ရော်နယ်ဒိုဆိုတဲ့ နှမ်းတစ်စေ့နဲ့ ပရီးမီးယားလိဂ်ဖလားဆိုတဲ့ ဆီ ဖြစ်မလာဘူး

မန်ချက်စတာ ယူနိုက်တက် ကြားဖြတ်နည်းပြ ရာဖ် ရန်းနစ်ခ် သူ့ရဲ့ ကစားကွက်ကို

ထက် ရော်နယ်ဒိုနဲ့ ကစားပုံနဲ့ အံဝင်အောင် ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အိုးထရတ်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာပြီးကတည်းက

ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်နိုင်ပွဲ ( ၄ ) ခုလုံးမှာ သွင်းဂိုးရယူနိုင်ခဲ့ပြီး

ချန်ပီယံလိဂ်မှာလည်း ( ၆ ) ဂိုးသွင်းယူပြီး အုပ်စု ( စ ) ရဲ့ ပထမနေရာရရှိအောင်

ကူညီပေးထားကာ ဒီရာသီ စုစုပေါင်း ( ၁၂ ) ဂိုး သွင်းယူထားပါတယ်။

ဒါပေမယ့် ရန်းနစ်ခ် ရောက်ရှိလာမှုနဲ့အတူ အသက် ( ၃၆ ) နှစ်အရွယ်

ကစားသမားရဲ့ အနာဂတ် အလားအလာကလည်း စိုးရိမ်စရာအခြေအနေ

ဖြစ်နေတယ်လို့ သုံးသပ်လျက်ရှိကြပါတယ်။

သောကြာနေ့ညနေက အိုးထရတ်ဖို့ဒ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ

အတွင်း ရော်နယ်ဒိုက သူ့ရဲ့ ပြင်းထန်တဲ့ တောင်းဆိုမှုတွေကို လိုက်လျော

ညီထွေဖြစ်အောင် ကြိုးစားဖို့လိုအပ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို

ရန်းနစ်ခ်ကပယ်ချသွားခဲ့ပါတယ်။

ရန်းနစ်ခ်က “ အမြဲတမ်း အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့

လိုက်လျောညီထွေမှုရှိတဲ့ ဘောလုံး အိုင်ဒီယာ ၊ စတိုင်တွေကို

အသုံးပြုရပါမယ်။ အပြန်အလှန် အခြေအနေ လိုက်လျောညီထွေ

ရှိရမယ်လို့ မဟုတ်ပါဘူး။”လို့ ဆိုခဲ့ပါတယ်။

“ မနေ့က ဒုတိယပိုင်းမှာ အသက် ( ၃၆ ) နှစ်အရွယ် ခရစ္စတီယာနိုက

တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်တဲ့သူပါ။ ဒီအသက်အရွယ်မှာ

သူ့လောက် ကြံ့ခိုင်တဲ့သူ မတွေ့ဖူးပါဘူး။ သူက အလွယ်တကူပဲ

အပြောင်းအလဲ ပြုလုပ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးပါ။”

“ ဒါကြောင့် ၊ ဟုတ်ပါတယ် ၊ ကျွန်တော်တို့အနေနဲ့ ခရစ္စတီယာနို

တစ်ဦးတည်းသာမကပ တစ်သင်းလုံးကို တိုးတက်အောင် ပြုလုပ်ရပါမယ်။

ကျွန်တော်တို့ဟာ ကမ္ဘာပေါ်က ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်မှာ

ကစားနေတာကြောင့် ကစားသမားတွေအားလုံး အကောင်းဆုံး

အ‌ြခေအနေမှာ ရှိနေဖို့ လိုအပ်ပါတယ်။”

“ မနေ့ကတော့ ခရစ္စတီယာနိုဟာ ကြိုးစားဖို့ ဆန္ဒရှိတာထက် ပိုပါတယ်။

သူ့ရဲ့ အသင်းဖော်တွေကလည်း အလားတူ ပြုလုပ်ရပါလိမ့်မယ်။”

zawgyi

ေရာ္နယ္ဒိုဆိုတဲ့ ႏွမ္းတစ္ေစ့နဲ႔ ပရီးမီးယားလိဂ္ဖလားဆိုတဲ့ ဆီ ျဖစ္မလာဘူး

ရန္းနစ္ခ္ ေရာ္နယ္ဒိုကို ဘယ္လိုကိုယ္တြယ္သြားမလဲ?

မန္ခ်က္စတာ ယူႏိုက္တက္ ၾကားျဖတ္နည္းျပ ရာဖ္ ရန္းနစ္ခ္ သူ႔ရဲ႕ ကစားကြက္ကို

ထက္ ေရာ္နယ္ဒိုနဲ႔ ကစားပုံနဲ႔ အံဝင္ေအာင္ ျပဳလုပ္သြားမယ္လို႔ ဆိုခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ အိုးထရတ္ဖို႔ဒ္ကို ျပန္လည္ေရာက္ရွိလာၿပီးကတည္းက

ယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ႏိုင္ပြဲ ( ၄ ) ခုလုံးမွာ သြင္းဂိုးရယူႏိုင္ခဲ့ၿပီး

ခ်န္ပီယံလိဂ္မွာလည္း ( ၆ ) ဂိုးသြင္းယူၿပီး အုပ္စု ( စ ) ရဲ႕ ပထမေနရာရရွိေအာင္

ကူညီေပးထားကာ ဒီရာသီ စုစုေပါင္း ( ၁၂ ) ဂိုး သြင္းယူထားပါတယ္။

ဒါေပမယ့္ ရန္းနစ္ခ္ ေရာက္ရွိလာမႈနဲ႔အတူ အသက္ ( ၃၆ ) ႏွစ္အ႐ြယ္

ကစားသမားရဲ႕ အနာဂတ္ အလားအလာကလည္း စိုးရိမ္စရာအေျခအေန

ျဖစ္ေနတယ္လို႔ သုံးသပ္လ်က္ရွိၾကပါတယ္။

ေသာၾကာေန႔ညေနက အိုးထရတ္ဖို႔ဒ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲ

အတြင္း ေရာ္နယ္ဒိုက သူ႔ရဲ႕ ျပင္းထန္တဲ့ ေတာင္းဆိုမႈေတြကို လိုက္ေလ်ာ

ညီေထြျဖစ္ေအာင္ ႀကိဳးစားဖို႔လိုအပ္တယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြကို

ရန္းနစ္ခ္ကပယ္ခ်သြားခဲ့ပါတယ္။

ရန္းနစ္ခ္က “ အၿမဲတမ္း အသင္းမွာ ရွိေနတဲ့ ကစားသမားေတြနဲ႔

လိုက္ေလ်ာညီေထြမႈရွိတဲ့ ေဘာလုံး အိုင္ဒီယာ ၊ စတိုင္ေတြကို

အသုံးျပဳရပါမယ္။ အျပန္အလွန္ အေျခအေန လိုက္ေလ်ာညီေထြ

ရွိရမယ္လို႔ မဟုတ္ပါဘူး။”လို႔ ဆိုခဲ့ပါတယ္။

“ မေန႔က ဒုတိယပိုင္းမွာ အသက္ ( ၃၆ ) ႏွစ္အ႐ြယ္ ခရစၥတီယာႏိုက

တကယ့္ကို ပေရာ္ဖက္ရွင္နယ္ဆန္တဲ့သူပါ။ ဒီအသက္အ႐ြယ္မွာ

သူ႔ေလာက္ ႀကံ့ခိုင္တဲ့သူ မေတြ႕ဖူးပါဘူး။ သူက အလြယ္တကူပဲ

အေျပာင္းအလဲ ျပဳလုပ္ေပးႏိုင္တဲ့ ကစားသမားတစ္ဦးပါ။”

“ ဒါေၾကာင့္ ၊ ဟုတ္ပါတယ္ ၊ ကြၽန္ေတာ္တို႔အေနနဲ႔ ခရစၥတီယာႏို

တစ္ဦးတည္းသာမကပ တစ္သင္းလုံးကို တိုးတက္ေအာင္ ျပဳလုပ္ရပါမယ္။

ကြၽန္ေတာ္တို႔ဟာ ကမာၻေပၚက ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးလိဂ္မွာ

ကစားေနတာေၾကာင့္ ကစားသမားေတြအားလုံး အေကာင္းဆုံး

အ‌ျေခအေနမွာ ရွိေနဖို႔ လိုအပ္ပါတယ္။”

“ မေန႔ကေတာ့ ခရစၥတီယာႏိုဟာ ႀကိဳးစားဖို႔ ဆႏၵရွိတာထက္ ပိုပါတယ္။

သူ႔ရဲ႕ အသင္းေဖာ္ေတြကလည္း အလားတူ ျပဳလုပ္ရပါလိမ့္မယ္။”