
ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်နည်းပြသစ်ဖြစ်လာရန်
ရေပန်းစားဆုံးနည်းပြများစာရင်းမှာ နံပါတ်၇ အဖြစ်ပါဝင်လာပါတယ်။
ဗြိတိန်ဘွတ်ကီဒိုင် Paddy Power ကခရစ္စတီယာနိုရော်နယ်ဒိုအား၁၉/၁ဖြင့်
မန်ယူနည်းပြရာထူးအတွက်လောင်းကြေးဖွင့်လာတာလည်းဖြစ်ပါတယ်။
မန်ယူနည်းပြဆိုးလ်ရှားဟာလီဗာပူးကိုအရှက်တကွဲရှုံးနိမ့်ပြီးနောက်ဖိအားများနှင့်
ကြုံလာရပါတယ်။မန်ယူဘုတ်အဖွဲ့ကဆိုးလ်ရှားအားလာမယ့်စနေနေ့တွင်
ကစားမယ့်စပါးစ်နှင့်ပွဲအထိအနည်းဆုံးအခွင့်အရေးပေးထားပါတယ်။
ဒါ့အပြင်ဗြိတိန်မီဒီယာအချို့တို့ကမန်ယူဟာဆိုးလ်ရှားဟာလာမယ့်သုံးပွဲအထိ
အခွင့်အရေးပေးထားကြောင်းလည်းသိရပါတယ်။
လက်ရှိအချိန်တွင် Paddy Power ရဲ့မန်ယူနည်းပြရာထူးအတွက်
ရေပန်းအစားဆုံးစာရင်းတွင် အန်တိုနီယိုကွန်တီကို ၈/၁၁ ဖြင့်ဖွင့်လှစ်ပေးထားပြီး
ဘရန်ဒန်ရော်ဂျာ(၆/၁)၊ဇီဒန်း(၉/၁)၊အဲရစ်တင်ဟက်(၁၁/၁)၊ပိုချက်တီနို(၁၁/၁)၊
ဂရေဟမ်ပေါ့တာ(၁၄/၁)တို့ပါဝင်နေခဲ့ပါတယ်။ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်း
၁၉/၁ဖြင့်ထည့်သွင်းလာပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာအတွေ့အကြုံရင့်
နည်းပြများဖြစ်ကြတဲ့ရန်နစ်ခ်၊လူစီယန်ဖာဗရီ၊အယ်လီဂရီ၊မိုက်ကယ်ကာရစ်၊
ဒါရင်းဖလက်ချာတို့ထက် ရေပန်းစားနေတာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မန်ယူသို့
ပြန်လည်ရောက်ရှိလာပြီးနောက်၉ပွဲကစားထားရာမှာ၆ဂိုးသွင်းထားပါတယ်။
သူဟာယန်းဘွိုင်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဆိုးလ်ရှားနဲ့အတူ
ကစားသမားများအားကွင်းဘေးမှအော်ဟစ်ညွှန်ကြားနေမှုကြောင့်
မန်ယူကစားသမားဟောင်းများရဲ့ဝေဖန်မှုများနှင့်ကြုံခဲ့ရသူလည်းဖြစ်ပါတယ်။
zawgyi
ေရာ္နယ္ဒိုဟာ ယူႏိုက္တက္နည္းျပသစ္ျဖစ္လာရန္ ေရပန္းစားဆုံးနည္းျပမ်ားစာရင္းမွာ နံပါတ္၇ အျဖစ္ပါဝင္လာ
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ျဖစ္လာရန္
ေရပန္းစားဆုံးနည္းျပမ်ားစာရင္းမွာ နံပါတ္၇ အျဖစ္ပါဝင္လာပါတယ္။
ၿဗိတိန္ဘြတ္ကီဒိုင္ Paddy Power ကခရစၥတီယာႏိုေရာ္နယ္ဒိုအား၁၉/၁ျဖင့္
မန္ယူနည္းျပရာထူးအတြက္ေလာင္းေၾကးဖြင့္လာတာလည္းျဖစ္ပါတယ္။
မန္ယူနည္းျပဆိုးလ္ရွားဟာလီဗာပူးကိုအရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ဖိအားမ်ားႏွင့္
ႀကဳံလာရပါတယ္။မန္ယူဘုတ္အဖြဲ႕ကဆိုးလ္ရွားအားလာမယ့္စေနေန႔တြင္
ကစားမယ့္စပါးစ္ႏွင့္ပြဲအထိအနည္းဆုံးအခြင့္အေရးေပးထားပါတယ္။
ဒါ့အျပင္ၿဗိတိန္မီဒီယာအခ်ိဳ႕တို႔ကမန္ယူဟာဆိုးလ္ရွားဟာလာမယ့္သုံးပြဲအထိ
အခြင့္အေရးေပးထားေၾကာင္းလည္းသိရပါတယ္။
လက္ရွိအခ်ိန္တြင္ Paddy Power ရဲ႕မန္ယူနည္းျပရာထူးအတြက္
ေရပန္းအစားဆုံးစာရင္းတြင္ အန္တိုနီယိုကြန္တီကို ၈/၁၁ ျဖင့္ဖြင့္လွစ္ေပးထားၿပီး
ဘရန္ဒန္ေရာ္ဂ်ာ(၆/၁)၊ဇီဒန္း(၉/၁)၊အဲရစ္တင္ဟက္(၁၁/၁)၊ပိုခ်က္တီႏို(၁၁/၁)၊
ဂေရဟမ္ေပါ့တာ(၁၄/၁)တို႔ပါဝင္ေနခဲ့ပါတယ္။ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုလည္း
၁၉/၁ျဖင့္ထည့္သြင္းလာပါတယ္။ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအေတြ႕အႀကဳံရင့္
နည္းျပမ်ားျဖစ္ၾကတဲ့ရန္နစ္ခ္၊လူစီယန္ဖာဗရီ၊အယ္လီဂရီ၊မိုက္ကယ္ကာရစ္၊
ဒါရင္းဖလက္ခ်ာတို႔ထက္ ေရပန္းစားေနတာလည္းျဖစ္ပါတယ္။
ေရာ္နယ္ဒိုဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မန္ယူသို႔
ျပန္လည္ေရာက္ရွိလာၿပီးေနာက္၉ပြဲကစားထားရာမွာ၆ဂိုးသြင္းထားပါတယ္။
သူဟာယန္းဘြိဳင္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဆိုးလ္ရွားနဲ႔အတူ
ကစားသမားမ်ားအားကြင္းေဘးမွေအာ္ဟစ္ၫႊန္ၾကားေနမႈေၾကာင့္
မန္ယူကစားသမားေဟာင္းမ်ားရဲ႕ေဝဖန္မႈမ်ားႏွင့္ႀကဳံခဲ့ရသူလည္းျဖစ္ပါတယ္။