မုဒိမ်းကောင်တစ်ယောက်အနေနဲ့ ထောင်မှတပါး သြဘာလက်ခုပ်သံတွေကို မျှော်လင့်နေလို့မရဘူး ရော်ဘင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးနိုင်ငံက အမျိုးသမီးအခွင့်အရေး ၊မိသားစုရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ( Ministry of Women, Family and Human Rights) ဒါမာရက်စ်အဲလ်ဗက်စ်က မုဒိမ်းမှု ပြစ်ချက်တွေရှိနေခဲ့တဲ့ လက်ရွေးစင် တိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုကို ထောင်ဒါဏ်ချက်ချင်းကျခံဖို့ဘဲဖြစ်သင့်ပြီး မုဒိမ်းကောင်တစ်ဦးအနေနဲ့ ထောင်အပြင်မှာ လူအများရဲ့ ချီးကျူးသြဘာသံတွေကို ရယူဖို့ မျှော်လင့်နေလို့ မရဘူးဆိုပြီး အတိအလင်း ထုတ်ဖော်သွားခဲ့ပါတယ်။

ရီးရဲလ်၊ မန်စီးတီး၊ မီလန်စတဲ့ ထိပ်တန်းအသင်းကြီးတွေမှာကစားခဲ့ဖူးတဲ့ ရော်ဘင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၁၃ ဇန်နဝါရီတုန်းက မီလန်မြို့က နိုက်ကလပ်တစ်ခုမှာ အသက် ၂၂ နှစ်အရွယ် အယ်လ်ဘေးနီးယားအမျိုးသမီးငယ်တစ်ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့်မှု ကျူးလွန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ၂၀၁၇ နိုဝင်ဘာ မှာတော့ အီတလီနိုင်ငံက တရားရုံးက သူ့ကို ထောင်ဒါဏ် ၉ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်အယူခံဝင်မှုကိစ္စရပ်တွေကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်တာကြောင့် ထောင်ဒါဏ်ကို လက်ရှိအချိန်အထိ တရားဝင် ကျခံရခြင်း မရှိသေးတာပါ။

ရော်ဘင်ဟိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က သူ့ရဲ့ ငယ်ဘဝအသင်းဟောင်းဆန်းတို့စ်အသင်းဆီကို ၅ လစာချုပ်နဲ့ ရောက်ရှိလာခဲ့ပါ သေးတယ်။ ဒါပေမယ့် အခုလို အမှုကိစ္စမရှင်းလင်းတဲ့အနေအထားတွေအပြင် အသင်းဟာလည်း ဝေ ဖန်မှု တွေကြုံလာရလို့ သူ့ကိုခေါ်ယူဖို့ သဘောတူထားတဲ့စာချုပ်ကို ဆန်းတို့စ်ဘက်က ပြန်လည်ဖျက်သိမ်းခဲ့တာပါ။

မုဒိမ်းမှုစွဲဆိုချက်အပေါ် ရော်ဘင်ဟိုက ငြင်းပယ်ထားဆဲဖြစ်ပေမယ့် ဒီအမျိုးသမီးငယ်နဲ့ ဆက်သွယ်ပတ်သက်မှု ရှိခဲ့တယ်ဆိုတာကိုတော့ ဝန်ခံခဲ့တာပါ။ ဒီအနေအထားမှာ ဝန်ကြီး အဲလ်ဗက်စ်ကတော့ ” သူ့အနေနဲ့ ထောင်ဒါဏ်ကို ချက်ချင်းကျခံရမှာပါ။ ကျွန်မအနေနဲ့ ဒါထက်ပိုပြောစရာမရှိဘူး။ အယူခံဝင်နေဆဲဆိုပေမယ့် ဒါ့ထက်ပိုပြီး ဘာကို လိုချင်သေးတာလဲ။ ထောင်မှတပါး မုဒိမ်းကောင်တစ်ဦးအနေနဲ့ ချီးကျူးသြဘာပေးတာမျိုးကို မျှော်လင့်နေလို့တော့ မရဘူး ” လို့ ဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မုဒိမ္းေကာင္တစ္ေယာက္အေနနဲ႔ ေထာင္မွတပါး ၾသဘာလက္ခုပ္သံေတြကို ေမွ်ာ္လင့္ေနလို႔မရဘူး ေရာ္ဘင္ဟို

ဘရာဇီးႏိုင္ငံက အမ်ိဳးသမီးအခြင့္အေရး ၊မိသားစုေရးရာနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ဝန္ႀကီး ( Ministry of Women, Family and Human Rights) ဒါမာရက္စ္အဲလ္ဗက္စ္က မုဒိမ္းမႈ ျပစ္ခ်က္ေတြရွိေနခဲ့တဲ့ လက္ေ႐ြးစင္ တိုက္စစ္မႉးေဟာင္း ေရာ္ဘင္ဟိုကို ေထာင္ဒါဏ္ခ်က္ခ်င္းက်ခံဖို႔ဘဲျဖစ္သင့္ၿပီး မုဒိမ္းေကာင္တစ္ဦးအေနနဲ႔ ေထာင္အျပင္မွာ လူအမ်ားရဲ႕ ခ်ီးက်ဴးၾသဘာသံေတြကို ရယူဖို႕ ေမွ်ာ္လင့္ေနလို႔ မရဘူးဆိုၿပီး အတိအလင္း ထုတ္ေဖာ္သြားခဲ့ပါတယ္။

ရီးရဲလ္၊ မန္စီးတီး၊ မီလန္စတဲ့ ထိပ္တန္းအသင္းႀကီးေတြမွာကစားခဲ့ဖူးတဲ့ ေရာ္ဘင္ဟိုဟာ လြန္ခဲ့တဲ့ ၂၀၁၃ ဇန္နဝါရီတုန္းက မီလန္ၿမိဳ႕က ႏိုက္ကလပ္တစ္ခုမွာ အသက္ ၂၂ ႏွစ္အ႐ြယ္ အယ္လ္ေဘးနီးယားအမ်ိဳးသမီးငယ္တစ္ဦးကို အုပ္စုဖြဲ႕ မုဒိန္းက်င့္မႈ က်ဴးလြန္ခဲ့ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ၂၀၁၇ ႏိုဝင္ဘာ မွာေတာ့ အီတလီႏိုင္ငံက တရား႐ုံးက သူ႔ကို ေထာင္ဒါဏ္ ၉ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။ ဒါေပမယ့္အယူခံဝင္မႈကိစၥရပ္ေတြကို ဆက္လက္ ေဆာင္႐ြက္ေနဆဲျဖစ္တာေၾကာင့္ ေထာင္ဒါဏ္ကို လက္ရွိအခ်ိန္အထိ တရားဝင္ က်ခံရျခင္း မရွိေသးတာပါ။

ေရာ္ဘင္ဟိုဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၀ ရက္ေန႔က သူ႔ရဲ႕ ငယ္ဘဝအသင္းေဟာင္းဆန္းတို႔စ္အသင္းဆီကို ၅ လစာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့ပါ ေသးတယ္။ ဒါေပမယ့္ အခုလို အမႈကိစၥမရွင္းလင္းတဲ့အေနအထားေတြအျပင္ အသင္းဟာလည္း ေဝ ဖန္မႈ ေတြႀကဳံလာရလို႔ သူ႔ကိုေခၚယူဖို႔ သေဘာတူထားတဲ့စာခ်ဳပ္ကို ဆန္းတို႔စ္ဘက္က ျပန္လည္ဖ်က္သိမ္းခဲ့တာပါ။

မုဒိမ္းမႈစြဲဆိုခ်က္အေပၚ ေရာ္ဘင္ဟိုက ျငင္းပယ္ထားဆဲျဖစ္ေပမယ့္ ဒီအမ်ိဳးသမီးငယ္နဲ႔ ဆက္သြယ္ပတ္သက္မႈ ရွိခဲ့တယ္ဆိုတာကိုေတာ့ ဝန္ခံခဲ့တာပါ။ ဒီအေနအထားမွာ ဝန္ႀကီး အဲလ္ဗက္စ္ကေတာ့ ” သူ႔အေနနဲ႔ ေထာင္ဒါဏ္ကို ခ်က္ခ်င္းက်ခံရမွာပါ။ ကြၽန္မအေနနဲ႔ ဒါထက္ပိုေျပာစရာမရွိဘူး။ အယူခံဝင္ေနဆဲဆိုေပမယ့္ ဒါ့ထက္ပိုၿပီး ဘာကို လိုခ်င္ေသးတာလဲ။ ေထာင္မွတပါး မုဒိမ္းေကာင္တစ္ဦးအေနနဲ႔ ခ်ီးက်ဴးၾသဘာေပးတာမ်ိဳးကို ေမွ်ာ္လင့္ေနလို႔ေတာ့ မရဘူး ” လို႔ ဆိုသြားခဲ့ပါတယ္။