ရော်နာလ်ဒိုလ်ကို တားဆီးမယ့် ဘာနာဒို ဆေးလ်ဗား

မန်ယူအသင်းဟာ မနက်ဖြန်ညမှာတော့ မန်စီးတီးအသင်း နဲ့ မန်ချက်စတာ

ဒါဘီပွဲ ယှဥ်ပြိုင်ကစားဖို့ရှိနေပါတယ်။

မန်စီးတီးအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်ပြီး

မန်ယူ တိုက်စစ်မှုး ရော်နာလ်ဒို နဲ့ နိုင်ငံအသင်းဖော်လည်း ဖြစ်တဲ့ ဘာနာဒို
ဆေးလ်ဗားကို မိမိတို့နဲ့ မနက်ဖြန်ပွဲမှာ ရော်နာလ်ဒိုကို ဂိုးသွင်းခွင့်မရအောင်
တားဆီး ပိတ်ဆို့သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
” ရော်နာလ်ဒိုကို စနေနေ့ ပွဲမှာ ဂိုးသွင်းခွင့်မရအောင် ကျွန်တော်တို့ဘက်က

အကောင်းဆုံး ပိတ်ဆို့ပြီး တားဆီးသွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက
ရော်နာလ်ဒို တစ်ယောက်တည်းကို ရင်ဆိုင် ကစားရမှာတော့ မဟုတ်ပါဘူး။
မန်ချက်စတာ ယူနိုက်တက်တစ်သင်းလုံးကို ရင်ဆိုင်ရမှာပါ။
ဒီပွဲအတွက် အပြည့်အဝ အာရုံစိုက်ထားဖို့ လိုပါတယ်” လို့ ဆေးလ်ဗားက
ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဥ် (၁၀) အပြီးမှာ
ရမှတ် (၂၀) နဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး မန်ယူအသင်းကတော့

ရမှတ် (၁၇) မှတ်နဲ့ အဆင့် (၅) နေရာမှာရပ်နေပါတယ်။
မန်စီးတီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ
ခရစ္စတယ်ပဲလေ့စ်အသင်းကို (၀−၂) ဂိုး နဲ့ အရေးနိမ့်ထားပြီး မန်ယူအသင်းကတော့
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာစပါးအသင်းကို (၀−၃) ဂိုး နဲ့

အနိုင်ရထားပါတယ်။

Zawgyi

ေရာ္နာလ္ဒိုလ္ကို တားဆီးမယ့္ ဘာနာဒို ေဆးလ္ဗား
မန္ယူအသင္းဟာ မနက္ျဖန္ညမွာေတာ့ မန္စီးတီးအသင္း နဲ႔ မန္ခ်က္စတာ
ဒါဘီပြဲ ယွဥ္ၿပိဳင္ကစားဖို႔ရွိေနပါတယ္။ မန္စီးတီးအသင္းရဲ႕ ကစားသမားတစ္ဦးျဖစ္ၿပီး
မန္ယူ တိုက္စစ္မႈး ေရာ္နာလ္ဒို နဲ႔ ႏိုင္ငံအသင္းေဖာ္လည္း ျဖစ္တဲ့ ဘာနာဒို
ေဆးလ္ဗားကို မိမိတို႔နဲ႔ မနက္ျဖန္ပြဲမွာ ေရာ္နာလ္ဒိုကို ဂိုးသြင္းခြင့္မရေအာင္

တားဆီး ပိတ္ဆို႔သြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။
” ေရာ္နာလ္ဒိုကို စေနေန႔ ပြဲမွာ ဂိုးသြင္းခြင့္မရေအာင္ ကြၽန္ေတာ္တို႔ဘက္က
အေကာင္းဆုံး ပိတ္ဆို႔ၿပီး တားဆီးသြားမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အသင္းက
ေရာ္နာလ္ဒို တစ္ေယာက္တည္းကို ရင္ဆိုင္ ကစားရမွာေတာ့ မဟုတ္ပါဘူး။
မန္ခ်က္စတာ ယူႏိုက္တက္တစ္သင္းလုံးကို ရင္ဆိုင္ရမွာပါ။

ဒီပြဲအတြက္ အျပည့္အဝ အာ႐ုံစိုက္ထားဖို႔ လိုပါတယ္” လို႔ ေဆးလ္ဗားက
ေျပာဆိုလိုက္ပါတယ္။ မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၀) အၿပီးမွာ
ရမွတ္ (၂၀) နဲ႔ အဆင့္ (၃) ေနရာမွာ ရပ္တည္ေနၿပီး မန္ယူအသင္းကေတာ့
ရမွတ္ (၁၇) မွတ္နဲ႔ အဆင့္ (၅) ေနရာမွာရပ္ေနပါတယ္။
မန္စီးတီးအသင္းက ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ

ခရစၥတယ္ပဲေလ့စ္အသင္းကို (၀−၂) ဂိုး နဲ႔ အေရးနိမ့္ထားၿပီး မန္ယူအသင္းကေတာ့
ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာစပါးအသင္းကို (၀−၃) ဂိုး နဲ႔ အႏိုင္ရထားပါတယ္။