
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကစိန့်ဂျိမ်းစ်ပါ့ခ်မှာနယူးကာဆယ်နှင့်
ယူနိုက်တက်တို့တစ်ဂိုးစီသရေကျတဲ့ပွဲမတိုင်မီနယူးကာဆယ်
ပရိသတ်များရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။
ပေါ်တူဂီစူပါစတားဟာနယူးကာဆယ်ပွဲမတိုင်မီ ဂိုးသွင်းလေ့ကျင့်ခန်း
ပြုလုပ်ခဲ့ရာတွင်သူ့ရဲ့ကန်ချက်အများစုက ဂိုးသမားကန်ကွယ်မှု၊
လွဲချော်မှုများနှင့်ကြုံတွေ့ရပြီးနောက်
နယူးကာဆယ်ပရိသတ်များရဲ့လှောင်ပြောင်မှုခံခဲ့ရတာလည်းဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်ရဲ့ Leazes End ပွဲကြည့်စင်ခြမ်းဘက်တွင်
ပြုလုပ်ခဲ့တာဖြစ်ပြီး သူဂိုးမသွင်းတိုင်း နယူးကာဆယ်ပရိသတ်များက
လှောင်ပြောင်အော်ဟစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာသွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင်သာမက
ပွဲအတွင်းမှာလည်းဂိုးပေါက်ရှာတွေ့ဖို့ခက်ခဲခဲ့ပါတယ်။
စက်တင်ဘာတုန်းကအိုးထရက်ဖို့ဒ်ပွဲမှာနှစ်ဂိုးသွင်းပြီးနယူးကာဆယ်ပရိသတ်များကို
အသံတိတ်စေခဲ့ဖူးတဲ့ရော်နယ်ဒိုဟာမနေ့ညကပွဲမှာတော့
ခြေစွမ်းပြနိုင်ရေးရုန်းကန်ခဲ့ရတဲ့အပြင်
ဖရေဇာကို ကြမ်းတမ်းစွာဖျက်ထုတ်မှု အနီကတ်အပြမခံခဲ့ရတာကံကောင်းပါတယ်။
zawgyi
ေရာ္နယ္ဒို ဂိုးမသြင္းႏိုင္တိုင္း နယူးကာဆယ္ပရိသတ္မ်ားက ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့ၾက
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကစိန႔္ဂ်ိမ္းစ္ပါ့ခ္မွာနယူးကာဆယ္ႏွင့္
ယူႏိုက္တက္တို႔တစ္ဂိုးစီသေရက်တဲ့ပြဲမတိုင္မီနယူးကာဆယ္
ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္ျခင္းခံခဲ့ရပါတယ္။
ေပၚတူဂီစူပါစတားဟာနယူးကာဆယ္ပြဲမတိုင္မီ ဂိုးသြင္းေလ့က်င့္ခန္း
ျပဳလုပ္ခဲ့ရာတြင္သူ႔ရဲ႕ကန္ခ်က္အမ်ားစုက ဂိုးသမားကန္ကြယ္မႈ၊
လြဲေခ်ာ္မႈမ်ားႏွင့္ႀကဳံေတြ႕ရၿပီးေနာက္
နယူးကာဆယ္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈခံခဲ့ရတာလည္းျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနယူးကာဆယ္ရဲ႕ Leazes End ပြဲၾကည့္စင္ျခမ္းဘက္တြင္
ျပဳလုပ္ခဲ့တာျဖစ္ၿပီး သူဂိုးမသြင္းတိုင္း နယူးကာဆယ္ပရိသတ္မ်ားက
ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေသြးပူေလ့က်င့္ခန္းအစီအစဥ္တြင္သာမက
ပြဲအတြင္းမွာလည္းဂိုးေပါက္ရွာေတြ႕ဖို႔ခက္ခဲခဲ့ပါတယ္။
စက္တင္ဘာတုန္းကအိုးထရက္ဖို႔ဒ္ပြဲမွာႏွစ္ဂိုးသြင္းၿပီးနယူးကာဆယ္ပရိသတ္မ်ားကို
အသံတိတ္ေစခဲ့ဖူးတဲ့ေရာ္နယ္ဒိုဟာမေန႔ညကပြဲမွာေတာ့
ေျခစြမ္းျပႏိုင္ေရး႐ုန္းကန္ခဲ့ရတဲ့အျပင္
ဖေရဇာကို ၾကမ္းတမ္းစြာဖ်က္ထုတ္မႈ အနီကတ္အျပမခံခဲ့ရတာကံေကာင္းပါတယ္။