
ဆာဘီးယားကိုအရေးနိမ့်ခဲ့ပြီးနောက် ပေါ်တူဂီဟာ ကမ္ဘာ့ဖလားကို
တိုက်ရိုက်အောင်မြင်မယ့် အခွင့်အရေးဆုံရှုံးခဲ့ရပြီး ပလေးအော့အဆင့်ကို
ကစားရတော့မှာပါ။ ဒါဟာ ရော်နယ်ဒိုအတွက်တော့ မထင်မှတ်ဘဲ ၂၀၂၂
ကာတာကမ္ဘာ့ဖလားပွဲကို လွဲချော်သွားနိုင်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။
ဆာဘီးယားကို သရေကစားနိုင်ခဲ့ရင်တောင် ခြေစစ်ပွဲအောင်မြင်မယ့်အချိန်မှာ
အရေးနိမ့်ခဲ့တာက ပေါ်တူဂီအတွက်တော့ တော်တော်လေးဆိုးရွားတဲ့ ရှုံးပွဲဖြစ်ခဲ့ရပါတယ်။
ရီနာတိုဆန်းချက်စ်ရဲ့ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့် တာဒစ်ရဲ့ချေပဂိုး၊
မီထရိုဗစ်ရဲ့ မိနစ် ၉၀ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတာပါ။
အသက် ၃၆ နှစ်အရွယ်ရော်နယ်ဒိုအတွက် စိုးရိမ်စရာဖြစ်လာခဲ့ရတာက
သူ့ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ကန်ခွင့်တောင် ရပါ့မလားဆိုတာပါပဲ။
ပလေးအော့ပွဲစဉ်မှာပါ ထပ်ပြီးတော့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုကို
ကာတာမှာ မြင်တွေရတော့မှာမဟုတ်ပါဘူး။
ရှူံးမဲမဲပြီး၊ ဘူနေတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ
နည်းပြနူနိုဆန်းတို့စ်နဲ့ လက်ဆွဲမနှုတ်ဆက်ခင်မှာ သူ့ရဲ့ဒေါသထွက်စိတ်ပျက်နေမှုတွေကို
ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။ရော်နယ်ဒိုဟာ အသင်းကို မကယ်တင်ပေးနိုင်ခဲ့ပြီးနောက်
အရှုံးကိုသာ စိတ်ပျက်လက်ပျက်နဲ့ရင်ဆိုင်ခဲ့ရပြီး ကွင်းအတွင်းမှာ
အမူအယာပေါင်းစုံနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကာ မှိုင်တွေနေခဲ့ရပါတယ်။
နည်းပြဖာနန်ဒိုဆန်းတို့စ်က သူ့ဆီရောက်လာကာ နှုတ်ဆက်တဲ့အချိန်မှာတော့
ချက်ချင်းလက်ဆွဲမနှုတ်ဆက်ဘဲ လက်ဟန်ခြေဟန်တွေပြသကာ
သူ့ရဲ့စိတ်ပျက်ဒေါသထွက်နေမှုတွေကို ပြသခဲ့ပါတယ်။ ဆန်းတို့စ်ကတော့
ဘာမှပြန်မပြောခဲ့ဘဲ လက်ဆွဲနှုတ်ဆက်ခဲ့ပြီးနောက် ပြန်လှည့်ထွက်သွားခဲ့ကာ
ရော်နယ်ဒိုတစ်ဦးတည်း ကျန်နေရစ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ
ရော်နယ်ဒိုက တစ်ပွဲလုံးမှ ဂိုးကန်သွင်းချက် ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး
တစ်ကြိမ်မှ ဂိုးပေါက်မတည့်ခဲ့ဘူးလို့လည်း သိရပါတယ်။ အိုင်ယာလန်နဲ့ပွဲမှာ
ဂိုးပေါက်ပျောက်ခဲ့ပြီးနောက် နောက်ထပ်တစ်ပွဲ ဂိုးပေါက်ထပ်ပျောက်ခဲ့ရတာလည်းဖြစ်ပါတယ်။
zawgyi
ေရာ္နယ္ဒို ရႈံးပြဲႀကဳံေတြ႕ခဲ့တဲ့ေနာက္ နည္းျပနဲ႔ပါ ျပႆနာျဖစ္ခဲ့
ဆာဘီးယားကိုအေရးနိမ့္ခဲ့ၿပီးေနာက္ ေပၚတူဂီဟာ ကမာၻ႔ဖလားကို
တိုက္႐ိုက္ေအာင္ျမင္မယ့္ အခြင့္အေရးဆုံရႈံးခဲ့ရၿပီး ပေလးေအာ့အဆင့္ကို
ကစားရေတာ့မွာပါ။ ဒါဟာ ေရာ္နယ္ဒိုအတြက္ေတာ့ မထင္မွတ္ဘဲ ၂၀၂၂
ကာတာကမာၻ႔ဖလားပြဲကို လြဲေခ်ာ္သြားႏိုင္တဲ့ အေျခအေနလည္းျဖစ္ပါတယ္။
ဆာဘီးယားကို သေရကစားႏိုင္ခဲ့ရင္ေတာင္ ေျခစစ္ပြဲေအာင္ျမင္မယ့္အခ်ိန္မွာ
အေရးနိမ့္ခဲ့တာက ေပၚတူဂီအတြက္ေတာ့ ေတာ္ေတာ္ေလးဆိုး႐ြားတဲ့ ရႈံးပြဲျဖစ္ခဲ့ရပါတယ္။
ရီနာတိုဆန္းခ်က္စ္ရဲ႕ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ေပမယ့္ တာဒစ္ရဲ႕ေခ်ပဂိုး၊
မီထ႐ိုဗစ္ရဲ႕ မိနစ္ ၉၀ အႏိုင္ဂိုးေတြကို ခြင့္ျပဳခဲ့ရတာပါ။
အသက္ ၃၆ ႏွစ္အ႐ြယ္ေရာ္နယ္ဒိုအတြက္ စိုးရိမ္စရာျဖစ္လာခဲ့ရတာက
သူ႔ရဲ႕ ေနာက္ဆုံးေသာ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ကန္ခြင့္ေတာင္ ရပါ့မလားဆိုတာပါပဲ။
ပေလးေအာ့ပြဲစဥ္မွာပါ ထပ္ၿပီးေတာ့ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ေရာ္နယ္ဒိုကို
ကာတာမွာ ျမင္ေတြရေတာ့မွာမဟုတ္ပါဘူး။
ရႉံးမဲမဲၿပီး၊ ဘူေနတဲ့ ေပၚတူဂီအသင္းေခါင္းေဆာင္ေရာ္နယ္ဒိုဟာ
နည္းျပႏူႏိုဆန္းတို႔စ္နဲ႔ လက္ဆြဲမႏႈတ္ဆက္ခင္မွာ သူ႔ရဲ႕ေဒါသထြက္စိတ္ပ်က္ေနမႈေတြကို
ဖုံးကြယ္မထားႏိုင္ခဲ့ပါဘူး။ေရာ္နယ္ဒိုဟာ အသင္းကို မကယ္တင္ေပးႏိုင္ခဲ့ၿပီးေနာက္
အရႈံးကိုသာ စိတ္ပ်က္လက္ပ်က္နဲ႔ရင္ဆိုင္ခဲ့ရၿပီး ကြင္းအတြင္းမွာ
အမူအယာေပါင္းစုံနဲ႔ စိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့ကာ မႈိင္ေတြေနခဲ့ရပါတယ္။
နည္းျပဖာနန္ဒိုဆန္းတို႔စ္က သူ႔ဆီေရာက္လာကာ ႏႈတ္ဆက္တဲ့အခ်ိန္မွာေတာ့
ခ်က္ခ်င္းလက္ဆြဲမႏႈတ္ဆက္ဘဲ လက္ဟန္ေျခဟန္ေတြျပသကာ
သူ႔ရဲ႕စိတ္ပ်က္ေဒါသထြက္ေနမႈေတြကို ျပသခဲ့ပါတယ္။ ဆန္းတို႔စ္ကေတာ့
ဘာမွျပန္မေျပာခဲ့ဘဲ လက္ဆြဲႏႈတ္ဆက္ခဲ့ၿပီးေနာက္ ျပန္လွည့္ထြက္သြားခဲ့ကာ
ေရာ္နယ္ဒိုတစ္ဦးတည္း က်န္ေနရစ္ခဲ့တာျဖစ္ပါတယ္။ အဆိုပါပြဲမွာ
ေရာ္နယ္ဒိုက တစ္ပြဲလုံးမွ ဂိုးကန္သြင္းခ်က္ ၃ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး
တစ္ႀကိမ္မွ ဂိုးေပါက္မတည့္ခဲ့ဘူးလို႔လည္း သိရပါတယ္။ အိုင္ယာလန္နဲ႔ပြဲမွာ
ဂိုးေပါက္ေပ်ာက္ခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ပြဲ ဂိုးေပါက္ထပ္ေပ်ာက္ခဲ့ရတာလည္းျဖစ္ပါတယ္။