ရော်နယ်ဒိုမပါဝင်တော့မယ့် ဘာစီလိုနာနဲ့ပွဲမှာ ဂျူဗင်တပ်စ်ဘယ်ပုံစံနဲ့ကစားလာမလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခုရက်ပိုင်းမှာတော့ ဘောလုံးပရိသတ်တွေအတွက် ပွဲကောင်းတွေရှိနေပါတယ်။ ဒီညမှာဆိုရင် ချန်ပီယံလိဂ်ပွဲစဉ်တွေကို ယူနိုက်တက်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့ ကစားကြမှာပါ။

ဂျူဗင်တပ်စ်ဟာ အလိုင်းယန့် အရီနာမှာ ဘာစီလိုနာကို လက်ခံ ကစား သွားရမှာ ဖြစ်ပြီး အဲဒီပွဲစဉ်ဟာ အုပ်စု G မှာ ပထမ နေရာရဖို့ အတွက် အရေးကြီးတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။

ဘောလုံး ပရိသတ်တွေကတော့ တူရင်မှာ ဒီနှစ်သင်း တွေ့ဆုံ သွားမယ့် ပွဲစဉ်ကို ရင်ခုန် စိတ်လှုပ်ရှား နေကြပါပြီ။

အစောပိုင်းတုန်းက ဘောလုံးစတားနှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ထိပ်တိုက်တွေ့ပြီဆိုပြီး၊ ပရိသတ်တွေကအားခဲထားကြတာပါ။ ဒါပေမယ့် ကိုဗစ်နှောင့်ယှက်တာနဲ့ စီရော်နယ်ဒိုတစ်ယောက် အိမ်တွင်းအောင်းနေရပြီး ဒီနေ့ (၂၈-၁၀-၂၀၂၀) နောက်ဆုံး စစ်ဆေးချက်အရလည်း ပေါ့စတစ်ရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ဘာစီလိုနာနဲ့ပွဲကို ရော်နယ်ဒို လွှဲချော်ဖို့သေချာသွားပါပြီ ။

အဲဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ဂန္ဓဝင်ကစားသမားအလက်ဇန်းဒါး ဒယ်ပီယာရိုက ပွဲစဉ်မှာနည်းစနစ်ပိုင်းကိုပြောင်းလဲဖို့ တိုက်တွန်းပြောဆိုလာပါတယ်။

အလက်ဇန်းဒါး ဒယ်ပီယာရိုက ဂျုဗင်တပ်စ်အသင်း အနေနဲ့ ဘာစီလိုနာနဲ့ ရင်ဆိုင် ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ ၄-၂-၄ ကစားကွက်ကို ပြောင်းလဲ အသုံးပြုသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အီတလီအင်အားကြီး ကလပ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ဥရောပ အဖွင့်ပွဲစဉ်မှာ ဒိုင်နမိုကီးယက်ကို အဝေးကွင်းမှာ ၂-၀ အနိုင် ရရှိ ထားခဲ့ပြီး ဘာစီလိုနာ ကလည်း ဖီရန်ဗားရို့စ်ကို နူးကမ့်မှာ ၅-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိမ်ကွင်းမှာ ဗီရိုနာနဲ့ ၁ ဂိုးစီ သရေကျခဲ့ကာအဲဒီရလဒ်ကြောင့် အီတလီ ချန်ပီယံဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ရောက်ရှိ သွားခဲ့ပြီး ထိပ်ဆုံးက မီလန်နဲ့ ၄ မှတ် ကွာဟ နေပါတယ်။ ဒယ်ပီယာရို က အန်ဒရီပီယာလို အနေနဲ့ ဘာစီလိုနာနဲ့ ပွဲစဉ်မှာ သူ့ရဲ့ system ကို ပြောင်းလဲသင့်တယ်လို့ ယုံကြည်နေပြီး ၃-၄-၁-၂ ပုံစံကနေ ရှေ့မှာ တိုက်စစ် ကစားသမား ၄ ဦး ထားကစား နိုင်တဲ့ ၄-၂-၄ ကစားကွက်ကို အသုံးပြုသင့်တယ်လို့ ပြောဆိုထားပါတယ်။

ဒယ်ပီယာရိုက”ပီယာလိုကအဖြေကိုရှာနေတာပါ။သူကပြိုင်ဘက်ကိုလိုက်ပြီးအသင်းရဲ့ပုံစံကိုပြောင်းလဲတတ်တဲ့သူပါ။ တောင်ပံတစ်ဖက်တစ်ချက်စီမှာကူလူဆပ်ဗ်စကီးနဲ့ခီယေဆာတို့ကိုထားကစားတာကအသင်းကိုတွန်းပို့ပေးနိုင်မယ့်အလားအလာရှိပါတယ်။

ကျွန်တော်ကတော့ကွင်းလယ်မှာ၂ယောက်ပဲထားကစားနိုင်တယ်လို့မြင်ပါတယ်။ပြောရရင်၄-၂-၄ပုံစံမျိုးပေါ့”ဆိုပြီးပြောဆိုထားပါတယ်။

ဒယ်ပီယာရိုက ဂျုဗင်တပ်စ် အသင်း အနေနဲ့ သူတို့ရဲ့ ဥရောပ ပွဲစဉ်တွေမှာ ရော်နယ်ဒို တစ်ဦးတည်း အပေါ် မှီခို နေစရာ မလိုအပ်ဘဲ ဒိုင်ဘာလာ နဲ့ မိုရာတာ တို့ အတွဲဟာ တစ်သင်းလုံးရဲ့ ဟန်ချက်ကို ပိုမို ညီညွတ် စေနိုင်တယ်လို့ အကြံပြု ပြောဆိုထားပါသေးတယ်။

ဒယ်ပီယာရိုက “ကူလီဆက်စကီးကို ညာတောင်ပံမှာ ထားပါ။ ချီဆာကိုဘယ်တောင်ပံမှာထုတ်ပြီး ဒိုင်ဘာလာ-မိုရာတာ တို့အတွဲကို အသုံးပြုရမှာပါ။ ဥရောပမှာ ဒီလိုမျိုးပုံစံပဲ သွားကြပါတယ်။” လို့ ပြောဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုမပါဝင္ေတာ့မယ့္ ဘာစီလိုနာနဲ႔ပြဲမွာ ဂ်ဴဗင္တပ္စ္ဘယ္ပုံစံနဲ႔ကစားလာမလဲ

ခုရက္ပိုင္းမွာေတာ့ ေဘာလုံးပရိသတ္ေတြအတြက္ ပြဲေကာင္းေတြရွိေနပါတယ္။ ဒီညမွာဆိုရင္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို ယူႏိုက္တက္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္တို႔ ကစားၾကမွာပါ။ဂ်ဴဗင္တပ္စ္ဟာ အလိုင္းယန႔္ အရီနာမွာ ဘာစီလိုနာကို လက္ခံ ကစား သြားရမွာ ျဖစ္ၿပီး အဲဒီပြဲစဥ္ဟာ အုပ္စု G မွာ ပထမ ေနရာရဖို႔ အတြက္ အေရးႀကီးတဲ့ ပြဲစဥ္ တစ္ပြဲ ျဖစ္ပါတယ္။ေဘာလုံး ပရိသတ္ေတြကေတာ့ တူရင္မွာ ဒီႏွစ္သင္း ေတြ႕ဆုံ သြားမယ့္ ပြဲစဥ္ကို ရင္ခုန္ စိတ္လႈပ္ရွား ေနၾကပါၿပီ။

အေစာပိုင္းတုန္းက ေဘာလုံးစတားႏွစ္ေယာက္ျဖစ္တဲ့ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ ထိပ္တိုက္ေတြ႕ၿပီဆိုၿပီး၊ ပရိသတ္ေတြကအားခဲထားၾကတာပါ။ ဒါေပမယ့္ ကိုဗစ္ေႏွာင့္ယွက္တာနဲ႔ စီေရာ္နယ္ဒိုတစ္ေယာက္ အိမ္တြင္းေအာင္းေနရၿပီး ဒီေန႕ (၂၈-၁၀-၂၀၂၀) ေနာက္ဆုံး စစ္ေဆးခ်က္အရလည္း ေပါ့စတစ္ရလဒ္သာ ထြက္ေပၚခဲ့တာေၾကာင့္ ဘာစီလိုနာနဲ႔ပြဲကို ေရာ္နယ္ဒို လႊဲေခ်ာ္ဖို႔ေသခ်ာသြားပါၿပီ ။ အဲဒီပြဲစဥ္နဲ႔ ပတ္သက္ၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ဂႏၶဝင္ကစားသမားအလက္ဇန္းဒါး ဒယ္ပီယာ႐ိုက ပြဲစဥ္မွာနည္းစနစ္ပိုင္းကိုေျပာင္းလဲဖို႔ တိုက္တြန္းေျပာဆိုလာပါတယ္။

အလက္ဇန္းဒါး ဒယ္ပီယာ႐ိုက ဂ်ဳဗင္တပ္စ္အသင္း အေနနဲ႔ ဘာစီလိုနာနဲ႔ ရင္ဆိုင္ ကစားရမယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ၄-၂-၄ ကစားကြက္ကို ေျပာင္းလဲ အသုံးျပဳသင့္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ အီတလီအင္အားႀကီး ကလပ္ဟာ ၂၀၂၀-၂၁ ေဘာလုံးရာသီရဲ႕ ဥေရာပ အဖြင့္ပြဲစဥ္မွာ ဒိုင္နမိုကီးယက္ကို အေဝးကြင္းမွာ ၂-၀ အႏိုင္ ရရွိ ထားခဲ့ၿပီး ဘာစီလိုနာ ကလည္း ဖီရန္ဗား႐ို႕စ္ကို ႏူးကမ့္မွာ ၅-၁ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း ဂ်ဴဗင္တပ္စ္ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အိမ္ကြင္းမွာ ဗီ႐ိုနာနဲ႔ ၁ ဂိုးစီ သေရက်ခဲ့ကာအဲဒီရလဒ္ေၾကာင့္ အီတလီ ခ်န္ပီယံဟာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာကို ေရာက္ရွိ သြားခဲ့ၿပီး ထိပ္ဆုံးက မီလန္နဲ႔ ၄ မွတ္ ကြာဟ ေနပါတယ္။ ဒယ္ပီယာ႐ို က အန္ဒရီပီယာလို အေနနဲ႔ ဘာစီလိုနာနဲ႔ ပြဲစဥ္မွာ သူ႔ရဲ႕ system ကို ေျပာင္းလဲသင့္တယ္လို႔ ယုံၾကည္ေနၿပီး ၃-၄-၁-၂ ပုံစံကေန ေရွ႕မွာ တိုက္စစ္ ကစားသမား ၄ ဦး ထားကစား ႏိုင္တဲ့ ၄-၂-၄ ကစားကြက္ကို အသုံးျပဳသင့္တယ္လို႔ ေျပာဆိုထားပါတယ္။

ဒယ္ပီယာ႐ိုက”ပီယာလိုကအေျဖကိုရွာေနတာပါ။သူကၿပိဳင္ဘက္ကိုလိုက္ၿပီးအသင္းရဲ႕ပုံစံကိုေျပာင္းလဲတတ္တဲ့သူပါ။ ေတာင္ပံတစ္ဖက္တစ္ခ်က္စီမွာကူလူဆပ္ဗ္စကီးနဲ႔ခီေယဆာတို႔ကိုထားကစားတာကအသင္းကိုတြန္းပို႔ေပးႏိုင္မယ့္အလားအလာရွိပါတယ္။ ကြၽန္ေတာ္ကေတာ့ကြင္းလယ္မွာ၂ေယာက္ပဲထားကစားႏိုင္တယ္လို႔ျမင္ပါတယ္။ေျပာရရင္၄-၂-၄ပုံစံမ်ိဳးေပါ့”ဆိုၿပီးေျပာဆိုထားပါတယ္။

ဒယ္ပီယာ႐ိုက ဂ်ဳဗင္တပ္စ္ အသင္း အေနနဲ႔ သူတို႔ရဲ႕ ဥေရာပ ပြဲစဥ္ေတြမွာ ေရာ္နယ္ဒို တစ္ဦးတည္း အေပၚ မွီခို ေနစရာ မလိုအပ္ဘဲ ဒိုင္ဘာလာ နဲ႔ မိုရာတာ တို႔ အတြဲဟာ တစ္သင္းလုံးရဲ႕ ဟန္ခ်က္ကို ပိုမို ညီၫြတ္ ေစႏိုင္တယ္လို႔ အႀကံျပဳ ေျပာဆိုထားပါေသးတယ္။ ဒယ္ပီယာ႐ိုက “ကူလီဆက္စကီးကို ညာေတာင္ပံမွာ ထားပါ။ ခ်ီဆာကိုဘယ္ေတာင္ပံမွာထုတ္ၿပီး ဒိုင္ဘာလာ-မိုရာတာ တို႔အတြဲကို အသုံးျပဳရမွာပါ။ ဥေရာပမွာ ဒီလိုမ်ိဳးပုံစံပဲ သြားၾကပါတယ္။” လို႔ ေျပာဆိုထားပါတယ္။