
လီယွန်နယ်မက်ဆီဟာအင်္ဂါနေ့ညတုန်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့
ချန်ပီယံလိဂ်စံချိန်တစ်ခုကိုလိုက်မီသွားနိုင်ခဲ့ပါတယ်။ဒါပေမယ့်လီယွန်နယ်မက်ဆီရဲ့
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်ကိုလိုက်မီသွားခဲ့မှုကသိပ်ကြာကြာမခံခဲ့ပါဘူး။
ဘောလုံးလောကရဲ့အကောင်းဆုံးဘောလုံးသမားနှစ်ဦးအဖြစ်သတ်မှတ်ခြင်းခံလာခဲ့ရတဲ့
သူတို့နှစ်ဦးဟာပြီးခဲ့တဲ့၁၅နှစ်အတွင်းမှာ Ballon d’Or ဆုကို ၁၁ကြိမ်အထိ
သိမ်းပိုက်ခဲ့ကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာကစားသမားဘဝ
နှောင်းပိုင်းသို့ရောက်လာကြပြီဖြစ်ပေမယ့်လည်းချန်ပီယံလိဂ်မှာကိန်းဂဏန်းများနှင့်
ပတ်သက်ပြီးယှဉ်ပြိုင်နေကြတုန်း ဖြစ်ပါတယ်။အထူးသဖြင့်၎င်းတို့ဟာ
ချန်ပီယံလိဂ်မှာပြိုင်ဘက်အသင်း ဘယ်လောက်ဂိုးသွင်းထားနိုင်သလဲဆိုတာပါ။
မက်ဆီဟာလိုက်ဇစ်ကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
ချန်ပီယံလိဂ်မှာကွဲပြားတဲ့ပြိုင်ဘက်အသင်း ၃၈ သင်းကိုဂိုးသွင်းနိုင်တဲ့သူအဖြစ်
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။ ဒါပေမယ့်
အသက်၃၄နှစ်ရှိအာဂျင်တီးနားစူပါစတားရဲ့ရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီမှုက၂၄နာရီဘဲခံခဲ့ပါတယ်။
နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့ညမှာတော့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ
အတ္တလန္တာအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ ခေါင်းတိုက်အနိုင်ဂိုးသွင်းယူပြီး
ချန်ပီယံလိဂ်မှာပြိုင်ဘက်အသင်း ၃၉ သင်းကို ဂိုးသွင်းနိုင်သူအဖြစ်စံချိန်သစ်ထပ်မံရေးထိုးခဲ့ပါတယ်။
၎င်းတို့နှစ်ဦးဟာလာမယ့်ချန်ပီယံလိဂ်ပွဲစဉ်များမှာလည်း သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပြီး
စံချိန်သစ်တွေရေးထိုးဖို့ ကြိုးစားလာကြဦးမှာဖြစ်ပါတယ်။
zawgyi
ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကို မက္ဆီ လိုက္မီမႈက ၂၄ နာရီပဲခံခဲ့
လီယြန္နယ္မက္ဆီဟာအဂၤါေန႔ညတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕
ခ်န္ပီယံလိဂ္စံခ်ိန္တစ္ခုကိုလိုက္မီသြားႏိုင္ခဲ့ပါတယ္။ဒါေပမယ့္လီယြန္နယ္မက္ဆီရဲ႕
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စံခ်ိန္ကိုလိုက္မီသြားခဲ့မႈကသိပ္ၾကာၾကာမခံခဲ့ပါဘူး။
ေဘာလုံးေလာကရဲ႕အေကာင္းဆုံးေဘာလုံးသမားႏွစ္ဦးအျဖစ္သတ္မွတ္ျခင္းခံလာခဲ့ရတဲ့
သူတို႔ႏွစ္ဦးဟာၿပီးခဲ့တဲ့၁၅ႏွစ္အတြင္းမွာ Ballon d’Or ဆုကို ၁၁ႀကိမ္အထိ
သိမ္းပိုက္ခဲ့ၾကတဲ့သူေတြလည္းျဖစ္ပါတယ္။ ၎တို႔ႏွစ္ဦးဟာကစားသမားဘဝ
ေႏွာင္းပိုင္းသို႔ေရာက္လာၾကၿပီျဖစ္ေပမယ့္လည္းခ်န္ပီယံလိဂ္မွာကိန္းဂဏန္းမ်ားႏွင့္
ပတ္သက္ၿပီးယွဥ္ၿပိဳင္ေနၾကတုန္း ျဖစ္ပါတယ္။အထူးသျဖင့္၎တို႔ဟာ
ခ်န္ပီယံလိဂ္မွာၿပိဳင္ဘက္အသင္း ဘယ္ေလာက္ဂိုးသြင္းထားႏိုင္သလဲဆိုတာပါ။
မက္ဆီဟာလိုက္ဇစ္ကို၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္
ခ်န္ပီယံလိဂ္မွာကြဲျပားတဲ့ၿပိဳင္ဘက္အသင္း ၃၈ သင္းကိုဂိုးသြင္းႏိုင္တဲ့သူအျဖစ္
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စံခ်ိန္ကို လိုက္မီႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားစူပါစတားရဲ႕ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကို
လိုက္မီမႈက၂၄နာရီဘဲခံခဲ့ပါတယ္။ ေနာက္တစ္ေန႔ ဗုဒၶဟူးေန႔ညမွာေတာ့
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ
ေခါင္းတိုက္အႏိုင္ဂိုးသြင္းယူၿပီး ခ်န္ပီယံလိဂ္မွာၿပိဳင္ဘက္အသင္း ၃၉ သင္းကို
ဂိုးသြင္းႏိုင္သူအျဖစ္စံခ်ိန္သစ္ထပ္မံေရးထိုးခဲ့ပါတယ္။
၎တို႔ႏွစ္ဦးဟာလာမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္မ်ားမွာလည္း သူႏိုင္ကိုယ္ႏိုင္ အၿပိဳင္ႀကဲၿပီး
စံခ်ိန္သစ္ေတြေရးထိုးဖို႔ ႀကိဳးစားလာၾကဦးမွာျဖစ္ပါတယ္။