ရော်နယ်ဒိုနဲ့ ပြောင်းပြန်လုပ်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကိုကာကိုလာ သောက်ခဲ့တဲ့ ရုရှား နည်းပြ

လက်ရှိ (၂၀၂၀) ယူရို ပြိုင်ပွဲမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုက သတင်းစာ ရှင်းလင်းပွဲမှာ ကိုကာကိုလာ အချိုရည်အစား ရေကိုပဲ သောက်ဖို့

ပြောပြီးနောက် ကိုကာကိုလာ အချိုရည်က သတိထားစရာ ဖြစ်လာပါတယ်။

ရုရှား နည်းပြ ဖြစ်သူ စတာနီစလေ ချာချီဆော့ဗ်ကတော့ ကိုကာကိုလာ အချိုရည်ကို သတင်းစာ ရှင်းလင်းပွဲမှာ သောက်ဖို့ ငြင်းပယ်ခဲ့တဲ့ ရော်နယ်ဒိုနဲ့

ပြောင်းပြန်လုပ်ပြီး ကိုကာကိုလာ အချိုရည်ကို သောက်ခဲ့တာ ဖြစ်ပါတယ်။

အသက် (၅၇) နှစ်အရွယ် ရုရှား နည်းပြ ချာချီဆော့ဗ်ကတော့ ဖင်လန်အသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင် ရရှိခဲ့တဲ့

ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရှေ့က ခုံပေါ်မှာ ချထားတဲ့ ကိုကာကိုလာ အချိုရည်ကို သောက်ခဲ့တာပါ။

နည်းပြ ချာချီဆော့ဗ်ရဲ့ ရုရှားအသင်းဟာ မနေ့ညက ဖင်လန်အသင်းနဲ့ ကစားသွားခဲ့တဲ့ ယူရို အုပ်စု ပွဲစဉ် (ဘီ) မှာ

ပထမပိုင်းက တိုက်စစ်မှူး မီရန်ချုရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် (၁-ဝ) ရလဒ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။

ရုရှား နည်းပြ ချာချီဆော့ဗ်ဟာ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်ပြီးတဲ့နောက် အနိုင်ဂိုး သွင်းယူပေးတဲ့

အသင်းရဲ့ တိုက်စစ်မှူး မီရန်ချုကို ဂုဏ်ပြုတဲ့ အနေနဲ့ သူ့ရှေ့က ကိုကာကိုလာ အချိုရည်ကို သောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ ဖင်လန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အုပ်စု ပွဲစဉ် (၂) ပွဲ ကစားပြီးတဲ့နောက် အုပ်စု (ဘီ) မှာ

ဇယား ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ နောက် အဆင့် (၂) နေရာမှာ ရှိနေပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက် အနည်းငယ်က ကိုကာကိုလာ အချိုရည်အစား ရေကိုသာ

သောက်ဖို့ ပြောခဲ့ပြီးတဲ့နောက် ကိုကာကိုလာ ကုမ္ပဏီအနေနဲ့ ဒေါ်လာ (၄) ဘီလီယံ အရှုံးပေါ်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ဟန်နီကယ် ဘီယာပုလင်းကို ဖယ်ရှားပစ်ခဲ့ပြီး

လက်ရှိ ရုရှား နည်းပြ ချာချီဆော့ဗ်ကတော့ အားလုံးနဲ့ ကွဲထွက်ပြီး ကိုကာကိုလာ အချိုရည်ကို သောက်ခဲ့ပါတယ်။

Zawgyi

ေရာ္နယ္ဒုိနဲ႔ ေျပာင္းျပန္လုပ္ၿပီး သတင္းစာ ရွင္းလင္းပဲြမွာ ကုိကာကုိလာ ေသာက္ခဲ့တဲ့ ရုရွား နည္းျပ

လက္ရွိ (၂၀၂၀) ယူရုိ ၿပိဳင္ပဲြမွာ ေပၚတူဂီ တုိက္စစ္မွဴး ေရာ္နယ္ဒုိက သတင္းစာ ရွင္းလင္းပဲြမွာ ကုိကာကုိလာ အခ်ဳိရည္အစား ေရကုိပဲ ေသာက္ဖုိ႔ ေျပာၿပီးေနာက္ ကုိကာကုိလာ အခ်ိဳရည္က သတိထားစရာ ျဖစ္လာပါတယ္။

ရုရွား နည္းျပ ျဖစ္သူ စတာနီစေလ ခ်ာခ်ီေဆာ့ဗ္ကေတာ့ ကုိကာကုိလာ အခ်ုိရည္ကုိ သတင္းစာ ရွင္းလင္းပဲြမွာ ေသာက္ဖုိ႔ ျငင္းပယ္ခဲ့တဲ့ ေရာ္နယ္ဒုိနဲ႔ ေျပာင္းျပန္လုပ္ၿပီး ကုိကာကုိလာ အခ်ဳိရည္ကုိ ေသာက္ခဲ့တာ ျဖစ္ပါတယ္။

အသက္ (၅၇) ႏွစ္အရြယ္ ရုရွား နည္းျပ ခ်ာခ်ီေဆာ့ဗ္ကေတာ့ ဖင္လန္အသင္းကုိ (၁-၀) ရလဒ္နဲ႔ အႏုိင္ ရရွိခဲ့တဲ့ ပဲြစဥ္ အၿပီး သတင္းစာ ရွင္းလင္းပဲြမွာ သူ႔ေရွ႕က ခုံေပၚမွာ ခ်ထားတဲ့ ကုိကာကုိလာ အခ်ဳိရည္ကုိ ေသာက္ခဲ့တာပါ။

နည္းျပ ခ်ာခ်ီေဆာ့ဗ္ရဲ႕ ရုရွားအသင္းဟာ မေန႔ညက ဖင္လန္အသင္းနဲ႔ ကစားသြားခဲ့တဲ့ ယူရုိ အုပ္စု ပဲြစဥ္ (ဘီ) မွာ ပထမပုိင္းက တုိက္စစ္မွဴး မီရန္ခ်ဳရဲ႕ တစ္လုံးတည္းေသာ သြင္းဂုိးေၾကာင့္ (၁-၀) ရလဒ္နဲ႔ အႏုိင္ ရရွိခဲ့ပါတယ္။

ရုရွား နည္းျပ ခ်ာခ်ီေဆာ့ဗ္ဟာ သတင္းစာ ရွင္းလင္းပဲြမွာ ထုိင္ၿပီးတဲ့ေနာက္ အႏုိင္ဂုိး သြင္းယူေပးတဲ့ အသင္းရဲ႕ တုိက္စစ္မွဴး မီရန္ခ်ဳကုိ ဂုဏ္ျပဳတဲ့ အေနနဲ႔ သူ႔ေရွ႕က ကုိကာကုိလာ အခ်ဳိရည္ကုိ ေသာက္ခဲ့တာပဲ ျဖစ္ပါတယ္။

ရုရွားအသင္းဟာ ဖင္လန္အသင္းကုိ အႏုိင္ရရွိခဲ့တာေၾကာင့္ အုပ္စု ပဲြစဥ္ (၂) ပဲြ ကစားၿပီးတဲ့ေနာက္ အုပ္စု (ဘီ) မွာ ဇယား ထိပ္ဆုံးကေန ဦးေဆာင္ေနတဲ့ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ေနာက္ အဆင့္ (၂) ေနရာမွာ ရွိေနပါတယ္။

ေပၚတူဂီ တုိက္စစ္မွဴး ေရာ္နယ္ဒုိဟာ ၿပီးခဲ့တဲ့ ရက္ အနည္းငယ္က ကုိကာကုိလာ အခ်ဳိရည္အစား ေရကုိသာ ေသာက္ဖုိ႔ ေျပာခဲ့ၿပီးတဲ့ေနာက္ ကုိကာကုိလာ ကုမၸဏီအေနနဲ႔ ေဒၚလာ (၄) ဘီလီယံ အရႈံးေပၚခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာကလည္း သတင္းစာ ရွင္းလင္းပဲြမွာ ဟန္နီကယ္ ဘီယာပုလင္းကုိ ဖယ္ရွားပစ္ခဲ့ၿပီး လက္ရွိ ရုရွား နည္းျပ ခ်ာခ်ီေဆာ့ဗ္ကေတာ့ အားလုံးနဲ႔ ကဲြထြက္ၿပီး ကုိကာကုိလာ အခ်ဳိရည္ကုိ ေသာက္ခဲ့ပါတယ္။