မန်ချက်စတာယူနိုက်တက်ဂန္ထဝင်များဖြစ်ကြတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်
ဆာအဲလက်စ်ဖာဂူဆန်တို့ဟာ Podcast တစ်ခုမှာပြန်လည်ဆုံစည်းခဲ့ကြပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်နှင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာ Inside View တွင်အတူထိုင်ကာ
စကားလက်ဆုံပြောခဲ့ကြတာဖြစ်ပါတယ်။လက်ရှိအချိန်မှာအပြည့်အစုံတင်ခြင်းမရှိသေးပါဘူး။
မကြာမီထုတ်လွှင့်သွားဖို့ရှိပါတယ်။
ယူနိုက်တက်ကတွစ်တာတွင်တင်လာတဲ့အမြည်းတွင် သရဲနီသူရဲကောင်းနှစ်ဦးတို့
စကားလက်ဆုံကျနေခဲ့ကြတာတွေ့ရပါတယ်။ဖာဂူဆန်က “ကိုယ်ကဂရုစိုက်ပေးတယ်ဆိုတာ
လူတွေသိနေဖို့အရမ်းအရေးကြီးတယ်”လို့ပြောကြားခဲ့ပါတယ်။
ကင်မရာကခရစ္စတီယာနိုရော်နယ်ဒိုဘက်သို့လှည့်ရိုက်ပါတယ်။
ရိုးရှင်းတဲ့ဖက်ရှင်ဝတ်ဆင်ထားတဲ့ရော်နယ်ဒိုက “ကျွန်တော့်ကိုသူပြောခဲ့တာတွေအားလုံးကို
သူလုပ်ပေးခဲ့တယ်။ဒါကတော်တော်ခက်ခဲပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ကတင်လာတဲ့ဗီဒီယိုအမြည်းအဆုံးတွင် ဖာဂူဆန်က “တစ်ချို့အရာတွေက
ဘောလုံးကလပ်တစ်ခုထက်ကြီးမားတယ်ဆိုတာ နားလည်ဖို့လိုတယ်”လို့ပြောကြားခဲ့တာတွေ့ရပါတယ်။
ဖာဂူဆန်ဟာ၂၀၀၃ခုနှစ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုကိုအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်ကာ
ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်အောင်ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်ပါတယ်။
ရော်နယ်ဒိုဟာယူနိုက်တက်သို့ရောက်ပြီးခြောက်နှစ်အကြာမှာ
ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာခဲ့ပါတော့တယ်။ရော်နယ်ဒိုဟာယူနိုက်တက်အတွက်
၂၉၃ပွဲကစားရာမှာ၁၁၈ဂိုးသွင်းပြီး၇၆ကြိမ်ဖန်တီးပေးပြီးနောက်ရီးရဲလ်မက်ဒရစ်သို့
ထိုစဉ်ကကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၈၀ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။
ရော်နယ်ဒိုနှင့်ဖာဂူဆန်တို့ဟာအိုးထရက်ဖို့ဒ်တွင်ဆုံစည်းကြစဉ်အတွင်း
အဖေနဲ့သားဆက်ဆံရေးအထိရှိခဲ့ပါတယ်။ဖာဂူဆန်ဟာယခုနွေရာသီတွင်အိုးထရက်ဖို့ဒ်သို့
ရော်နယ်ဒိုတကျော့ပြန်ရောက်လာအောင်အဓိကနေရာမှလုပ်ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။
zawgyi
ရော်နယ်ဒိုနဲ့ ဖာဂူဆန်တို့ရဲ့ ဗီဒီယိုကလစ်အမြည်းကို တွစ်တာမှာတင်လိုက်တဲ့ ယူနိုက်တက်