ရော်နယ်ဒိုရဲ့အလုပ်လုပ်နှုန်းနဲ့အပြုအမူတွေကိုဝေဖန်ချင်တဲ့သူတွေ ဒီပွဲကိုဘဲကြည့်ကြပါ – ဆိုးလ်ရှား

အိုလီဂန်းနားဆိုးလ်ရှားဟာခရစ္စတီယာနိုရော်နယ်ဒိုအားဆီလိုအပေါက်ရှာ

ဝေဖန်မှုများပြုလုပ်နေသူများကိုပြန်လည်တုံ့ပြန်မှုပြုလုပ်လာပါတယ်။

ဗီလာရီးရဲလ်နှင့်ပွဲစဉ်မှာနာကျင်အချိန်ပိုမှာအနိုင်ဂိုးသွင်းပေးခဲ့တဲ့

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကအတ္တလန္တာအား၃-၂ဂိုးဖြင့်

အနိုင်ရရှိတဲ့ပွဲစဉ်တွင်လည်း ပွဲချိန်၈၁မှာပါဝါမြင့်ခေါင်းတိုက်ချက်ဖြင့်

အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့ပြန်ပါတယ်။

ဆိုးလ်ရှားက “ရော်နယ်ဒိုရဲ့အလုပ်လုပ်နှုန်းနဲ့အပြုအမူတွေကို

ဝေဖန်ချင်တဲ့သူတွေ ဒီပွဲကိုဘဲကြည့်ကြပါ။ကွင်းအနှံသူဘယ်လိုပြေးလဲ၊

ဂိုးရှေ့မှာသူဘယ်လောက်ကောင်းလဲကြည့်ကြပါ။သူ့ရဲ့တိုက်စစ်ကို

ဦးဆောင်မှုအပေါ်အရမ်းကျေနပ်ပါတယ်။အိမ်ကွင်းမှာကစားရတာကြောင့်

သူ့တိုက်စစ်လမ်းကြောင်းမှာပြိုင်ဘက်ကိုပိုဖိအားပေးကစားဖို့ပြောခဲ့ပါတယ်။

သူဟာဂိုးပေါက်ကာကွယ်ဖို့ကိုယ့်အသင်းခြောက်ကိုက်စည်းထဲသို့တောင်

ရောက်ပါတယ်။သူဟာတိုက်စစ်မှူးတစ်ဦးလုပ်ရမယ့်အလုပ်မှန်သမျှလုပ်ပါတယ်။

ဂိုးသွင်းလိုက်မှုကတော့အကောင်းဆုံးအလုပ်ပေါ့ဗျာ”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားဟာအတ္တလန္တာနှင့်ပွဲမတိုင်မီနောက်ဆုံး၇ပွဲတွင်နိုင်ပွဲ၂ပွဲတည်းသာ

ရရှိမှုနဲ့အတူဖိအားများနှင့်ကြုံနေခဲ့ရသူလည်းဖြစ်ပါတယ်။

zawgyi

ေရာ္နယ္ဒိုရဲ႕အလုပ္လုပ္ႏႈန္းနဲ႔အျပဳအမူေတြကိုေဝဖန္ခ်င္တဲ့သူေတြ ဒီပြဲကိုဘဲၾကည့္ၾကပါ – ဆိုးလ္ရွား

အိုလီဂန္းနားဆိုးလ္ရွားဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားဆီလိုအေပါက္ရွာ

ေဝဖန္မႈမ်ားျပဳလုပ္ေနသူမ်ားကိုျပန္လည္တုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

ဗီလာရီးရဲလ္ႏွင့္ပြဲစဥ္မွာနာက်င္အခ်ိန္ပိုမွာအႏိုင္ဂိုးသြင္းေပးခဲ့တဲ့

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကအတၱလႏၲာအား၃-၂ဂိုးျဖင့္

အႏိုင္ရရွိတဲ့ပြဲစဥ္တြင္လည္း ပြဲခ်ိန္၈၁မွာပါဝါျမင့္ေခါင္းတိုက္ခ်က္ျဖင့္

အဖိုးတန္အႏိုင္ဂိုးသြင္းယူေပးခဲ့ျပန္ပါတယ္။

ဆိုးလ္ရွားက “ေရာ္နယ္ဒိုရဲ႕အလုပ္လုပ္ႏႈန္းနဲ႔အျပဳအမူေတြကို

ေဝဖန္ခ်င္တဲ့သူေတြ ဒီပြဲကိုဘဲၾကည့္ၾကပါ။ကြင္းအႏွံသူဘယ္လိုေျပးလဲ၊

ဂိုးေရွ႕မွာသူဘယ္ေလာက္ေကာင္းလဲၾကည့္ၾကပါ။သူ႔ရဲ႕တိုက္စစ္ကို

ဦးေဆာင္မႈအေပၚအရမ္းေက်နပ္ပါတယ္။အိမ္ကြင္းမွာကစားရတာေၾကာင့္

သူ႔တိုက္စစ္လမ္းေၾကာင္းမွာၿပိဳင္ဘက္ကိုပိုဖိအားေပးကစားဖို႔ေျပာခဲ့ပါတယ္။

သူဟာဂိုးေပါက္ကာကြယ္ဖို႔ကိုယ့္အသင္းေျခာက္ကိုက္စည္းထဲသို႔ေတာင္

ေရာက္ပါတယ္။သူဟာတိုက္စစ္မႉးတစ္ဦးလုပ္ရမယ့္အလုပ္မွန္သမွ်လုပ္ပါတယ္။

ဂိုးသြင္းလိုက္မႈကေတာ့အေကာင္းဆုံးအလုပ္ေပါ့ဗ်ာ”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားဟာအတၱလႏၲာႏွင့္ပြဲမတိုင္မီေနာက္ဆုံး၇ပြဲတြင္ႏိုင္ပြဲ၂ပြဲတည္းသာ

ရရွိမႈနဲ႔အတူဖိအားမ်ားႏွင့္ႀကဳံေနခဲ့ရသူလည္းျဖစ္ပါတယ္။