ရော်နယ်ဒိုရဲ့ စံချိန်တွေထဲကတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁ခုနှစ်ဟာ အံသြစရာတွေနဲ့ ကြိုဆိုနေတဲ့နှစ်သစ်တစ်ခုလား…? ပြက္ခဒိန်နှစ်တွေပြောင်းလဲခဲ့ကြချိန်မှာ အတော်ကိုကြာမြင့်နေတဲ့စံချိန်တွေဟာ မပြောင်းမလဲတည်ရှိနေခဲ့ကြပေမယ့် ဒီနှစ်သစ်မှာတော့ တစ်ချို့သော စံချိန်တွေဟာ ကျိုးပျက်လာခဲ့ပါပြီ။ တစ်ချိန်ကစီးရီးအေရဲ့ ဂိုးသွင်းသူရဲကောင်းဖြစ်ခဲ့တဲ့ ရော်နယ်ဒို လူဝစ် နာဇာရီအိုက အင်တာမီလန်အသင်းမှာ စံချိန်တင်ထားခဲ့တဲ့ ပွဲအနဲဆုံးနဲ့ သွင်းဂိုး (၅၀)ပြည့် စံချိန်တစ်ခုကတော့ ၂၀၂၁ရဲ့ နှစ်အစမှာတင် ချိုးဖျက်ခံခဲ့ရပါပြီ။

သူ့ရဲ့စံချိန်ကိုချိုးဖျက်နိုင်ခဲ့တဲ့သူကတော့ ယူနိုက်တက်မှာ ခြေစွမ်းသိပ်မပြနိုင်ဘဲ အသင်းပြောင်းရွှေ့သွားခဲ့တဲ့ အင်တာမီလန် အသင်းရဲ့ တိုက်စစ်မှူး လူကာကူ ဖြစ်ပါတယ်။

သူဟာ အခုဆိုရင် ဂိုးတွေပိုသွင်းပြီး မှတ်တမ်းကောင်း ရရှိနေပါပြီ။ ခရိုတုန်းအသင်းကို အနိုင်ရတဲ့ စီးရီးအေ ပွဲစဉ်မှာ လူကာကူတစ်ယောက် ဂိုးသွင်းယူခဲ့ပြီးနောက် အင်တာမီလန်အသင်းရဲ့ ထိပ်တန်းတိုက်စစ်မှူးဟောင်း ရော်နယ်ဒို (ဘရာဇီး) ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

အင်တာမီလန် အသင်းဟာ ခရိုတုန်း အသင်းနဲ့ ကစားတဲ့ ပွဲမှာ လောတရိုမာတီးနက်စ် က(၃)ဂိုး၊ လူကာကူ၊ ဟာကီမီ တို့က တစ်ဂိုးစီနဲ့ ခရိုတုန်း အသင်းက မာရိုနီ က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် (၆)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူး လူကာကူ ဟာအဲ ဒီပွဲမှာ ဂိုးသွင်းယူပြီးနောက် အင်တာမီလန် အသင်း သမိုင်းတစ်လျှောက် ပွဲအရေအတွက်နည်းနည်းနဲ့ အမြန်ဆုံးသွင်းဂိုး(၅၀)ပြည့်တဲ့ ကစားသမားအဖြစ် ရော်နယ်ဒို(ဘရာဇီး) ရဲ့စံချိန် ပွဲအရေအတွက်(၇၇)၊သွင်းဂိုး(၅၀)ကို ချိုးဖျက်ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ ကစားသမားလူကာကူ ဟာ အင်တာမီလန် အသင်းအတွက် ပွဲ(၇၀)ကစားအပြီးမှာ အခုလို သွင်းဂိုး(၅၀)ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ လူကာကူ ဟာ ခရိုတုန်းနဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် စီးရီးအေ ပွဲစဉ်(၅၀)ပြည့်သွားခဲ့သလို စံချိန်အသစ်လည်း ရခဲ့တာဖြစ်ပါတယ်။ဘယ်လ်ဂျီယံ ကစားသမားဟာ အခုရာသီ စီးရီးအေ ပြိုင်ပွဲမှာလည်း (၁၂)ဂိုးသွင်းယူထားပြီး ‌စီရော်နယ်ဒို ရဲ့နောက် ဒုတိယဂိုးအများ‌ဆုံးသွင်းသူအဖြစ်ရပ်တည်နေပါတယ်။

သမိုင်းတစ်လျောက် စီးရီးအေ ပထမပွဲ ၅၀အတွင်း ဂိုးအများဆုံး သွင်းထားသူများစာရင်းမှာတော့ လူကာကူက နံပါတ် ၆ နေရာမှာရှိပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို – ၄၀ ဂိုး၊ ရော်နယ်ဒို(ဘရာဇီး) – ၃၈ ဂိုး၊ ရှက်ဗ်ချင်ကို – ၃၇ ဂိုး၊ မီလီတို – ၃၇ ဂိုး၊ မွန်တဲလား – ၃၆ ဂိုး၊ လူကာကူ – ၃၅ ဂိုးတို့ဖြစ်ပါတယ်။

လူကာကူက သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး(၅)ဦးထဲမှာ ပါဝင်တယ်ဆိုပြီးတော့လည်း ယုံကြည်ထားပါတယ်။ “ကျွန်တော့်ရဲ့ နည်းစနစ်ပိုင်း၊ နေရာယူပုံနဲ့ ရွေ့လျားပုံတွေက အဲဒီကိစ္စကိုသက်သေပြနေပါတယ်။ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး(၅)ဦးထဲမှာ ပါဝင်ပါတယ်။ စီရော်နယ်လ်ဒို၊ မက်ဆီနဲ့ လီဝန်ဒေါစကီး တို့ စွမ်းဆောင်နိုင်သလို ကျွန်တော်လည်း ဘာကြောင့် မလုပ်နိုင်ရမှာလဲ”ဆိုပြီး ပြောဖူးပါတယ်။

အင်တာမီလန် အသင်းဟာ အခုနှစ်ရာသီ စီးရီးအေပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက မြို့ခံပြိုင်ဘက် အေစီမီလန် အသင်းနဲ့ (၁)မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။အင်တာမီလန် အသင်းဟာ ကြားရက်မှာ ဆမ်ဒိုးရီးယားအသင်းနဲ့ စီးရီးအေ ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုရဲ႕ စံခ်ိန္ေတြထဲကတစ္ခုကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ လူကာကူ

၂၀၂၁ခုႏွစ္ဟာ အံၾသစရာေတြနဲ႔ ၾကိဳဆိုေနတဲ့ႏွစ္သစ္တစ္ခုလား…? ျပကၡဒိန္ႏွစ္ေတြေျပာင္းလဲခဲ့ၾကခ်ိန္မွာ အေတာ္ကိုၾကာျမင့္ေနတဲ့စံခ်ိန္ေတြဟာ မေျပာင္းမလဲတည္ရွိေနခဲ့ၾကေပမယ့္ ဒီႏွစ္သစ္မွာေတာ့ တစ္ခ်ိဳ႕ေသာ စံခ်ိန္ေတြဟာ က်ိဳးပ်က္လာခဲ့ပါၿပီ။ တစ္ခ်ိန္ကစီးရီးေအရဲ႕ ဂိုးသြင္းသူရဲေကာင္းျဖစ္ခဲ့တဲ့ ေရာ္နယ္ဒို လူဝစ္ နာဇာရီအိုက အင္တာမီလန္အသင္းမွာ စံခ်ိန္တင္ထားခဲ့တဲ့ ပြဲအနဲဆံုးနဲ႔ သြင္းဂိုး (၅၀)ျပည့္ စံခ်ိန္တစ္ခုကေတာ့ ၂၀၂၁ရဲ႕ ႏွစ္အစမွာတင္ ခ်ိဳးဖ်က္ခံခဲ့ရပါၿပီ။ သူ႕ရဲ႕စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့သူကေတာ့ ယူႏိုက္တက္မွာ ေျခစြမ္းသိပ္မျပႏိုင္ဘဲ အသင္းေျပာင္းေ႐ႊ႕သြားခဲ့တဲ့ အင္တာမီလန္ အသင္းရဲ႕ တိုက္စစ္မႉး လူကာကူ ျဖစ္ပါတယ္။ သူဟာ အခုဆိုရင္ ဂိုးေတြပိုသြင္းၿပီး မွတ္တမ္းေကာင္း ရရွိေနပါၿပီ။ ခ႐ိုတုန္းအသင္းကို အႏိုင္ရတဲ့ စီးရီးေအ ပြဲစဥ္မွာ လူကာကူတစ္ေယာက္ ဂိုးသြင္းယူခဲ့ၿပီးေနာက္ အင္တာမီလန္အသင္းရဲ႕ ထိပ္တန္းတိုက္စစ္မႉးေဟာင္း ေရာ္နယ္ဒို (ဘရာဇီး) ရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္လို႔ သိရွိရပါတယ္။

အင္တာမီလန္ အသင္းဟာ ခ႐ိုတုန္း အသင္းနဲ႔ ကစားတဲ့ ပြဲမွာ ေလာတ႐ိုမာတီးနက္စ္ က(၃)ဂိုး၊ လူကာကူ၊ ဟာကီမီ တို႔က တစ္ဂိုးစီနဲ႔ ခ႐ိုတုန္း အသင္းက မာ႐ိုနီ က ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တာေၾကာင့္ (၆)ဂိုး-(၂)ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ တိုက္စစ္မႉး လူကာကူ ဟာအဲ ဒီပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ အင္တာမီလန္ အသင္း သမိုင္းတစ္ေလွ်ာက္ ပြဲအေရအတြက္နည္းနည္းနဲ႔ အျမန္ဆုံးသြင္းဂိုး(၅၀)ျပည့္တဲ့ ကစားသမားအျဖစ္ ေရာ္နယ္ဒို(ဘရာဇီး) ရဲ႕စံခ်ိန္ ပြဲအေရအတြက္(၇၇)၊သြင္းဂိုး(၅၀)ကို ခ်ိဳးဖ်က္ၿပီး စံခ်ိန္သစ္တင္ခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံ ကစားသမားလူကာကူ ဟာ အင္တာမီလန္ အသင္းအတြက္ ပြဲ(၇၀)ကစားအၿပီးမွာ အခုလို သြင္းဂိုး(၅၀)ျပည့္ေျမာက္ခဲ့တာျဖစ္ပါတယ္။ လူကာကူ ဟာ ခ႐ိုတုန္းနဲ႔ ပြဲမွာ ပါဝင္ကစားခဲ့ၿပီးေနာက္ စီးရီးေအ ပြဲစဥ္(၅၀)ျပည့္သြားခဲ့သလို စံခ်ိန္အသစ္လည္း ရခဲ့တာျဖစ္ပါတယ္။ဘယ္လ္ဂ်ီယံ ကစားသမားဟာ အခုရာသီ စီးရီးေအ ၿပိဳင္ပြဲမွာလည္း (၁၂)ဂိုးသြင္းယူထားၿပီး ‌စီေရာ္နယ္ဒို ရဲ႕ေနာက္ ဒုတိယဂိုးအမ်ား‌ဆုံးသြင္းသူအျဖစ္ရပ္တည္ေနပါတယ္။ သမိုင္းတစ္ေလ်ာက္ စီးရီးေအ ပထမပြဲ ၅၀အတြင္း ဂိုးအမ်ားဆုံး သြင္းထားသူမ်ားစာရင္းမွာေတာ့ လူကာကူက နံပါတ္ ၆ ေနရာမွာရွိပါတယ္။ ခရစၥတီယာႏို ေရာ္နယ္ဒို – ၄၀ ဂိုး၊ ေရာ္နယ္ဒို(ဘရာဇီး) – ၃၈ ဂိုး၊ ရွက္ဗ္ခ်င္ကို – ၃၇ ဂိုး၊ မီလီတို – ၃၇ ဂိုး၊ မြန္တဲလား – ၃၆ ဂိုး၊ လူကာကူ – ၃၅ ဂိုးတို႔ျဖစ္ပါတယ္။

လူကာကူက သူ႔ကိုယ္သူ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉး(၅)ဦးထဲမွာ ပါဝင္တယ္ဆိုၿပီးေတာ့လည္း ယုံၾကည္ထားပါတယ္။ “ကြၽန္ေတာ့္ရဲ႕ နည္းစနစ္ပိုင္း၊ ေနရာယူပုံနဲ႔ ေ႐ြ႕လ်ားပုံေတြက အဲဒီကိစၥကိုသက္ေသျပေနပါတယ္။ ကြၽန္ေတာ္က ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး(၅)ဦးထဲမွာ ပါဝင္ပါတယ္။ စီေရာ္နယ္လ္ဒို၊ မက္ဆီနဲ႔ လီဝန္ေဒါစကီး တို႔ စြမ္းေဆာင္ႏိုင္သလို ကြၽန္ေတာ္လည္း ဘာေၾကာင့္ မလုပ္ႏိုင္ရမွာလဲ”ဆိုၿပီး ေျပာဖူးပါတယ္။ အင္တာမီလန္ အသင္းဟာ အခုႏွစ္ရာသီ စီးရီးေအၿပိဳင္ပြဲမွာ ထိပ္ဆုံးေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ ေအစီမီလန္ အသင္းနဲ႔ (၁)မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။အင္တာမီလန္ အသင္းဟာ ၾကားရက္မွာ ဆမ္ဒိုးရီးယားအသင္းနဲ႔ စီးရီးေအ ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။