
စပါးကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ္တုန်းက ရော်နယ်ဒို ဝတ်ဆင်ခဲ့တဲ့
ပေါ်ပီပန်း(ဘိန်းပန်းပွင့်)ပါ မန်ယူအကျီၤ်ဟာ ဗြိတိသျှစစ်ပြန်တွေကို
ကူညီပေးမယ့် လေလံပွဲမှာ ဈေးအမြင့်ဆုံးအဖြစ် လတ်တလော ယူရို ၄၂၀၀၀
အထိ ရရှိနေတယ်လို့ သိရပါတယ်။
အဲဒါ့အပြင် မန်ချက်စတာ ဒါဘီမှာ ရော်နယ်ဒို ဝတ်ဆင်ခဲ့တဲ့ ပေါ်ပီပန်းပွင့်ပါ
မန်ယူအကျ္ကီလည်း ယူရို ၁၇၀၀၀ အထိ ဈေးရရှိနေပါတယ်။
ဒီလေလံပွဲကို Matchwornshirt.com က ပြုလုပ်တာပါ။ ၂၀၂၁ အောက်တိုဘာ
၃၀ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ဗြိတိန်မှာ ကစားတဲ့ ပရီးမီးယားလိဂ်၊
ချန်ပီယံရှစ်၊ လိဂ် ၁၊ လိဂ် ၂၊ အမျိုးသမီးစူပါလိဂ်ပွဲတွေမှာ ပေါ်ပီပန်းပွင့်လေး
တွေပါတဲ့ အထူးဝတ်စုံကို ဝတ်ဆင်ကစားရပါတယ်။
အဲ့ဒိထဲကမှ ကစားသမားတွေနဲ့ ပွဲကျင်းပရေးတာဝန်ရှိသူအချို့ ဝတ်ဆင်ခဲ့ပြီး
သူတို့လက်မှတ်ထိုးထားကြတဲ့ အင်္ကျီတွေကို နိုဝင်ဘာ တစ်လလုံး
လေလံတင် ရောင်းချတာပါ။
ရရှိလာတဲ့ ငွေကြေးတွေကိုတော့ ဗြိတိသျှစစ်ပြန်တွေကို ကူညီပေးနေတဲ့
Royal British Legion ရဲ့ အဖွဲ့အစည်း တည်ထောင်မှုနှစ် ၁၀၀ ပြည့်
အထိမ်းအမှတ်အဖြစ် လှူဒါန်းဖို့ စီစဉ္ထားပါတယ်။
Matchwornshirt က လေလံတင် ရောင်းချခဲ့ရာမှာတော့ စပါးကို ဝ-၃ နဲ့
အနိုင်ရခဲ့တဲ့ပွဲက ရော်နယ်ဒိုရဲ့မန်ယူအင်္ကျီဟာ ပရိသတ်စိတ်အဝင်စားဆုံးနဲ့
ဈေးအမြင့်ဆုံးရရှိနေတာပါ။
အဲဒိ အင်္ကျီကို တရုတ်လူမျိုးတစ်ဦးက ယူရို ၄၂၀၀၀ အထိ လေလံကြေး
အမြင့်ဆုံးပေးပြီး ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန်ချက်စတာ
ဒါဘီမှာ ရော်နယ်ဒို ဝတ်ဆင်ခဲ့တဲ့ ပေါ်ပီပန်းပွင့်လေးပါ မန်ယူအကျ္ကီုလည်း
အမေရိကန်မှာနေတဲ့ လေလံဆွဲသူတစ်ဦးက ယူရို ၁၇၀၀၀ အထိ အမြင့်ဆုံး
ဈေးပေးထားတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့လည်း သူတို့အသင်းက သူရဲကောင်းတွေရဲ့
အင်္ကျီကို နိုဝင်ဘာလမကုန်မီအထိ လေလံဆွဲခွင့်ရှိနေသေးသလို ဒီလေလံပွဲကနေ
Royal British Legion အတွက်လှူဒါန်းနိုင်မယ့် ရန်ပုံငွေဟာ ယူရို ၅၀၀၀၀၀
ကျော်အထိ ရှိနေပြီလို့ သိရပါတယ်။