရတာျဖစ္ပါတယ္။

အဆုိပါရလဒ္ေၾကာင့္ ဘာစီလိုနာဟာ ၂၀၀၆ – ၀၇ ေနာက္ပိုင္း ပထမဆံုးအၾကိမ္ ခ်န္ပီယံလိဂ္အုပ္စုပထမေနရာမွာ ရပ္တည္ႏိုင္မယ့္အေရးနဲ႔လြဲေခ်ာ္ခဲ့ရသလို ဂ်ဴဗင္တပ္္စ္ကလည္း ယူအီးအက္ဖ္ေအျပိဳင္ပြဲမွာ ဘာစီလိုနာကို အေ၀းကြင္းမွာ ၃ ဂိုးအထိသြင္းယူႏုိင္တဲ့ပထမဆံုးအီတလီကလပ္ျဖစ္လာခဲ့ပါတယ္။

“ကြ်န္ေတာ္တို႔အတြက္ အေရးပါတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ ပြဲအစကတည္းက ကြွန္ေတာ္တို႔ အာရံုစူးစိုက္မႈအျပည့္နဲ စိတ္ပိုင္းျဖတ္ျပီး ကစားခဲ့ပါတယ္။ မက္ဂ္ကန္နီကလည္း ဒီေန႔ပြဲမွာ တကယ္ေကာင္းခဲ့ပါတယ္။ ကြ်န္ေတာ္္တို႔နည္းစနစ္ပိုင္းက အလုပ္ျဖစ္ခဲ့ျပီး ကစားသမားေတြကလည္း အေကာင္းဆံုးကစားေပးခဲ့ၾကပါတယ္”လု႔ိ ပီယာလိုက ေျပာၾကားခဲ့ပါတယ္။