ရော်နယ်ဒိုရဲ့ စံချိန်မှတ်တမ်းများ

ရော်နယ်ဒိုဟာ ကစားသမား ဘဝတလျှောက်မှာ မယုံနိုင်စရာ စံချိန်တွေ

ချိုးဖျက်နိုင်ခဲ့ပြီး၊ တစ်ဦးချင်း ဆုတံဆိပ်တွေနဲ့ ချီးကျူးဂုဏ်ပြုမှုများစွာကို

ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ အသက်အရွယ်ကို ဂရုစိုက်စရာမလိုဘဲ ယူနိုက်တက် အသင်းရဲ့

ဆုဖလားလက်မဲ့ ကာလကို အဆုံးသတ်နိုင်အောင် ကူညီဖို့အတွက်

အိုးလ်ထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိ လာခဲ့သူဖြစ်ပြီး၊ရှေ့ဆက် သူ့ရဲ့

ကစားသမားဘဝမှာ သမိုင်းမှတ်တမ်းသစ်တွေ ရရှိဖို့ ဖြစ်လာပါလိမ့်မယ်။
အခုလက်ရှိ ရော်နယ်ဒိုတစ်ယောက်ကစားသမား ဘဝတလျှောက်မှာ

ရယူထား နိုင်ခဲ့တဲ့ချီးကျူးထိုက်ဖွယ် စံချိန်မှတ်တမ်းတွေကို ဖော်ပြပေး

လိုက် ပါတယ်။


နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမား၊ ဘောလုံးလောကရဲ့ ထာဝရ

သွင်းဂိုးအများဆုံး ကစားသမား၊ ပေါ်တူဂီ အသင်းရဲ့ ထာဝရ သွင်းဂိုးအမျာ

းဆုံး ကစားသမား၊ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ပွဲအရေအတွက်

အများဆုံး ကစားပေးထားသူ၊

ဥရောပ ကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံး ကစားသမား၊ ယူရိုပြိုင်ပွဲ

သမိုင်းမှာ ပွဲအရေအတွက် အများဆုံး ကစားပေးထားသူ၊ ယူရိုပြိုင်ပွဲ

သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား၊

ရီးရဲလ်မက်ဒရစ် အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား၊

ရီးရဲလ်မက်ဒရစ် အသင်းသမိုင်းမှာ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး

ကစားသမားလာလီဂါသမိုင်းမှာ သွင်းဂိုး၁၅၀ အမြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့

ကစားသမား၊ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေ ပြိုင်ပွဲတွေမှာ သွင်းဂိုး

၅၀နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား၊ လာလီဂါသမိုင်းမှာ သွင်းဂိုး၂၀၀

အမြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား၊

ချန်ပီယံလိဂ် နိုင်ပွဲ၁၀၀ ရရှိထားတဲ့ ကစားသမား၊ ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းမှာ

သွင်းဂိုးအများဆုံး ကစားသမား၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တစ်ရာသီအတွင်း

သွင်းဂိုးအများဆုံး ကစားသမား

ဂျူဗင်တပ်စ် အသင်းရဲ့သမိုင်းမှာ သွင်းဂိုး၁၀၀ အမြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့

ကစားသမား၊ ဂျူဗင်တပ်စ် အသင်းအတွက် တစ်ရာသီအတွင်း သွင်းဂိုးအများ

ဆုံး သွင်းယူပေးနိုင်ခဲ့သူ၊စီးရီးအေ ပြိုင်ပွဲသမိုင်းမှာ သွင်းဂိုး၅၀ အမြန်ဆုံး

သွင်းယူနိုင်ခဲ့တဲ့ ကစားသမား၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်တွေမှာ သွင်းဂိုး

အများဆုံး ကစားသမားပဲ ဖြစ်ပါတယ်။

Zawgyi









းလိုက် ပါတယ်။
















