
ပြင်သစ်ကစားသမားဟောင်းကြီး အနယ်လ်ကာက မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့
အပြောင်းအရွှေ့အတွက် ဆုံးဖြတ်ချက်ချမှုအပေါ် ဝေဖန်ပြောကြားလာခဲ့ပါတယ်။
ဒီကစားသမားနှစ်ယောက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ
တိုက်တိုက်ဆိုင်ဆိုင်နဲ့ အသင်းပြောင်းဖြစ်ခဲ့ကြတာပါ။
နှစ်ယောက်စလုံးက လက်ရှိအချိန်မှာ သက်ဆိုင်ရာအသင်းတွေနဲ့ ရုန်းကန်နေရပါတယ်။
မက်ဆီကို ပီအက်စ်ဂျီပရိသတ်တွေကလှောင်ပြောင်နေသလို
ရော်နယ်ဒိုကလည်း (၁၂) နှစ်တာကာလအတွင်း
ပထမဆုံး ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ရတော့မှာပါ။
“ဒါမျိုးက အချိန်ကြာကြာကစားချင်တဲ့ ကစားသမားတွေ လုပ်လေ့ ရှိတာပါ။
သူတို့နှစ်ဦးရဲ့ အလုပ်တွေက ပြီးမြောက်ခဲ့ပါပြီ။
လွန်ခဲ့တဲ့ ၁၅ နှစ်တာကာလလုံး သူတို့ရရှိခဲ့တာတွေနဲ့ ပတ်သက်ပြီး
နှစ်ဦးလုံး ပျော်ရွှင်နေလိမ့်မယ်လို့ ကျွန်တော်ထင်မိတယ်။
သူတို့နှစ်ဦးလုံးဟာ အခြားသူတွေထက် သာလွန်နေခဲ့ပေမယ့်
အခုချိန် မှာတော့ ဖြေးဖြေးချင်းကျလာတယ်ဆိုတာ နှစ်ဦးလုံးအတွက် ပုံမှန်ပဲဖြစ်ပါတယ်”
“ကျွန်တော့်အတွက်တော့ ရော်နယ်ဒိုထက် မက်ဆီကို ပိုပြီး အံသြမိပါတယ်။
ကျွန်တော်ထင်မြင်မိတာက မက်ဆီက ပြင်သစ်မှာ အခြေကျပြီး
ရော်နယ်ဒိုက အင်္ဂလန်မှာ အခက်အခဲတွေ ကြုံလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ်ဟာ
ကမ္ဘာပေါ်မှာ ကျွမ်းကျင်မှု၊ အားထုတ်ရမှုအလိုအပ်ဆုံး အမှတ်ပေးပြိုင်ပွဲဖြစ်နေလို့ပါ”
“နှစ်ယောက်လုံးက ဉာဏ်မရှိကြပါဘူး။ နှစ်ဦးလုံး အခက်အခဲသိပ်မရှိတဲ့စိန်ခေါ်မှုကိုပဲ
ရင်ဆိုင်ဖို့ တွေးထားသင့်တယ်။ ထိပ်ဆုံးမှာပဲ အောင်အောင်မြင်မြင်ရပ်တန့်လိုက်နိုင်ဖို့
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ်။ အသက် ၃၂၊ ၃၄၊ ၃၆ နှစ်အရွယ်မှာ
ဘောလုံးသမားဘဝကို အနားယူဖို့ဆုံးဖြတ်ရာမှာ
မတုံ့ဆိုင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။
ဒါကို မဝေဖန်လိုပါဘူး။ ကျွန်တော်ဆိုရင်လည်း အသက် ၃၆ နှစ်မှာ
ကစားသမားဘဝ အနားယူခဲ့ပေမယ့် အသက် ၃၂မှာ
တရုတ်မှာ ကစားခဲ့ပါတယ်” လို့ အနယ်လ်ကာက ပြောပါတယ်။
zawgyi
ေရာ္နယ္ဒိုနဲ႔ မက္ဆီကို ႏွစ္ေယာက္လုံးက ဉာဏ္မရွိဘူးလို႔ အနယ္လ္ကာေဝဖန္
ျပင္သစ္ကစားသမားေဟာင္းႀကီး အနယ္လ္ကာက မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ရဲ႕
အေျပာင္းအေ႐ႊ႕အတြက္ ဆုံးျဖတ္ခ်က္ခ်မႈအေပၚ ေဝဖန္ေျပာၾကားလာခဲ့ပါတယ္။
ဒီကစားသမားႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ
တိုက္တိုက္ဆိုင္ဆိုင္နဲ႔ အသင္းေျပာင္းျဖစ္ခဲ့ၾကတာပါ။
ႏွစ္ေယာက္စလုံးက လက္ရွိအခ်ိန္မွာ သက္ဆိုင္ရာအသင္းေတြနဲ႔ ႐ုန္းကန္ေနရပါတယ္။
မက္ဆီကို ပီအက္စ္ဂ်ီပရိသတ္ေတြကေလွာင္ေျပာင္ေနသလို
ေရာ္နယ္ဒိုကလည္း (၁၂) ႏွစ္တာကာလအတြင္း
ပထမဆုံး ဖလားလက္မဲ့ရာသီနဲ႔ ရင္ဆိုင္ရေတာ့မွာပါ။
“ဒါမ်ိဳးက အခ်ိန္ၾကာၾကာကစားခ်င္တဲ့ ကစားသမားေတြ လုပ္ေလ့ ရွိတာပါ။
သူတို႔ႏွစ္ဦးရဲ႕ အလုပ္ေတြက ၿပီးေျမာက္ခဲ့ပါၿပီ။
လြန္ခဲ့တဲ့ ၁၅ ႏွစ္တာကာလလုံး သူတို႔ရရွိခဲ့တာေတြနဲ႔ ပတ္သက္ၿပီး
ႏွစ္ဦးလုံး ေပ်ာ္႐ႊင္ေနလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္မိတယ္။
သူတို႔ႏွစ္ဦးလုံးဟာ အျခားသူေတြထက္ သာလြန္ေနခဲ့ေပမယ့္
အခုခ်ိန္ မွာေတာ့ ေျဖးေျဖးခ်င္းက်လာတယ္ဆိုတာ ႏွစ္ဦးလုံးအတြက္ ပုံမွန္ပဲျဖစ္ပါတယ္”
“ကြၽန္ေတာ့္အတြက္ေတာ့ ေရာ္နယ္ဒိုထက္ မက္ဆီကို ပိုၿပီး အံၾသမိပါတယ္။
ကြၽန္ေတာ္ထင္ျမင္မိတာက မက္ဆီက ျပင္သစ္မွာ အေျခက်ၿပီး
ေရာ္နယ္ဒိုက အဂၤလန္မွာ အခက္အခဲေတြ ႀကဳံလိမ့္မယ္။
ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ့္အတြက္ေတာ့ ပရီးမီးယားလိဂ္ဟာ
ကမာၻေပၚမွာ ကြၽမ္းက်င္မႈ၊ အားထုတ္ရမႈအလိုအပ္ဆုံး အမွတ္ေပးၿပိဳင္ပြဲျဖစ္ေနလို႔ပါ”
“ႏွစ္ေယာက္လုံးက ဉာဏ္မရွိၾကပါဘူး။ ႏွစ္ဦးလုံး အခက္အခဲသိပ္မရွိတဲ့စိန္ေခၚမႈကိုပဲ
ရင္ဆိုင္ဖို႔ ေတြးထားသင့္တယ္။ ထိပ္ဆုံးမွာပဲ ေအာင္ေအာင္ျမင္ျမင္ရပ္တန႔္လိုက္ႏိုင္ဖို႔
မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရမယ္။ အသက္ ၃၂၊ ၃၄၊ ၃၆ ႏွစ္အ႐ြယ္မွာ
ေဘာလုံးသမားဘဝကို အနားယူဖို႔ဆုံးျဖတ္ရာမွာ
မတုံ႔ဆိုင္းတဲ့ ကစားသမားေတြ အမ်ားႀကီးရွိပါတယ္။
ဒါကို မေဝဖန္လိုပါဘူး။ ကြၽန္ေတာ္ဆိုရင္လည္း အသက္ ၃၆ ႏွစ္မွာ
ကစားသမားဘဝ အနားယူခဲ့ေပမယ့္ အသက္ ၃၂မွာ
တ႐ုတ္မွာ ကစားခဲ့ပါတယ္” လို႔ အနယ္လ္ကာက ေျပာပါတယ္။