ရော်နယ်ဒို၊ မက်ဆီတို့ ချန်ပီယံလိဂ် 16 သင်းအဆင့်မှဘယ်အသင်းတွေနဲ့ တွေ့ဆုံမလဲ

ချန်ပီယံ လိဂ် အုပ်စုအဆင့်ပွဲစဉ်တွေ အားလုံး ပြီးဆုံးသွားပြီမို့ ၊ ရှုံးထွက် အဆင့်ကို

တက်ရောက်နိုင်ခဲ့တဲ့ 16 သင်း အမည်စာရင်းလည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီညနေမှာတော့ ရှုံးထွက် အဆင့် မဲခွဲပွဲတွေ ကို ဆွစ်ဇာလန် နိုင်ငံ နီယွန် မြို့မှာ ကျင်းပသွားမှာပါ။

16 သင်း ရှုံးထွက် အဆင့်မှာ အုပ်စု ပထမ ရတဲ့အသင်းတွေ နဲ့

ဒုတိယ ရတဲ့ အသင်းတွေ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

အဲဒီလို ရင်ဆိုင် ကစားဖို့ မဲခွဲချိန်မှာ တစ်နိုင်ငံတည်း ကလပ်တွေ အချင်းချင်း ၊

တစ်အုပ်စုထဲ အတူတူ ကျခဲ့တဲ့ အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှာ မဟုတ်ပါဘူး။

အုပ်စု ဒုတိယ ရထားတဲ့ အသင်းတွေဟာ ရှုံးထွက် အဆင့် ပွဲစဉ်တွေကို

အိမ်ကွင်းမှာ ပထမဆုံး လက်ခံ ကစားရမှာ ဖြစ်ပြီး ၊ ပထမ ရတဲ့ အသင်းတွေက

ဒုတိယ အကျော့ အိမ်ကွင်း ကစားရမယ့် အခွင့်အရေးမျိုးကို ရရှိထားပါတယ်။

၁၆ သင်းအဆင့်မှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊

မန်စီးတီး၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ပါဝင်လာပြီး ချယ်လ်ဆီးတစ်သင်းတည်းသာ

အုပ်စုဒုတိယနေရာရခဲ့လို့ ပွဲကျပ်ရင်ဆိုင်ရမယ့် အလားအလာအရှိဆုံးလို့

ယူဆခံနေရပါတယ်။သူတို့က အေဂျက်ဇ်၊ ဘိုင်ယန်၊ ရီးရဲလ်၊ လိုင်လီတို့နဲ့

ရင်ဆိုင်ရဖွယ်ရှိနေတာပါ။ ပီအက်စ်ဂျီကတော့ အုပ်စုဒုတိယနေရာရခဲ့ပြီး

မန်စီးတီးနဲ့တစ်အုပ်စုတည်းကျခဲ့လို့ ပရီးမီးယားလိဂ်မှာ သူတို့ရင်ဆိုင်ရနိုင်တာက

ယူနိုက်တက်နဲ့ လီဗာပူးပါ။ ယူနိုက်တက်နဲ့သာ တွေ့ခဲ့မယ်ဆိုရင်တော့

ရော်နယ်ဒို-မက်ဆီ အားပြိုင်မှုကို အသင်းသစ်ကိုယ်စီနဲ့ ထူးခြားစွာမြင်တွေ့ရဖို့လည်း

ရှိနေပါတယ်။ ယူနိုက်တက်က ပီအက်စ်ဂျီအပြင် အင်တာမီလန်နဲ့

ရင်ဆိုင်ရနိုင်ချေလည်းရှိနေပြီး အဆိုပါနှစ်သင်းကိုသာ ရှောင်လွှဲနိုင်မယ်ဆိုရင်

အခြေအနေကောင်းမယ်လို့ မျှော်လင့်ရပါတယ်။

zawgyi

ေရာ္နယ္ဒို၊ မက္ဆီတို႔ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္မွဘယ္အသင္းေတြနဲ႔ ေတြ႕ဆုံမလဲ

ခ်န္ပီယံ လိဂ္ အုပ္စုအဆင့္ပြဲစဥ္ေတြ အားလုံး ၿပီးဆုံးသြားၿပီမို႔ ၊ ရႈံးထြက္ အဆင့္ကို

တက္ေရာက္ႏိုင္ခဲ့တဲ့ 16 သင္း အမည္စာရင္းလည္း ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။

ဒီညေနမွာေတာ့ ရႈံးထြက္ အဆင့္ မဲခြဲပြဲေတြ ကို ဆြစ္ဇာလန္ ႏိုင္ငံ နီယြန္ ၿမိဳ႕မွာ က်င္းပသြားမွာပါ။

16 သင္း ရႈံးထြက္ အဆင့္မွာ အုပ္စု ပထမ ရတဲ့အသင္းေတြ နဲ႔

ဒုတိယ ရတဲ့ အသင္းေတြ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။

အဲဒီလို ရင္ဆိုင္ ကစားဖို႔ မဲခြဲခ်ိန္မွာ တစ္ႏိုင္ငံတည္း ကလပ္ေတြ အခ်င္းခ်င္း ၊

တစ္အုပ္စုထဲ အတူတူ က်ခဲ့တဲ့ အသင္းအခ်င္းခ်င္း ထိပ္တိုက္ေတြ႕ဆုံမွာ မဟုတ္ပါဘူး။

အုပ္စု ဒုတိယ ရထားတဲ့ အသင္းေတြဟာ ရႈံးထြက္ အဆင့္ ပြဲစဥ္ေတြကို

အိမ္ကြင္းမွာ ပထမဆုံး လက္ခံ ကစားရမွာ ျဖစ္ၿပီး ၊ ပထမ ရတဲ့ အသင္းေတြက

ဒုတိယ အေက်ာ့ အိမ္ကြင္း ကစားရမယ့္ အခြင့္အေရးမ်ိဳးကို ရရွိထားပါတယ္။

၁၆ သင္းအဆင့္မွာ ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ ယူႏိုက္တက္၊

မန္စီးတီး၊ ခ်ယ္လ္ဆီးနဲ႔ လီဗာပူးတို႔ပါဝင္လာၿပီး ခ်ယ္လ္ဆီးတစ္သင္းတည္းသာ

အုပ္စုဒုတိယေနရာရခဲ့လို႔ ပြဲက်ပ္ရင္ဆိုင္ရမယ့္ အလားအလာအရွိဆုံးလို႔

ယူဆခံေနရပါတယ္။သူတို႔က ေအဂ်က္ဇ္၊ ဘိုင္ယန္၊ ရီးရဲလ္၊ လိုင္လီတို႔နဲ႔

ရင္ဆိုင္ရဖြယ္ရွိေနတာပါ။ ပီအက္စ္ဂ်ီကေတာ့ အုပ္စုဒုတိယေနရာရခဲ့ၿပီး

မန္စီးတီးနဲ႔တစ္အုပ္စုတည္းက်ခဲ့လို႔ ပရီးမီးယားလိဂ္မွာ သူတို႔ရင္ဆိုင္ရႏိုင္တာက

ယူႏိုက္တက္နဲ႔ လီဗာပူးပါ။ ယူႏိုက္တက္နဲ႔သာ ေတြ႕ခဲ့မယ္ဆိုရင္ေတာ့

ေရာ္နယ္ဒို-မက္ဆီ အားၿပိဳင္မႈကို အသင္းသစ္ကိုယ္စီနဲ႔ ထူးျခားစြာျမင္ေတြ႕ရဖို႔လည္း

ရွိေနပါတယ္။ ယူႏိုက္တက္က ပီအက္စ္ဂ်ီအျပင္ အင္တာမီလန္နဲ႔

ရင္ဆိုင္ရႏိုင္ေခ်လည္းရွိေနၿပီး အဆိုပါႏွစ္သင္းကိုသာ ေရွာင္လႊဲႏိုင္မယ္ဆိုရင္

အေျခအေနေကာင္းမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။