
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ
သွင်းဂိုးရယူနိုင်ခဲ့ခြင်း မရှိပေမယ့် မန်ချက်စတာ ယူနိုက်တက် ဖန်တီးခဲ့တဲ့
အခွင့်အရေးတွေရဲ့ အဓိကနေရာမှာ ပါဝင်ခဲ့ပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးဟာ ပွဲစဉ်တစ်လျှောက် ပဲလေ့စ်နောက်တန်းကို
ဒုက္ခပေးခဲ့ပြီး ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့
ဖရက်က လှလှပပ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါ ပွဲစဉ်ကို ကြည့်ရှုခဲ့သူတွေ အားလုံးဟာ ရန်းညစ်ခ်အနေနဲ့
ဘာကြောင့် ယခုပွဲစဉ်မှ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်
သဘောကျနေတယ်ဆိုတာ နားလည်ပါလိမ့်မယ်။
ကစားသမားတွေက နည်းပြသစ်နဲ့ ( ၂ ) ရက်သာ လေ့ကျင့်ခဲ့ရသေးပေမယ့်
ဂျာမာန်ဘောလုံးဂုရုက အသင်းကို ဘယ်လိုပုံဖော်လိုတယ်ဆိုတာ
ထင်ထင်ရှားရှား မြင်တွေ့လာနေရပါတယ်။
ရန်းညစ်ခ်က BBC Sport နဲ့ တွေ့ဆုံရာမှာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်နဲ့
ပတ်သက်လို့ ပြောဆိုခဲ့ပြီး ပွဲစဉ်တစ်လျှောက် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့
ကြိုးစားအားထုတ်မှုတွေကိုလည်း ချီးကျူးသွားခဲ့ပါတယ်။
“ ကျွန်တော့်အနေနဲ့ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် အရမ်းပဲ
ပျော်ရွှင်မိပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ pressing
အရမ်းကောင်းခဲ့ပါတယ်။” “ ကျွန်တော်တို့ လိုအပ်နေခဲ့တဲ့ အရာတစ်ခုက
( ၁-ဝ) ( ၂-၀ ) ဖြစ်စေမယ့် သွင်းဂိုးတွေပါ ။”
“ ကျွန်တော်တို့ ခံစစ်ကစားပုံ ၊ ကျွန်တော်တို့က ပွဲကို ထိန်းချုပ်ကစားခဲ့
ပါတယ် ၊ အရေးအကြီးဆုံးကတော့ clean sheet ရယူနိုင်ခဲ့တာဖြစ်ပါတယ်။”
“ ဒါတွေက ကျွန်တော်တို့ တိုးတက်ဖို့လိုအပ်တဲ့အရာတွေပါ။
ကျွန်တော်တို့ clean sheet တွေ ဆက်ထိန်းထားဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ရေးအစီအစဉ်တစ်ခုတည်းနဲ့ ယခုလိုစွမ်းဆောင်နိုင်တာ
အရမ်းပဲကျေနပ်မိပါတယ်။ မျှော်လင့်ထားတာထက် ပိုကောင်းအောင်
စွမ်းဆောင်နိုင်ခဲ့ပါတယ်။” “ ကျွန်တော်တို့က အထူးသဖြင့် အလယ်မှာ
တိုက်စစ်မှူး ( ၂ ) ဦးနဲ့ ကစားဖို့ ဆန္ဒရှိခဲ့ပါတယ်။ စကားမစပ် ခရစ္စတီယာနို
ရော်နယ်ဒိုရဲ့ off the ball လှုပ်အားနှုန်းက လေးစားဖို့ ကောင်းပါတယ်။”
အစောပိုင်းမှာ ရော်နယ်ဒို အနေနဲ့ ရန်းညစ်ခ်ရဲ့ ကစားဟန်မှာ အံဝင်နိုင်ဖို့
မရှိကြောင်း သုံးသပ်ချက်တွေ များစွာ ထွက်ပေါ်ခဲ့တာတွေ့ရပါတယ်။
ဒါပေမယ့် ဒီသုံးသပ်ချက်တွေဟာ အခြေအမြစ်မရှိတဲ့ ထင်မြင်ယူဆချက်
တွေသာဖြစ်ပြီး ရော်နယ်ဒိုက အသက် ( ၃၆ ) နှစ်အရွယ် ရှိသည့်တိုင်
နည်းပြသစ်ရဲ့ ယုံကြည်မှု ရရှိစေဖို့ ကြိုးစားနေတယ်ဆိုတာ
ယခုပွဲစဉ်မှာ မြင်တွေ့လာရပါတယ်။
zawgyi
ေရာ္နယ္ဒို အံမ၀င္တဲ့ ကစားကြက္မရွိ
ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ခရစၥတယ္ ပဲေလ့စ္အသင္းနဲ႔ ပြဲစဥ္မွာ
သြင္းဂိုးရယူႏိုင္ခဲ့ျခင္း မရွိေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ ဖန္တီးခဲ့တဲ့
အခြင့္အေရးေတြရဲ႕ အဓိကေနရာမွာ ပါဝင္ခဲ့ပါတယ္။
ေပၚတူဂီတိုက္စစ္မႉးဟာ ပြဲစဥ္တစ္ေလွ်ာက္ ပဲေလ့စ္ေနာက္တန္းကို
ဒုကၡေပးခဲ့ၿပီး ယူႏိုက္တက္အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကိုေတာ့
ဖရက္က လွလွပပ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
အဆိုပါ ပြဲစဥ္ကို ၾကည့္ရႈခဲ့သူေတြ အားလုံးဟာ ရန္းညစ္ခ္အေနနဲ႔
ဘာေၾကာင့္ ယခုပြဲစဥ္မွ အသင္းရဲ႕ စြမ္းေဆာင္ရည္အေပၚ
သေဘာက်ေနတယ္ဆိုတာ နားလည္ပါလိမ့္မယ္။
ကစားသမားေတြက နည္းျပသစ္နဲ႔ ( ၂ ) ရက္သာ ေလ့က်င့္ခဲ့ရေသးေပမယ့္
ဂ်ာမာန္ေဘာလုံးဂု႐ုက အသင္းကို ဘယ္လိုပုံေဖာ္လိုတယ္ဆိုတာ
ထင္ထင္ရွားရွား ျမင္ေတြ႕လာေနရပါတယ္။
ရန္းညစ္ခ္က BBC Sport နဲ႔ ေတြ႕ဆုံရာမွာ ယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္နဲ႔
ပတ္သက္လို႔ ေျပာဆိုခဲ့ၿပီး ပြဲစဥ္တစ္ေလွ်ာက္ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕
ႀကိဳးစားအားထုတ္မႈေတြကိုလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။
“ ကြၽန္ေတာ့္အေနနဲ႔ အသင္းရဲ႕ စြမ္းေဆာင္ရည္အေပၚ အရမ္းပဲ
ေပ်ာ္႐ႊင္မိပါတယ္။ အထူးသျဖင့္ ပထမပိုင္းမွာ pressing
အရမ္းေကာင္းခဲ့ပါတယ္။” “ ကြၽန္ေတာ္တို႔ လိုအပ္ေနခဲ့တဲ့ အရာတစ္ခုက
( ၁-ဝ) ( ၂-၀ ) ျဖစ္ေစမယ့္ သြင္းဂိုးေတြပါ ။”
“ ကြၽန္ေတာ္တို႔ ခံစစ္ကစားပုံ ၊ ကြၽန္ေတာ္တို႔က ပြဲကို ထိန္းခ်ဳပ္ကစားခဲ့
ပါတယ္ ၊ အေရးအႀကီးဆုံးကေတာ့ clean sheet ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။”
“ ဒါေတြက ကြၽန္ေတာ္တို႔ တိုးတက္ဖို႔လိုအပ္တဲ့အရာေတြပါ။
ကြၽန္ေတာ္တို႔ clean sheet ေတြ ဆက္ထိန္းထားဖို႔ လိုအပ္ပါတယ္။
ေလ့က်င့္ေရးအစီအစဥ္တစ္ခုတည္းနဲ႔ ယခုလိုစြမ္းေဆာင္ႏိုင္တာ
အရမ္းပဲေက်နပ္မိပါတယ္။ ေမွ်ာ္လင့္ထားတာထက္ ပိုေကာင္းေအာင္
စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။” “ ကြၽန္ေတာ္တို႔က အထူးသျဖင့္ အလယ္မွာ
တိုက္စစ္မႉး ( ၂ ) ဦးနဲ႔ ကစားဖို႔ ဆႏၵရွိခဲ့ပါတယ္။ စကားမစပ္ ခရစၥတီယာႏို
ေရာ္နယ္ဒိုရဲ႕ off the ball လႈပ္အားႏႈန္းက ေလးစားဖို႔ ေကာင္းပါတယ္။”
အေစာပိုင္းမွာ ေရာ္နယ္ဒို အေနနဲ႔ ရန္းညစ္ခ္ရဲ႕ ကစားဟန္မွာ အံဝင္ႏိုင္ဖို႔
မရွိေၾကာင္း သုံးသပ္ခ်က္ေတြ မ်ားစြာ ထြက္ေပၚခဲ့တာေတြ႕ရပါတယ္။
ဒါေပမယ့္ ဒီသုံးသပ္ခ်က္ေတြဟာ အေျခအျမစ္မရွိတဲ့ ထင္ျမင္ယူဆခ်က္
ေတြသာျဖစ္ၿပီး ေရာ္နယ္ဒိုက အသက္ ( ၃၆ ) ႏွစ္အ႐ြယ္ ရွိသည့္တိုင္
နည္းျပသစ္ရဲ႕ ယုံၾကည္မႈ ရရွိေစဖို႔ ႀကိဳးစားေနတယ္ဆိုတာ
ယခုပြဲစဥ္မွာ ျမင္ေတြ႕လာရပါတယ္။