
ခရစ္စတီယာနိုရော်နယ်ဒိုဟာမီးပေါက်ပေါက်ကွဲမှုကြောင့်အခက်အခဲများ
ကြုံနေရတဲ့စပိန်ရဲ့လာပယ်မာကျွန်းသူကျွန်းသားများအားကူညီရန်
ရန်ပုံငွေမြင့်မားစွာရရှိရေးအတွက် သူဝတ်ဆင်ခဲ့တဲ့လက်မှတ်ရေးထိုးထားတဲ့
ပေါ်တူဂီအသင်းအင်္ကျီတစ်ထည်ကို လှူဒါန်းလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်စူပါစတားဟာမီးတောင်ပေါက်ကွဲမှုကြောင့်
အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ကျွန်းသူကျွန်းသားများကိုကူညီရေး ရန်ပုံငွေရရှိရန်
လက်မှတ်ရေးထိုးထားတဲ့အင်္ကျီကို လေလံတင်ရောင်းချရန်
လှူဒါန်းလိုက်တာလည်းဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှခရစ္စတီယာနိုရော်နယ်ဒိုပရိသတ်များအနေဖြင့်
လာမယ့်ဒီဇင်ဘာလ၂၄ရက်နေ့တွင်ရော်နယ်ဒိုရဲ့ပေါ်တူဂီကို
ရရှိရေးအပြိုင်ကမ်းလှမ်းမှုပြုလုပ်ရပါမယ်။
မီးတောင်ပေါက်ကွဲမှုကြောင့်အိုးအိမ်အဆောက်အဦ ၃၀၀၀ နီးပါးပျက်စီးခဲ့ပါတယ်။
ရော်နယ်ဒိုဟာဘယ်ပွဲမှာဝတ်ဆင်ခဲ့တဲ့အင်္ကျီကိုလေလံတင်ရောင်းချရန်
လှူဒါန်းမှုပြုလုပ်ခဲ့သလဲဆိုတာမသိရသေးပါဘူး။
zawgyi
ရော်နယ်ဒိုရဲ့ လူသားဆန်မှု