ရော်နယ်ဒိုစံချိန်မချိုးနိုင်အောင် ဘာမှမလုပ်ထားဘူး၊ ကျွန်တော်ဖြူစင်တာ ကျွန်တော်ပဲသိတယ်-ပီလီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမားတွေအတွက် စံချိန်ကောင်းတွေ၊ ဆုဖလားတွေ၊ ဆုတံဆိပ်တွေဆိုတာ အရမ်းကို အရေးကြီးပါတယ်။ သူ့ထက်သူ စံချိန်ချိုးနိုင်မှ ဘောလုံးလောက တိုးတက်မှာဖြစ်ပေမယ့်၊ အခြားတစ်ဖက်မှာတော့ ထိပ်တန်းဘောလုံးသမားတွေက သူတို့သာ အမြင့်ဆုံးစံချိန်တွေတင်ထားချင်ကြပါတယ်။ သူတို့ရဲ့ စံချိန်ကို ကျော်ဖြတ်မယ့် နောက်မှ ပေါက်တဲ့ ရွှေကြာပွင့်တွေ ပေါ်ထွက်လာတာကို လိုချင်မှလိုချင်ကြတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘရာဇီးလ်ဂန္ထဝင်ကစားသမားကြီးပီလီဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ရရှိခဲ့တဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ သွင်းဂိုးအရေအတွက်ကို ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုတစ်ယောက် ကျော်ဖြတ်ပြီးတဲ့ နောက် မှာ အင်စတာဂရမ်ရဲ့ဘိုင်အို ကို ပြောင်းလဲမှုတွေပြုလုပ်ခဲ့လို့ အကြီးအကျယ်ဝေဖန်မှုတွေခံခဲ့ရပါတယ်။

ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုဟာ အူဒီနီးနဲ့ပွဲမှာ အသင်းအတွက်၂ဂိုးသွင်းယူပေးခဲ့ပြီးနောက် ပီလီရဲ့ သွင်းဂိုး ၇၅၇ ဂိုးစံချိန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပီလီ က စီရော်နယ်ဒို သူ့ရဲ့ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်အပြီး အင်စတာဂရမ်မှာ သူဂိုးသွင်းတဲ့ အရေအတွက်ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ပီလီ က (၁၂၈၃)ဂိုး နဲ့ သူဟာ ကမ္ဘာပေါ်မှာ ဂိုးသွင်းအများဆုံးသူဖြစ်တယ်လို့ ပြောင်းလဲခဲ့တာပါ။ဒါပေမယ့် အခုအချိန်မှာတော့ ပီလီ က အဲဒီကိစ္စကို တုံ့ပြန်လာပါတယ်။

ကမ္ဘာ့ဖလား (၃)ကြိမ်ရရှိထားတဲ့ပီလီ က “ကျွန်တော့်ရဲ့စံချိန်တွေကို ချိုးဖျက်နေတဲ့ နာမည်ကြီးကစားသမားတွေကို ပြန်လည်လွှမ်းမိုးနိုင်ဖို့ ကျွန်တော်က အင်စတာဂရမ် ဘိုင်အိုတွေကို ပြောင်းလဲခဲ့တယ်ဆိုပြီး မီဒီယာတွေက ကျွန်တော့်ကိုစွပ်စွဲတိုက်ခိုက်ကြပါတယ်။ ကျွန်တော်ဆိုရှယ်မီဒီယာကို အသုံးပြုကတည်းက ဘိုင်အိုမှာ ထားတဲ့ စာသားတွေ၊ အချက်အလက်တွေက နဂိုကတည်းကအမြဲတမ်းအတူတူပါပဲ။”

“ကျွန်တော်ဘာမှမလုပ်ပါဘူး။ အဲဒီအချက်အလက်တွေ၊ အဖြစ်အပျက်တွေက မယုံကြည်နိုင်လောက်အောင်ရရှိထားတဲ့ ကောင်းမွန်တောက်ပတဲ့ အောင်မြင်မှုတွေကို မပျက်စီးစေနိုင်သလို၊ ကျွန်တော်တို့အားလုံးကို လည်း အာရုံမပျံလွင့်စေသင့်ပါဘူးလို့”ရေးသားထားပါတယ်။

ပီလီရဲ့ များပြားလှတဲ့ အငြင်းပွားဖွယ် ဂိုးကွာခြားချက်တွေကို အချို့တွေကတော့ မြို့နယ်အဆင့်၊ရပ်ကွက်အဆင့် (သို့) သေးငယ်တဲ့ဘောလုံးပွဲစဉ်တွေမှာ သွင်းခဲ့တဲ့ဂိုးတွေကို ထည့်သွင်းရေတွက်ထားတာလို့ပြောကြပါတယ်။

အဲဒီသွင်းဂိုးတွေကို ရေတွက်ဖို့အတွက် တရားဝင်ဘောလုံးစည်းမျဉ်း၊စည်းကမ်းတွေ၊ ကွင်းဝတ်စုံတွေနဲ့ ကစားတာလားဆိုတာလည်း သိဖို့ လိုအပ်ကြောင်း ပြောဆိုထားကြပါတယ်။ ပီလီကတော့ သားဘာမှမလုပ်ဘူး၊ သားဖြူစင်တာ သားပဲသိတယ်ဆိုတဲ့ ပုံစံတုံ့ပြန်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုစံခ်ိန္မခ်ိဳးႏိုင္ေအာင္ ဘာမွမလုပ္ထားဘူး၊ ကြၽန္ေတာ္ျဖဴစင္တာ ကြၽန္ေတာ္ပဲသိတယ္-ပီလီ

ေဘာလုံးသမားေတြအတြက္ စံခ်ိန္ေကာင္းေတြ၊ ဆုဖလားေတြ၊ ဆုတံဆိပ္ေတြဆိုတာ အရမ္းကို အေရးႀကီးပါတယ္။ သူ႔ထက္သူ စံခ်ိန္ခ်ိဳးႏိုင္မွ ေဘာလုံးေလာက တိုးတက္မွာျဖစ္ေပမယ့္၊ အျခားတစ္ဖက္မွာေတာ့ ထိပ္တန္းေဘာလုံးသမားေတြက သူတို႔သာ အျမင့္ဆုံးစံခ်ိန္ေတြတင္ထားခ်င္ၾကပါတယ္။ သူတို႔ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္မယ့္ ေနာက္မွ ေပါက္တဲ့ ေ႐ႊၾကာပြင့္ေတြ ေပၚထြက္လာတာကို လိုခ်င္မွလိုခ်င္ၾကတာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဘရာဇီးလ္ဂႏၴဝင္ကစားသမားႀကီးပီလီဟာ သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ ရရွိခဲ့တဲ့ တရားဝင္အသိအမွတ္ျပဳထားတဲ့ သြင္းဂိုးအေရအတြက္ကို ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုတစ္ေယာက္ ေက်ာ္ျဖတ္ၿပီးတဲ့ ေနာက္ မွာ အင္စတာဂရမ္ရဲ႕ဘိုင္အို ကို ေျပာင္းလဲမႈေတြျပဳလုပ္ခဲ့လို႔ အႀကီးအက်ယ္ေဝဖန္မႈေတြခံခဲ့ရပါတယ္။ ဂ်ဴဗီတိုက္စစ္မႉးေရာ္နယ္ဒိုဟာ အူဒီနီးနဲ႔ပြဲမွာ အသင္းအတြက္၂ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ပီလီရဲ႕ သြင္းဂိုး ၇၅၇ ဂိုးစံခ်ိန္ကို တစ္ဂိုးအသာနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ပီလီ က စီေရာ္နယ္ဒို သူ႔ရဲ႕ဂိုးသြင္းစံခ်ိန္ကို ေက်ာ္ျဖတ္အၿပီး အင္စတာဂရမ္မွာ သူဂိုးသြင္းတဲ့ အေရအတြက္ကို ေျပာင္းလဲလိုက္တာျဖစ္ပါတယ္။ပီလီ က (၁၂၈၃)ဂိုး နဲ႔ သူဟာ ကမာၻေပၚမွာ ဂိုးသြင္းအမ်ားဆုံးသူျဖစ္တယ္လို႔ ေျပာင္းလဲခဲ့တာပါ။ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ပီလီ က အဲဒီကိစၥကို တုံ႔ျပန္လာပါတယ္။

ကမာၻ႔ဖလား (၃)ႀကိမ္ရရွိထားတဲ့ပီလီ က “ကြၽန္ေတာ့္ရဲ႕စံခ်ိန္ေတြကို ခ်ိဳးဖ်က္ေနတဲ့ နာမည္ႀကီးကစားသမားေတြကို ျပန္လည္လႊမ္းမိုးႏိုင္ဖို႔ ကြၽန္ေတာ္က အင္စတာဂရမ္ ဘိုင္အိုေတြကို ေျပာင္းလဲခဲ့တယ္ဆိုၿပီး မီဒီယာေတြက ကြၽန္​ေတာ့္ကိုစြပ္စြဲတိုက္ခိုက္ၾကပါတယ္။ကြၽန္ေတာ္ဆိုရွယ္မီဒီယာကို အသုံးျပဳကတည္းက ဘိုင္အိုမွာ ထားတဲ့ စာသား​ေတြ၊ အခ်က္အလက္​ေတြက နဂိုကတည္းကအၿမဲတမ္းအတူတူပါပဲ။ ကြၽန္​ေတာ္ဘာမွမလုပ္ပါဘူး။ အဲဒီအခ်က္အလက္​ေတြ၊ အျဖစ္အပ်က္​ေတြက မယုံၾကည္ႏိုင္ေလာက္ေအာင္ရရွိထားတဲ့ ေကာင္းမြန္​ေတာက္ပတဲ့ ေအာင္ျမင္မႈေတြကို မပ်က္စီး​​ေစႏိုင္သလို၊ ကြၽန္ေတာ္တို႔အားလုံးကို လည္း အာ႐ုံမပ်ံလြင့္ေစသင့္ပါဘူးလို႔”ေရးသားထားပါတယ္။

ပီလီရဲ႕ မ်ားျပားလွတဲ့ အျငင္းပြားဖြယ္ ဂိုးကြာျခားခ်က္​ေတြကို အခ်ိဳ႕​ေတြက​ေတာ့ ၿမိဳ႕နယ္အဆင့္၊ရပ္ကြက္အဆင့္ (သို႔) ​ေသးငယ္တဲ့​ေဘာလုံးပြဲစဥ္​ေတြမွာ သြင္းခဲ့တဲ့ဂိုး​ေတြကို ထည့္သြင္း​ေရတြက္ထားတာလို႔​ေျပာၾကပါတယ္။ အဲဒီသြင္းဂိုး​ေတြကို ​ေရတြက္ဖို႔အတြက္ တရား၀င္​ေဘာလုံးစည္းမ်ဥ္း၊စည္းကမ္း​ေတြ၊ ကြင္း၀တ္စုံ​ေတြနဲ႔ ကစားတာလားဆိုတာလည္း သိဖို႔ လိုအပ္​ေၾကာင္း ​ေျပာဆိုထားၾကပါတယ္။ ပီလီက​ေတာ့ သားဘာမွမလုပ္ဘူး၊ သားျဖဴစင္တာ သားပဲသိတယ္ဆိုတဲ့ ပုံစံတုံ႔ျပန္ထားပါတယ္။