ရော်နယ်ဒိုက အုပ်စုပွဲမှာ ပင်နယ်တီ သွင်းတာကို ဗိုလ်လုပွဲမှာ ဂိုးသွင်းသလို အောင်ပွဲခံတယ်လို့ ဝေဖန်တဲ့ ဟန်ဂေရီ နည်းပြ

ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူရို အုပ်စု ပွဲစဉ်မှာ ပင်နယ်တီ သွင်းတာကို ယူရို ဗိုလ်လုပွဲစဉ်မှာ သွင်းဂိုး သွင်းယူသလိုမျိုး အောင်ပွဲခံခဲ့ပြီး စိတ်အနှောင့်ယှက် ဖြစ်တယ်လို့ ဟန်ဂေရီ နည်းပြ ရိုစီက ဝေဖန်သွားခဲ့ပါတယ်။

ဂျုဗင်တပ် နဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဟန်ဂေရီအသင်းကို ပေးဂိုးမရှိဘဲ (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို အုပ်စု အဖွင့် ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့ပြီး ပထမဂိုးကို ပင်နယ်တီကနေ တစ်ဆင့် သွင်းယူခဲ့ပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိ ယူရို အုပ်စု ပွဲစဉ် (၃) ပွဲမှာ သွင်းဂိုး (၅) ဂိုး သွင်းယူခဲ့ပြီး သူ သွင်းယူသွားခဲ့တဲ့ သွင်းဂိုး (၅) ဂိုးမှာ သွင်းဂိုး (၃) ဂိုးကတော့ ပင်နယ်တီကနေ တစ်ဆင့် သွင်းယူထားတဲ့ သွင်းဂိုးတွေ ဖြစ်ပါတယ်။

ဘလွန်းဒီအော် (၅) ကြိမ်ဆုရှင် ရော်နယ်ဒိုဟာ ပြင်သစ်အသင်းနဲ့ (၂-၂) သရေကျခဲ့တဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ပင်နယ်တီ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့ပြီးနောက် လက်ရွေးစင် သွင်းဂိုး အများဆုံး ပူးတွဲ ကစားသမား ဖြစ်ခဲ့ပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီအပတ် တနင်္ဂနွေနေ့ည ဘယ်လ်ဂျီယံအသင်းနဲ့ ကစားမယ့် ယူရို (၁၆) သင်း အဆင့် ရှုံးထွက် ပွဲစဉ်မှာ (၁) ဂိုး ထပ်သွင်းပါက လက်ရွေးစင် သွင်းဂိုး အများဆုံး ကစားသမားသစ် ဖြစ်လာနိုင်တော့မှာပါ။

နည်းပြ ရိုစီရဲ့ ဟန်ဂေရီအသင်းဟာ မရဏ အုပ်စုမှာ ပြင်သစ်အသင်း၊ ပေါ်တူဂီအသင်း၊ ဂျာမနီအသင်းတို့တွေနဲ့ ကျရောက်ခဲ့တာကြောင့် (၁၆) သင်းအဆင့်ကို မတက်ရောက်နိုင်တော့ဘဲ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဟန်ဂေရီ နည်းပြ ရိုစီကတော့ ဟန်ဂေရီအသင်း နဲ့ ပေါ်တူဂီအသင်းတို့ ကစားခဲ့တဲ့ အုပ်စု ပွဲစဉ်မှာ ရော်နယ်ဒိုက ပင်နယ်တီ သွင်းယူခဲ့တာကို ဗိုလ်လုပွဲစဉ်မှာ ဂိုးသွင်းသလိုမျိုး အောင်ပွဲခံတယ်လို့ ထိုးနှက်ဝေဖန်သွားခဲ့ပါတယ်။

ဟန်ဂေရီ နည်းပြ ရိုစီက “ရော်နယ်ဒိုကတော့ ကြီးမြတ်တဲ့ ချန်ပီယံပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ သူက စိတ်အနှောင့်ယှက်ပါပဲ။ သူက ကျွန်တော်တို့နဲ့ အုပ်စုပွဲစဉ်မှာ ပင်နယ်တီ သွင်းယူပြီးတဲ့နောက် ဗိုလ်လုပွဲစဉ်မှာ ဂိုးသွင်းသလိုမျိုး အောင်ပွဲခံခဲ့ပါတယ်။ ဒီလို အရာတွေကို လူတွေက သတိထားမိကြပါတယ်”လို့ ပြောခဲ့ပါတယ်။

Zawgyi

ေရာ္နယ္ဒိုက အုပ္စုပြဲမွာ ပင္နယ္တီ သြင္းတာကို ဗိုလ္လုပြဲမွာ ဂိုးသြင္းသလို ေအာင္ပြဲခံတယ္လို႔ ေဝဖန္တဲ့ ဟန္ေဂရီ နည္းျပ

ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ယူ႐ို အုပ္စု ပြဲစဥ္မွာ ပင္နယ္တီ သြင္းတာကို ယူ႐ို ဗိုလ္လုပြဲစဥ္မွာ သြင္းဂိုး သြင္းယူသလိုမ်ိဳး ေအာင္ပြဲခံခဲ့ၿပီး စိတ္အေႏွာင့္ယွက္ ျဖစ္တယ္လို႔ ဟန္ေဂရီ နည္းျပ ႐ိုစီက ေဝဖန္သြားခဲ့ပါတယ္။

ဂ်ဳဗင္တပ္ နဲ႔ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ဟန္ေဂရီအသင္းကို ေပးဂိုးမရွိဘဲ (၃) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ို အုပ္စု အဖြင့္ ပြဲစဥ္မွာ သြင္းဂိုး (၂) ဂိုး သြင္းယူခဲ့ၿပီး ပထမဂိုးကို ပင္နယ္တီကေန တစ္ဆင့္ သြင္းယူခဲ့ပါတယ္။

တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ လက္ရွိ ယူ႐ို အုပ္စု ပြဲစဥ္ (၃) ပြဲမွာ သြင္းဂိုး (၅) ဂိုး သြင္းယူခဲ့ၿပီး သူ သြင္းယူသြားခဲ့တဲ့ သြင္းဂိုး (၅) ဂိုးမွာ သြင္းဂိုး (၃) ဂိုးကေတာ့ ပင္နယ္တီကေန တစ္ဆင့္ သြင္းယူထားတဲ့ သြင္းဂိုးေတြ ျဖစ္ပါတယ္။

ဘလြန္းဒီေအာ္ (၅) ႀကိမ္ဆုရွင္ ေရာ္နယ္ဒိုဟာ ျပင္သစ္အသင္းနဲ႔ (၂-၂) သေရက်ခဲ့တဲ့ အုပ္စု ေနာက္ဆုံး ပြဲစဥ္မွာ ပင္နယ္တီ သြင္းဂိုး (၂) ဂိုး သြင္းယူခဲ့ၿပီးေနာက္ လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး ပူးတြဲ ကစားသမား ျဖစ္ခဲ့ပါတယ္။

တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ဒီအပတ္ တနဂၤေႏြေန႔ည ဘယ္လ္ဂ်ီယံအသင္းနဲ႔ ကစားမယ့္ ယူ႐ို (၁၆) သင္း အဆင့္ ရႈံးထြက္ ပြဲစဥ္မွာ (၁) ဂိုး ထပ္သြင္းပါက လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး ကစားသမားသစ္ ျဖစ္လာႏိုင္ေတာ့မွာပါ။

နည္းျပ ႐ိုစီရဲ႕ ဟန္ေဂရီအသင္းဟာ မရဏ အုပ္စုမွာ ျပင္သစ္အသင္း၊ ေပၚတူဂီအသင္း၊ ဂ်ာမနီအသင္းတို႔ေတြနဲ႔ က်ေရာက္ခဲ့တာေၾကာင့္ (၁၆) သင္းအဆင့္ကို မတက္ေရာက္ႏိုင္ေတာ့ဘဲ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

ဟန္ေဂရီ နည္းျပ ႐ိုစီကေတာ့ ဟန္ေဂရီအသင္း နဲ႔ ေပၚတူဂီအသင္းတို႔ ကစားခဲ့တဲ့ အုပ္စု ပြဲစဥ္မွာ ေရာ္နယ္ဒိုက ပင္နယ္တီ သြင္းယူခဲ့တာကို ဗိုလ္လုပြဲစဥ္မွာ ဂိုးသြင္းသလိုမ်ိဳး ေအာင္ပြဲခံတယ္လို႔ ထိုးႏွက္ေဝဖန္သြားခဲ့ပါတယ္။

ဟန္ေဂရီ နည္းျပ ႐ိုစီက “ေရာ္နယ္ဒိုကေတာ့ ႀကီးျမတ္တဲ့ ခ်န္ပီယံပါ။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ သူက စိတ္အေႏွာင့္ယွက္ပါပဲ။ သူက ကြၽန္ေတာ္တို႔နဲ႔ အုပ္စုပြဲစဥ္မွာ ပင္နယ္တီ သြင္းယူၿပီးတဲ့ေနာက္ ဗိုလ္လုပြဲစဥ္မွာ ဂိုးသြင္းသလိုမ်ိဳး ေအာင္ပြဲခံခဲ့ပါတယ္။ ဒီလို အရာေတြကို လူေတြက သတိထားမိၾကပါတယ္”လို႔ ေျပာခဲ့ပါတယ္။