ရော်နယ်ဒိုဟာ အခြားသူတွေမမြင်နိုင်တာကို မြင်တွေ့နိုင်တဲ့သူလို့ ချီဆာ ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်ကွင်းလယ်လူ ဖရက်ဒရီကိုချီဆာက အသင်းဖော်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အခြားသူတွေမမြင်နိုင်တဲ့အရာကို မြင်တွေ့နိုင်တဲ့သူလို့ ချီးကျူးပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုဟာ အေစီမီလန်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ အေစီမီလန်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက်သွင်းဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် အရေးပါတဲ့နေရာက ပါဝင်ပေးခဲ့ပါတယ်။

ဒ့ါအပြင် ပွဲချိန် (၇၁)မိနစ်မှာ ရော်နယ်ဒိုဟာ မက်စ်ကင်နီကို ဂိုးရနိုင်လောက်တဲ့ ဖြတ်တင်ဘောတစ်ကြိမ်ကိုလည်း ဖန်တီးပေးနိုင်ခဲ့ပေမယ့် အမေရိကန်စတားကတော့ လွဲချော်ခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ချီဆာက ရော်နယ်ဒိုရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သလို နောက်ထပ်အသင်းဖော် ဒိုင်ဘားလားရဲ့စွမ်းဆောင်ရည်ကိုပါ ချီးကျူးခဲ့ပါတယ်။“အကောင်းဆုံးစွမ်းဆောင်ရည်တစ်ရပ်ပါ။ ဂိုးမသွင်းနိုင်ဘူးဆိုရင်တောင် ပွဲအတွင်းအကောင်းဆုံးကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အသင်းအတွက် အကောင်းဆုံးကိုပဲ ပေးဆပ်ကစားသွားမှာပါ။

နည်းပြကလည်း ကျွန်တော့်ကို နေရာလွတ်တွေမှာနေရာယူဖို့ အကြံပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ရော်နယ်ဒို နဲ့ ဒိုင်ဘားလားတို့လိုကစားသမားတွေက သူများတွေမမြင်နိုင်တာကို မြင်နိုင်လို့ပါ”လို့ ချီဆာက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုက အေစီမီလန်နဲ့ပွဲမှာ ဘောလုံးပေးပို့ပုံ တိကျမှု ၉၄% ရှိခဲ့ပြီး တစ်ဦးချင်း ၂ကြိမ်ကျော်ဖြတ်ခဲ့ရာမှာ ၂ကြိမ်စလုံးကို အောင်မြင်ခဲ့သလို အရေးပါတဲ့ ပေးပို့မှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဂိုးရရှိနိုင်တဲ့ အခွင့်အလမ်းတစ်ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အေစီမီလန်နဲ့ပွဲမှာ အသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အကောင်းဆုံးကစားပေးနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာ္နယ္ဒိုဟာ အျခားသူေတြမျမင္ႏိုင္တာကို ျမင္ေတြ႕ႏုိင္တဲ့သူလို႔ ခ်ီဆာ ခ်ီးက်ဴး

ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ ဖရက္ဒရီကိုခ်ီဆာက အသင္းေဖာ္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ အျခားသူေတြမျမင္ႏို္င္တဲ့အရာကို ျမင္ေတြ႕ႏိုင္တဲ့သူလုိ႔ ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ ေအစီမီလန္အသင္းကို ၃-၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီသားဟာ ေအစီမီလန္ကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္သြင္းဂိုးမသြင္းယူႏုိင္ခဲ့ေပမယ့္ အေရးပါတဲ့ေနရာက ပါ၀င္ေပးခဲ့ပါတယ္။ ဒ့ါအျပင္ ပြဲခ်ိန္ (၇၁)မိနစ္မွာ ေရာ္နယ္ဒိုဟာ မက္စ္ကင္နီကို ဂိုးရႏုိင္ေလာက္တဲ့ ျဖတ္တင္ေဘာတစ္ၾကိမ္ကိုလည္း ဖန္တီးေပးႏိုင္ခဲ့ေပမယ့္ အေမရိကန္စတားကေတာ့ လြဲေခ်ာ္ခဲ့ပါတယ္။

ပြဲအျပီး အင္တာဗ်ဴးမွာ ခ်ီဆာက ေရာ္နယ္ဒိုရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့သလို ေနာက္ထပ္အသင္းေဖာ္ ဒိုင္ဘားလားရဲ႕စြမ္းေဆာင္ရည္ကိုပါ ခ်ီးက်ဴးခဲ့ပါတယ္။ “အေကာင္းဆံုးစြမ္းေဆာင္ရည္တစ္ရပ္ပါ။ ဂိုးမသြင္းႏိုင္ဘူးဆိုရင္ေတာင္ ပြဲအတြင္းအေကာင္းဆံုးကစားဖို႔ လိုအပ္ပါတယ္။ ကြ်န္ေတာ္ကေတာ့ အသင္းအတြက္ အေကာင္းဆံုးကိုပဲ ေပးဆပ္ကစားသြားမွာပါ။ နည္းျပကလည္း ကြ်န္ေတာ့္ကို ေနရာလြတ္ေတြမွာေနရာယူဖို႔ အၾကံေပးခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေရာ္နယ္ဒို နဲ႔ ဒိုင္ဘားလားတို႔လိုကစားသမားေတြက သူမ်ားေတြမျမင္ႏိုင္တာကို ျမင္ႏုိင္လို႔ပါ”လို႔ ခ်ီဆာက ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုက ေအစီမီလန္နဲ႔ပြဲမွာ ေဘာလုံးေပးပို႔ပုံ တိက်မႈ ၉၄% ရွိခဲ့ၿပီး တစ္ဦးခ်င္း ၂ႀကိမ္ေက်ာ္ျဖတ္ခဲ့ရာမွာ ၂ႀကိမ္စလုံးကို ေအာင္ျမင္ခဲ့သလို အေရးပါတဲ့ ေပးပို႔မႈ ၃ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီး ဂိုးရရွိႏိုင္တဲ့ အခြင့္အလမ္းတစ္ႀကိမ္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ေအစီမီလန္နဲ႕ပြဲမွာ အသင္းအတြက္ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း အေကာင္းဆုံးကစားေပးႏိုင္ခဲ့တာျဖစ္ၿပီး အသင္းရဲ႕ အေရးပါတဲ့ကစားသမားအျဖစ္ ရပ္တည္ေနဆဲျဖစ္ပါတယ္။