ရော်နယ်ဒို အတွက် မက်ဆီရဲ့ ချီးကျူးစကားသံ

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညတုန်းကတော့ ဘောလုံးဆရာကြီး တစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒူဘိုင်းက စင်မြင့်ထက်မှာ တောက်ပနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သူ မက်ဆီကတော့ ကာလရှည်ပြိုင်ဖက်တစ်ဦးသဖွယ် ရင်ဆိုင်ခဲ့ကြတဲ့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ဘောလုံးလောကရဲ့ အထင်ကရပုဂ္ဂိုလ် တစ်ဦးပါပဲလို့ ဂုဏ်ပြုချီးကျူးစကားပြောဆိုခဲ့ပါတယ်။

ဘောလုံးလောကမှာ အမြဲတမ်းယှဉ်ခံရတဲ့ ထိပ်တန်းကစားသမား နှစ်ယောက်ဟာ တကယ့်ကို အားကစားစိတ်ဓါတ်အပြည့်ရှိတဲ့ ပြိုင်ဘက်ကောင်းတွေဖြစ်ပါတယ်။ ကွင်းအတွင်း တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတဲ့ အခါမှာလည်း အခုခေတ်စကားအရ PR ကောင်းတယ်လို့ဆိုရမှာပါ။ ပြိုင်ဆိုင်ဖို့အတွက်ကိုရော၊ ချီးကျူးစကားပြောဆိုဖို့အတွက်ပါ ဝန်မလေးကြသူတွေပါ။

ရော်နယ်ဒိုနဲ့ပတ်သက်ပြီး မက်ဆီက “ကမ္ဘာပေါ်မှာ လေးစားဖွယ်ကောင်းတဲ့ အားကစားနယ်ပယ်အသီးသီးက ကစားသမားကောင်းတွေ ရှိကြပါတယ်။ ရာဖေးလ်နာဒယ်တို့ ဖက်ဒါရာတို့ လီဘရွှန်တို့လိုပေါ့။ အားကစားကဏ္ဍာတိုင်းလိုလိုမှာ အလုပ်ကြိုးစားမှုတွေ နဲ့အတူရယူနိုင်တဲ့ အောင်မြင်မှုတွေကြောင့် ထင်ရှားကျော်ကြားပြီး လေးစားအတုယူဖို့ကောင်းတဲ့ အားကစားသမားတွေ ပေါ်ထွက်လေ့ရှိပါတယ်။ အဲဒီ အထဲမှာမှ ရော်နယ်ဒိုဟာလည်း လေးစားဖွယ်ကောင်းပြီး ဘောလုံးလောကရဲ့ အထင်ကရ ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါ တယ်။”လို့ ပြောဆိုပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိမှာ Globe soccer ကပေးအပ်တဲ့ ရာစုနှစ်အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သူ လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်တာအကောင်းဆုံးဆုကိုလည်းရွေးချယ်ခံခဲ့ရတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့် ဆုပေးအပ်ခဲ့ချိန်မှာ လီဝန်ဒေါစကီးကရရှိသွားခဲ့တာကြောင့် ရော်နယ်ဒိုကို မဲပေးခဲ့ကြသူတွေ မျက်စိလည်ကုန်ခဲ့ကြပါတယ်။

ဒါပေမယ့် ဆုရွေးချယ်ပေးတဲ့အဖွဲ့ ရဲ့ အတွင်းသတင်းမှာတော့ ရော်နယ်ဒိုက ဒီဆုဟာ လီဝန်ဒေါစကီးသာ ရသင့်ကြောင်းပြောပြီး လွှဲပြောင်းပေးအပ်ခဲ့တာဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ပရိသတ်တွေက သူ့ရဲ့ နိမ့်ချတတ်မှုကို သိရှိသွားခဲ့ပြီး ချီးကျူးထိုက်တဲ့အပြုအမူလို့ သုံးသပ်နေကြပါတယ်။

မက်ဆီနဲ့ရော်နယ်ဒိုတို့နှစ်ယောက်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပြိုင်ဘက်တွေအဖြစ် တစ်ကြိမ်ပြန်လည်ဆုံတွေ့ခဲ့ကြပြီး အခုထိလည်း သူတို့နှစ်ယောက်လုံးဟာ သက်ဆိုင်ရာအသင်းတွေအတွက် အဓိကအရေးပါတဲ့ ကစားသမားတွေအ ဖြစ်ရှိနေကြဆဲပါပဲ။ အသက်အရွယ်တွေ ကြီးရင့်နေပေမယ့် မပျက်စီးကြသေးတဲ့ သူတွေပါ။

အခုနှစ်မှာ အသင်းနဲ့ အက်ကြောင်းတွေဖြစ်ပေါ်ခဲ့တဲ့ မက်ဆီတစ်ယောက်ကတော့ လက်ရှိ မှာ သူ့ရဲ့ ခြေကျင်းဝတ် ဒဏ်ရာကိုခွဲစိတ် ကုသခဲ့ရာမှာလည်း အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီခွဲစိတ် ကုသခဲ့မှု အရှိန် ကြောင့် မနက်ဖြန် မှာ ကစားမယ့် လာလီဂါ ပွဲစဉ်ကို ပါဝင် ကစား နိုင်မှာ မဟုတ်ဘူး လို့လည်း သိရှိရပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒို အတြက္ မက္ဆီရဲ႕ ခ်ီးက်ဴးစကားသံ

မေန႔ညတုန္းကေတာ့ ေဘာလုံးဆရာႀကီး တစ္ေယာက္ျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ဒူဘိုင္းက စင္ျမင့္ထက္မွာ ေတာက္ပႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္သူ မက္ဆီကေတာ့ ကာလရွည္ၿပိဳင္ဖက္တစ္ဦးသဖြယ္ ရင္ဆိုင္ခဲ့ၾကတဲ့ ဂ်ဴဗင္တပ္အသင္းရဲ႕ တိုက္စစ္မႉး ေရာ္နယ္ဒိုကို ေဘာလုံးေလာကရဲ႕ အထင္ကရပုဂၢိဳလ္ တစ္ဦးပါပဲလို႔ ဂုဏ္ျပဳခ်ီးက်ဴးစကားေျပာဆိုခဲ့ပါတယ္။ ေဘာလုံးေလာကမွာ အၿမဲတမ္းယွဥ္ခံရတဲ့ ထိပ္တန္းကစားသမား ႏွစ္ေယာက္ဟာ တကယ့္ကို အားကစားစိတ္ဓါတ္အျပည့္ရွိတဲ့ ၿပိဳင္ဘက္ေကာင္းေတြျဖစ္ပါတယ္။ ကြင္းအတြင္း တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕ဆုံတဲ့ အခါမွာလည္း အခုေခတ္စကားအရ PR ေကာင္းတယ္လို႔ဆိုရမွာပါ။ ၿပိဳင္ဆိုင္ဖို႔အတြက္ကိုေရာ၊ ခ်ီးက်ဴးစကားေျပာဆိုဖို႔အတြက္ပါ ဝန္မေလးၾကသူေတြပါ။

ေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး မက္ဆီက “ကမာၻေပၚမွာ ေလးစားဖြယ္ေကာင္းတဲ့ အားကစားနယ္ပယ္အသီးသီးက ကစားသမားေကာင္းေတြ ရွိၾကပါတယ္။ ရာေဖးလ္နာဒယ္တို႔ ဖက္ဒါရာတို႔ လီဘ႐ႊန္တို႔လိုေပါ့။ အားကစားက႑ာတိုင္းလိုလိုမွာ အလုပ္ႀကိဳးစားမႈေတြ နဲ႔အတူရယူႏိုင္တဲ့ ေအာင္ျမင္မႈေတြေၾကာင့္ ထင္ရွားေက်ာ္ၾကားၿပီး ေလးစားအတုယူဖို႔ေကာင္းတဲ့ အားကစားသမားေတြ ေပၚထြက္ေလ့ရွိပါတယ္။ အဲဒီ အထဲမွာမွ ေရာ္နယ္ဒိုဟာလည္း ေလးစားဖြယ္ေကာင္းၿပီး ေဘာလုံးေလာကရဲ႕ အထင္ကရ ပုဂၢိဳလ္ တစ္ဦးျဖစ္ပါ တယ္။”လို႔ ေျပာဆိုပါတယ္။ ေရာ္နယ္ဒိုဟာ လက္ရွိမွာ Globe soccer ကေပးအပ္တဲ့ ရာစုႏွစ္အေကာင္းဆုံး ကစားသမားဆုကို ဆြတ္ခူးရရွိခဲ့သူ လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ႏွစ္တာအေကာင္းဆုံးဆုကိုလည္းေ႐ြးခ်ယ္ခံခဲ့ရတယ္ဆိုၿပီး သတင္းေတြထြက္ေပၚလာခဲ့ေပမယ့္ ဆုေပးအပ္ခဲ့ခ်ိန္မွာ လီဝန္ေဒါစကီးကရရွိသြားခဲ့တာေၾကာင့္ ေရာ္နယ္ဒိုကို မဲေပးခဲ့ၾကသူေတြ မ်က္စိလည္ကုန္ခဲ့ၾကပါတယ္။

ဒါေပမယ့္ ဆုေ႐ြးခ်ယ္ေပးတဲ့အဖြဲ႕ ရဲ႕ အတြင္းသတင္းမွာေတာ့ ေရာ္နယ္ဒိုက ဒီဆုဟာ လီဝန္ေဒါစကီးသာ ရသင့္ေၾကာင္းေျပာၿပီး လႊဲေျပာင္းေပးအပ္ခဲ့တာဆိုတဲ့ သတင္းေတြထြက္ေပၚလာခဲ့တာေၾကာင့္ ေရာ္နယ္ဒိုရဲ႕ပရိသတ္ေတြက သူ႔ရဲ႕ နိမ့္ခ်တတ္မႈကို သိရွိသြားခဲ့ၿပီး ခ်ီးက်ဴးထိုက္တဲ့အျပဳအမူလို႔ သုံးသပ္ေနၾကပါတယ္။ မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ႏွစ္ေယာက္ဟာ ဒီႏွစ္ေဘာလုံးရာသီအတြင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မွာ ၿပိဳင္ဘက္ေတြအျဖစ္ တစ္ႀကိမ္ျပန္လည္ဆုံေတြ႕ခဲ့ၾကၿပီး အခုထိလည္း သူတို႔ႏွစ္ေယာက္လုံးဟာ သက္ဆိုင္ရာအသင္းေတြအတြက္ အဓိကအေရးပါတဲ့ ကစားသမားေတြအ ျဖစ္ရွိေနၾကဆဲပါပဲ။ အသက္အ႐ြယ္ေတြ ႀကီးရင့္ေနေပမယ့္ မပ်က္စီးၾကေသးတဲ့ သူေတြပါ။ အခုႏွစ္မွာ အသင္းနဲ႔ အက္ေၾကာင္းေတြျဖစ္ေပၚခဲ့တဲ့ မက္ဆီတစ္ေယာက္ကေတာ့ လက္ရွိ မွာ သူ႔ရဲ႕ ေျခက်င္းဝတ္ ဒဏ္ရာကိုခြဲစိတ္ ကုသခဲ့ရာမွာလည္း ေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီခြဲစိတ္ ကုသခဲ့မႈ အရွိန္ ေၾကာင့္ မနက္ျဖန္ မွာ ကစားမယ့္ လာလီဂါ ပြဲစဥ္ကို ပါဝင္ ကစား ႏိုင္မွာ မဟုတ္ဘူး လို႔လည္း သိရွိရပါတယ္။