ရော်နယ်ဒို နောက်ကျချေပဂိုးမသွင်းမီ လက်ထိဘောဖြစ်ခဲ့မှုနဲ့ပတ်သက်ပြီး အွန်လိုင်းတွင်ပရိသတ်များအငြင်းပွားလျက်ရှိ

မနေ့ညတုန်းကအတ္တလန္တာနှင့်မန်ချက်စတာယူနိုက်တက်တို့နှစ်ဂိုးစီသရေကျတဲ့

ပွဲစဉ်မှာခရစ္စတီယာနိုရော်နယ်ဒိုကနောက်ကျချေပဂိုးမသွင်းမီလက်ထိဘော

ဖြစ်ခဲ့မှုနဲ့ပတ်သက်ပြီး အွန်လိုင်းတွင်ပရိသတ်များအငြင်းပွားလျက်ရှိကြပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့တုန်းကအတ္တလန္တာနှင့်ပွဲစဉ်မှာလည်း

မန်ယူအတွက်အဖိုးတန်ချေပဂိုးနှစ်ဂိုးသွင်းယူပြီးအဖိုးတန်ရမှတ်

တစ်မှတ်ရရှိအောင်စွမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုက

နာကျင်အချိန်ပိုမှာမြေမကျဘောလှပစွာကန်သွင်းမှုမပြုလုပ်မီ

ယင်းဘောလုံးကိုဖန်တီးပေးလိုက်တဲ့မေဆင်ဂရင်းဝုဒ်မှာလက်ထိဖြစ်တယ်လို့ယူဆခဲ့ရပါတယ်။

နောက်ပိုင်းမှာပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်တို့မှာဒိုင်လူကြီးတို့ဟာ

ဂိုးရရှိသွားတဲ့ဖြစ်စဉ်မှာကစားကွက်တည်ဆောက်စဉ်မတော်တဆ

လက်ထိဘောဖြစ်မှုကိုချဉ်းကပ်တဲ့နေရာမှာအနည်းငယ်ပေါ့လျှော့

ဆုံးဖြတ်လာပါတယ်။VAR ကလက်ထိဖြစ်တယ်ဆိုရင်တောင်

ဒိုင်လူကြီးများကဂိုးအဖြစ်ခွင့်ပြုလာတာတွေ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပထမပိုင်းမှာဘရူနိုဖာနန်ဒက်စ်နှင့်

မေဆင်ဂရင်းဝုဒ်တို့နှင့်လှပစွာချိတ်ဆက်ကစားပြီးလှပတဲ့ချေပဂိုးကိုသွင်းယူခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအတ္တလန္တာနှင့်ပွဲမှာ၂ဂိုးသွင်းယူမှုနဲ့အတူ

မန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၁ပွဲကစားထားရာမှာ၉ဂိုး

သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာ

မန်ယူသမိုင်းတွင်ချန်ပီယံလိဂ်၄ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ငါးယောက်

ကစားသမားဖြစ်လာပါတယ်။သူ့မတိုင်ခင်မန်ယူအတွက်ချန်ပီယံလိဂ်၄ပွဲဆက်

ဂိုးသွင်းနိုင်သူများကတော့နစ္စတယ်ရွိုင်း(၂)ကြိမ်၊တွမ်မီတေလာ၊

ဒင်းနစ်ဗွီုင်အိုလက်၊ဒွိုက်ယော့ခ်တို့ဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ေနာက္က်ေခ်ပဂိုးမသြင္းမီ လက္ထိေဘာျဖစ္ခဲ့မႈနဲ႔ပတ္သက္ၿပီး အြန္လိုင္းတြင္ပရိသတ္မ်ားအျငင္းပြားလ်က္ရွိ

မေန႔ညတုန္းကအတၱလႏၲာႏွင့္မန္ခ်က္စတာယူႏိုက္တက္တို႔ႏွစ္ဂိုးစီသေရက်တဲ့

ပြဲစဥ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုကေနာက္က်ေခ်ပဂိုးမသြင္းမီလက္ထိေဘ

ာျဖစ္ခဲ့မႈနဲ႔ပတ္သက္ၿပီး အြန္လိုင္းတြင္ပရိသတ္မ်ားအျငင္းပြားလ်က္ရွိၾကပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔တုန္းကအတၱလႏၲာႏွင့္ပြဲစဥ္မွာလည္း

မန္ယူအတြက္အဖိုးတန္ေခ်ပဂိုးႏွစ္ဂိုးသြင္းယူၿပီးအဖိုးတန္ရမွတ္

တစ္မွတ္ရရွိေအာင္စြမ္းေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုက

နာက်င္အခ်ိန္ပိုမွာေျမမက်ေဘာလွပစြာကန္သြင္းမႈမျပဳလုပ္မီ

ယင္းေဘာလုံးကိုဖန္တီးေပးလိုက္တဲ့ေမဆင္ဂရင္းဝုဒ္မွာလက္ထိျဖစ္တယ္လို႔ယူဆခဲ့ရပါတယ္။

ေနာက္ပိုင္းမွာပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္တို႔မွာဒိုင္လူႀကီးတို႔ဟာ

ဂိုးရရွိသြားတဲ့ျဖစ္စဥ္မွာကစားကြက္တည္ေဆာက္စဥ္မေတာ္တဆ

လက္ထိေဘာျဖစ္မႈကိုခ်ဥ္းကပ္တဲ့ေနရာမွာအနည္းငယ္ေပါ့ေလွ်ာ့

ဆုံးျဖတ္လာပါတယ္။VAR ကလက္ထိျဖစ္တယ္ဆိုရင္ေတာင္

ဒိုင္လူႀကီးမ်ားကဂိုးအျဖစ္ခြင့္ျပဳလာတာေတြ႕ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပထမပိုင္းမွာဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္

ေမဆင္ဂရင္းဝုဒ္တို႔ႏွင့္လွပစြာခ်ိတ္ဆက္ကစားၿပီးလွပတဲ့ေခ်ပဂိုးကိုသြင္းယူခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာႏွင့္ပြဲမွာ၂ဂိုးသြင္းယူမႈနဲ႔အတူ

မန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၁ပြဲကစားထားရာမွာ၉ဂိုး

သြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ

မန္ယူသမိုင္းတြင္ခ်န္ပီယံလိဂ္၄ပြဲဆက္ဂိုးသြင္းယူႏိုင္တဲ့ငါးေယာက္

ကစားသမားျဖစ္လာပါတယ္။သူ႔မတိုင္ခင္မန္ယူအတြက္ခ်န္ပီယံလိဂ္၄ပြဲဆက္

ဂိုးသြင္းႏိုင္သူမ်ားကေတာ့နစၥတယ္႐ြိဳင္း(၂)ႀကိမ္၊တြမ္မီေတလာ၊

ဒင္းနစ္ဗြီဳင္အိုလက္၊ဒြိဳက္ေယာ့ခ္တို႔ျဖစ္ပါတယ္။