ပေါ်တူဂီ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ လူဇင်ဘက်အသင်းနဲ့ ပွဲစဉ်မှာ
ဟက်ထရစ် ဂိုးသွင်းယူခဲ့ပြီးသူ့ရဲ့ နိုင်ငံအသင်းပွဲတွေမှာ ဟက်ထရစ်ဟာ ၁၀ကြိမ်
အထိ ရှိလာခဲ့ပါပြီ။
ဒီသွင်းဂိုးတွေ ကြောင့်လည်း သူဟာ နိုင်ငံအသင်းအတွက်
ဟက်ထရစ် အများဆုံးသွင်းယူထားနိုင်တဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်း
ဝင်သွားခဲ့ပါတယ်။
သူဂိုးသွင်းပြီးချိန်မှာလည်း “Siuuuuu” ဆိုတဲ့အောင်ပွဲခံဟန်နဲ့
အောင်ပွဲခံခဲ့သလို အသင်းဖော် ပေါ်လ်ဟင်ဟာ ကလည်း ဂိုးသွင်းပြီးချိန်မှာ
ရော်နယ်ဒိုရဲ့ ပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်တွေတုန်းက ပိုလန်လက်ရွေးစင်နည်းပြ ပေါ်လိုဆူဆာကလည်း
ရော်နယ်ဒိုရဲ့ “Siuuuuu” ဆိုတဲ့အောင်ပွဲခံဟန်ရဲ့ အဓိပ္ပာယ်ကို သူဘယ်လို
မြင်မိသလဲဆိုတာ ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။ ရော်နယ်ဒိုဟာ ဂိုးသွင်းပြီး
တိုင်း ပြင်းထန်အားပါတဲ့ဟန်နဲ့ “Siuuuuu” လို့အော်ဟစ်အောင်ပွဲခံလေ့ရှိပြီး
ကမ္ဘာပေါ်က ဘောလုံးပရိသတ်တွေအပြင် နာမည်ကြီးကစားသမားအချို့ကပါ
ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း လိုက်လံအောင်ပွဲခံခဲ့ဖူးတာပါ။
The Sunday Times နဲ့ တွေ့ဆုံခန်းမှာ ဆူဆာက “ရော်နယ်ဒိုကို သင်ကြားပေး
နေတဲ့ နည်းပြတွေဆီက ကြားရသလောက် သူက အသက် (၁၃) နှစ်မှာတင်
တတ်နိုင်သလောက် အောင်မြင်မှုတွေရဖို့ ကြိုးစားနေတယ်လို့ သိခဲ့ရပါတယ်”
“ကျွန်တော် သူ့ရဲ့ အောင်ပွဲခံဟန်ကို ချစ်မြတ်နိုး သဘောကျပါတယ်။ ဒါက
သူ့ရဲ့ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ‘ငါ ဒီမှာရှိနေပြီ’ လို့ အဓိပ္ပာယ်ရတဲ့
အောင်ပွဲခံဟန်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ သူ့ရဲ့အောင်ပွဲခံပုံစံနဲ့ ပတ်သက်လို့ “အဲဒီတုန်းက ဘယ်လို
ဖြစ်သွားလဲတော့မသိပါဘူး။ကျွန်တော်ဂိုးသွင်းပြီးတော့ ကျွန်တော် “Siuuuuu”
ပုံစံနဲ့အောင်ပွဲခံလိုက်မိပါတယ်။ ရိုးရိုးလေးဖြစ်သွားတာပါ။”
“ပြီးတဲ့နောက်မှာတော့ ကျွန်တော်အဲဒီအောင်ပွဲခံဟန်ကို စတင်ကျင့်သုံးခဲ့
ပါတယ်။ နောက်ကျတော့ ပရိသတ်တွေကလည်း ကျွန်တော့်ရဲ့ စီပုံစံ
အောင်ပွဲခံဟန်ကို မှတ်မိလာတော့ စိတ်ထဲမှာ “လူတွေကငါ့ကို
စီအောင်ပွဲခံဟန်နဲ့တွဲပြီး မှတ်မိတာကွ”လို့ တွေးမိပြီး ဆက်လုပ်ဖြစ်နေ
တာပါ”လို့ ပြောပြခဲ့ဖူးပါတယ်။
Zawgyi
ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်နဲ့ပတ်သက်လို့ ဆူဆာ ဘာပြောလဲ…
ဝင်သွားခဲ့ပါတယ်။