ရွန်နီရဲ့စံချိန်ကို ချိုးဖျက်ဖို့ထက် ဆုဖလားရရှိရေးသာ ရပ်ရှ်ဖို့ဒ် ပိုအာရုံစိုက်

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ အသင်းဂန္ထဝင်တိုက်စစ်မှူးရွန်နီရဲ့ သွင်းဂိုးစံချိန်ကို ချိုးဖျက်ဖို့ထက် အသင်းနဲ့အတူ ဆုဖလားရရှိရေးကိုသာ ပိုပြီးအာရုံစိုက်သွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၈ FA ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲတဲ့အပြင် ပြီးခဲ့တဲ့ရာသီက ဖလားပြိုင်ပွဲ(၃)ခုမှာ ဆီမီးဖိုင်နယ်အဆင့်ကထွက်ခဲ့ရပြီး

ဒီရာသီမှာလည်း FA ဖလားကွာတားဖိုင်နယ်၊ လိဂ်ဖလားဆီမီးဖိုင်နယ်တွေကနေထွက်ခဲ့ရသလို ဖလားလက်မဲ့ဖြစ်နေတာ (၄)နှစ်အထိကြာမြင့်နေပြီဖြစ်တဲ့အတွက် စိတ်ပျက်မိတယ်လို့ ရပ်ရှ်ဖို့ဒ်က ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။

ယူနိုက်တက်အသင်းနဲ့အောင်မြင်မှုတွေ အများကြီးရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်းရွန်နီဟာ ပရီးမီးယားလိဂ်(၅)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်အပါအဝင် အဓိကဆုဖလား(၁၁)ခုအထိဆွတ်ခူးခဲ့ပြီး

ယူနိုက်တက်ကစားသမားဘ၀ (၁၃)နှစ်တာကာလအတွင်း အသင်းအတွက် (၂၅၃)ဂိုးသွင်းယူခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။

ရွန်နီကတော့ ရပ်ရှ်ဖို့ဒ်ဟာ သူတင်ရှိထားတဲ့ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်နိုင်မယ်လို့ မှတ်ချက်ပေးခဲ့ပေမယ့် ရပ်ရှ်ဖို့ဒ်က အဲဒီစံချိန်ထက် အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုရဖို့သာ ပိုပြီးအာရုံစိုက်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်မေလ(၂၆)ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဗီလာရီးယဲလ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း ဆုဖလားတွေနဲ့ဝေးကွာနေမှုကို အဆုံးသတ်ဖို့အခွင့်အရေးရှိနေပါပြီ။

လက်စတာနဲ့ပွဲမတိုင်ခင် ရပ်ရှ်ဖို့ဒ်က “အသင်းနဲ့အတူ ဆုဖလားတွေရယူနိုင်မှ အောင်မြင်တယ်လို့ သတ်မှတ်ရမှာပါ။

၂၀၁၇ ခုနှစ်တုန်းက ယူရိုပါလိဂ်ဖလားဆွတ်ခူးခဲ့ပြီးနောက်ပိုင်း ဘာဖလားမှမရတော့တဲ့အတွက် ကျွန်တော်တို့ရော၊ ပရိသတ်တွေပါ စိတ်ပျက်နေကြတာဖြစ်ပါတယ်။

ကျွန်တော်တို့အသင်း ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို တက်ရောက်ခဲ့ပေမယ့် အဲဒီပွဲတိုင်းရှုံးနိမ့်ခဲ့ပါတယ်။ အဲဒါဟာ တကယ့်ကို စိတ်ပျက်စရာပါပဲ။

အသင်းအတွက် အောင်မြင်မှုရယူပေးဖို့ စိတ်အားထက်သန်နေတဲ့သူတစ်ယောက်အတွက် ကိုယ့်တစ်ဦးချင်းအောင်မြင်မှုတွေက သိပ်အရေးမကြီးပါဘူး။

အဲဒါကြောင့် ဆုဖလားတွေရယူနိုင်ဖို့ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ဆက်လက်ပြုလုပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်သာရှိသေးတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခုလောလောဆယ်အချိန်အထိ ယူနိုက်တက်အသင်းအတွက် (၈၇)ဂိုးအထိသွင်းယူထားပြီးဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက်ပြိုင်ပွဲစုံ (၂၂)ဂိုးသွင်းယူခဲ့ပြီး ဒါက သူ့ကစားသမားဘ၀ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဒီရာသီမှာတော့ ဂိုး(၂၀)အထိသွင်းယူထားတာကြောင့် မနှစ်ကစံချိန်ကို ချိုးဖျက်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။

Zawgyi

႐ြန္နီရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ထက္ ဆုဖလားရရွိေရးသာ ရပ္ရွ္ဖို႔ဒ္ ပိုအာ႐ုံစိုက္

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ အသင္းဂႏၴဝင္တိုက္စစ္မႉး႐ြန္နီရဲ႕ သြင္းဂိုးစံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ထက္ အသင္းနဲ႔အတူ ဆုဖလားရရွိေရးကိုသာ ပိုၿပီးအာ႐ုံစိုက္သြားမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၂၀၁၈ FA ဖလားဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးကို ရႈံးနိမ့္ခဲတဲ့အျပင္ ၿပီးခဲ့တဲ့ရာသီက ဖလားၿပိဳင္ပြဲ(၃)ခုမွာ ဆီမီးဖိုင္နယ္အဆင့္ကထြက္ခဲ့ရၿပီး ဒီရာသီမွာလည္း FA ဖလားကြာတားဖိုင္နယ္၊ လိဂ္ဖလားဆီမီးဖိုင္နယ္ေတြကေနထြက္ခဲ့ရသလို ဖလားလက္မဲ့ျဖစ္ေနတာ (၄)ႏွစ္အထိၾကာျမင့္ေနၿပီျဖစ္တဲ့အတြက္ စိတ္ပ်က္မိတယ္လို႔ ရပ္ရွ္ဖို႔ဒ္က ဖြင့္ဟေျပာဆိုခဲ့ဖူးပါတယ္။

ယူႏိုက္တက္အသင္းနဲ႔ေအာင္ျမင္မႈေတြ အမ်ားႀကီးရယူႏိုင္ခဲ့တဲ့ တိုက္စစ္မႉးေဟာင္း႐ြန္နီဟာ ပရီးမီးယားလိဂ္(၅)ႀကိမ္၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္အပါအဝင္ အဓိကဆုဖလား(၁၁)ခုအထိဆြတ္ခူးခဲ့ၿပီး ယူႏိုက္တက္ကစားသမားဘ၀ (၁၃)ႏွစ္တာကာလအတြင္း အသင္းအတြက္ (၂၅၃)ဂိုးသြင္းယူခဲ့တာေၾကာင့္ အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာပါ။

႐ြန္နီကေတာ့ ရပ္ရွ္ဖို႔ဒ္ဟာ သူတင္ရွိထားတဲ့ ယူႏိုက္တက္အသင္းအတြက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မယ္လို႔ မွတ္ခ်က္ေပးခဲ့ေပမယ့္ ရပ္ရွ္ဖို႔ဒ္က အဲဒီစံခ်ိန္ထက္ အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈရဖို႔သာ ပိုၿပီးအာ႐ုံစိုက္ထားတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ လာမယ့္ေမလ(၂၆)ရက္မွာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအျဖစ္ ဗီလာရီးယဲလ္အသင္းနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ဆုဖလားေတြနဲ႔ေဝးကြာေနမႈကို အဆုံးသတ္ဖို႔အခြင့္အေရးရွိေနပါၿပီ။ လက္စတာနဲ႔ပြဲမတိုင္ခင္ ရပ္ရွ္ဖို႔ဒ္က “အသင္းနဲ႔အတူ ဆုဖလားေတြရယူႏိုင္မွ ေအာင္ျမင္တယ္လို႔ သတ္မွတ္ရမွာပါ။

၂၀၁၇ ခုႏွစ္တုန္းက ယူ႐ိုပါလိဂ္ဖလားဆြတ္ခူးခဲ့ၿပီးေနာက္ပိုင္း ဘာဖလားမွမရေတာ့တဲ့အတြက္ ကြၽန္ေတာ္တို႔ေရာ၊ ပရိသတ္ေတြပါ စိတ္ပ်က္ေနၾကတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အသင္း ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲေတြကို တက္ေရာက္ခဲ့ေပမယ့္ အဲဒီပြဲတိုင္းရႈံးနိမ့္ခဲ့ပါတယ္။ အဲဒါဟာ တကယ့္ကို စိတ္ပ်က္စရာပါပဲ။ အသင္းအတြက္ ေအာင္ျမင္မႈရယူေပးဖို႔ စိတ္အားထက္သန္ေနတဲ့သူတစ္ေယာက္အတြက္ ကိုယ့္တစ္ဦးခ်င္းေအာင္ျမင္မႈေတြက သိပ္အေရးမႀကီးပါဘူး။ အဲဒါေၾကာင့္ ဆုဖလားေတြရယူႏိုင္ဖို႔ ယူႏိုက္တက္အသင္းအတြက္ သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြ ဆက္လက္ျပဳလုပ္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္(၂၃)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ရပ္ရွ္ဖို႔ဒ္ဟာ အခုေလာေလာဆယ္အခ်ိန္အထိ ယူႏိုက္တက္အသင္းအတြက္ (၈၇)ဂိုးအထိသြင္းယူထားၿပီးျဖစ္ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္ၿပိဳင္ပြဲစုံ (၂၂)ဂိုးသြင္းယူခဲ့ၿပီး ဒါက သူ႔ကစားသမားဘ၀ တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့သလို ဒီရာသီမွာေတာ့ ဂိုး(၂၀)အထိသြင္းယူထားတာေၾကာင့္ မႏွစ္ကစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မလားဆိုတာေစာင့္ၾကည့္ရမွာပါ။